နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 31, 2008

မုသားမပြောလေနှင့် ဟု-

ချစ်သား ရာဟုလာ -

မုသာဝါဒ ပြောကြားလေ့ရှိသော
လူ့အပါယ်စာ သတ္တ၀ါ၏အဖို့မှာ
သင်းမပြုဝံ့သော ဒုစရိုက်အမှုသည်
တစိုးတစိမျှ မရှိတော့ချေ၊

ထို့ကြောင့်
ရယ်ရွင်မြူးတူးရုံမျှ- ပြောင်လှောင်ရုံမျှ-
မုသားမပြောလေနှင့် ဟု မြတ်စွာဘုရားသည်
ဆုံးမစကား မိန့်ကြားတော်မူလေသည်။

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ် မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။

No comments: