နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, July 9, 2008

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုနှင့်၊
အဆိုခံရသူတို့သည် သင့်ကိုပြန်လည် ပြောဆိုလိမ့်မည်။
ခြုတ်ခြယ်သောစကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒုက္ခပေးက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်လိမ့်မည်။

အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့
မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်-

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။

အနတ္တလက္ခဏသုတ် ပါဠိတော်
( အနတ္တလက္ခဏသုတ် အမွှန်း )

(က) ဓမ္မစက္ကံ ပ၀တ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။
နဂရေ ဗာရာဏသိယံ၊ ဣသိပတန၀ှယေ ၀နေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။
ယံ တံ ပက္ခဿ ပဉ္စမျံ၊ ၀ိမုတ္တတ္ထံ ဘဏာမ ဟေ။

( အနတ္တလက္ခဏသုတ် နိဒါန်း )

ဧ၀ံ မေ သုတံ-
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ-

-အနတ္တလက္ခဏသုတ် နိဒါန်း မြန်မာပြန်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်း သုံး နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။
အသျှင်ဘုရားဟု .....
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။


( ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ )

ရူပံ ဘိက္ခဝေ အနတ္တာ။
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ ရူပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ ရူုပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။

-မြန်မာပြန်-

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ် သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

( ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ )

ဝေဒနာ အနတ္တာ။
ေ၀ဒနာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧ၀ံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧ၀ံ မေ ဝေဒနာ မာ အဟောသီ တိ။

-မြန်မာပြန်-

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

( သညာက္ခန္ဓာ အနတ္တဖြစ်ပုံ )

သညာ အနတ္တာ။
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်။
လဗ္ဘေထ စ သညာယ ဧ၀ံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ သညာယ ဧ၀ံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။

-မြန်မာပြန်-

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေ လင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တ မဟုတ် သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

( သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ )

သင်္ခါရာ အနတ္တာ။
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧ၀ံ မေ သင်္ခါရာ ဟောန္တု၊ ဧ၀ံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧ၀ံ မေ သင်္ခါရာ ဟောန္တု၊ ဧ၀ံ မေ သင်္ခါရာ မာ အဟေသုန္တိ။

-မြန်မာပြန်-

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့ သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရ တို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

( ၀ိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ )

ဝိညာဏံ အနတ္တာ။
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်။ လဗ္ဘေထ စ ၀ိညာဏေ ဧ၀ံ မေ ၀ိညာဏံ ဟောတု၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ၊ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ၀ိညာဏေ ဧ၀ံ မေ ၀ိညာဏံ ဟောတု၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ တိ။

-မြန်မာပြန်-

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ၀ိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ် သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ၀ိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ၀ိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ၀ိညာဏ် သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏၀ိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏၀ိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ၀ိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

( ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး )

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ၀ါ အနိစ္စံ ၀ါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

( နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး )

ဝေဒနာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သညာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာ သည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သင်္ခါရာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ဝိညာဏံ နိစ္စံ ၀ါ အနိစ္စံ ၀ါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်းသဘောရှိသော ၀ိညာဏ်ကို ဤ၀ိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤ၀ိညာဏ်သည် ငါဖြစ်၏၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

( ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ )

တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ် သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယာ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသော-ဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယာ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာ သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယေ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့ သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(၀ိညာဏ်တရားကို တဏှာçမာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယံကိဉ္စိ ၀ိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗံ ၀ိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ၀ိညာဏ်ကို ဤ၀ိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ၀ိညာဏ်သည် ငါမ ဟုတ်၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန် သော ပညာဖြင့် ရှုရမည်။

( နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ )

ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ။ ၀ိရာဂါ ၀ိမုစ္စတိ။ ၀ိမုတ္တသ္မိံ ၀ိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

-မြန်မာပြန်-

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့ ၏၊ ၀ိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိ ဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

( ပဉ္စ၀ဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ )

ဣဒမဝေါစ ဘဂ၀ါ၊ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စ၀ဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ၀ိမုစ္စိံသူတိ။

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။

-မြန်မာပြန်-

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။



၇ - အနတ္တလက္ခဏသုတ်၊ ဥပယ၀ဂ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

အနတ္တ လက္ခဏာ

အနတ္တ လက္ခဏာသုတ်၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်၊ ဝိနည်းပိဋကတ်။

Monday, July 7, 2008

၃၈-ဖြာ မင်္ဂလာ လင်္ကာ-

ကြီးပွားချမ်းသာကြောင်း

မင်္ဂလာတရား ၃၈-ပါး

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃-ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း။
၂။ ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း။
၃။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်း။

နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
၎။ သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ ရှေး၌ပြုဖူးသော ကုသိုလ်အထူးရှိခြင်း။
၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းရခြင်း။

သင်ကြားရေးမင်္ဂလာ ၄-ပါး
၇။ လောကီလောကုတ် အကြားအမြင်များခြင်း။
၈။ စက်မှုလက်မှုအတတ်တို့ကိုတတ်ခြင်း။
၉။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို နားလည်ခြင်း
၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။

ပြုစုရေးမင်္ဂလာ ၃-ပါး
၁၁။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။
၁၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ အနှောက်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။

လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
၁၄။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း။
၁၇။ အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း။

ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
၁၈။ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း။
၁၉။ မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း။
၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း။

စိတ်ထားရေးမင်္ဂလာ ၅-ပါး
၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း။
၂၃။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ ရောင့်ရဲလွယ်ခြင်း။
၂၅။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ သင့်လျော်သောအခါ၌ တရားနာခြင်း။

သည်းခံရေးမင်္ဂလာ ၄-ပါး
၂၇။ သည်းခံရခြင်း။
၂၈။ ဆုံးမလွယ်ခြင်း။
၂၉။ ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း။
၃၀။ သင့်လျော်သောအခါ၌ တရားဆွေးနွေးရခြင်း။

ခြိုးခြံရေးမင်္ဂလာ ၄-ပါး
၃၁။ ခြိုးခြံချွေတာခြင်း။
၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း။
၃၃။ သစ္စာလေးပါးကို သိခြင်း။
၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။

စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါး
၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း။
၃၆။ မစိုးရိမ်ခြင်း။
၃၇။ ကိလေသာမြူကင်းခြင်း။
၃၈။ ဘေးကင်းခြင်း။

အကုသိုလ်ဖြတ် ကုသိုလ်မြတ် ခေါ်အပ်မင်္ဂလာ။
တိုးတက်ကြီးပွား ဤတရား မှတ်သားမင်္ဂလာ။

မေတ္တာထားရ ကျိုးဖလ-

မေတ္တာထားရ ကျိုးဖလ-

ချမ်းသာအိပ်,နိုး၊ ကောင်းကျိုးမက်မြင်၊
နတ်,လူစောင့်ရှောက်၊ မျက်မှောက်ချစ်ခင်၊
အဆိပ်လက်နက်၊ နှိပ်စက်မထင်၊
စိတ်ကြည်လှ ကြည်မြ မျက်နှာသွင်၊
တစ်ပါးဘဝ၊ သွားရခါဝယ်၊
တွေဝေလွတ်ကင်း၊ သန့်ရှင်းလို့ရယ်၊
ဗြဟ္မာနန်းသို့၊ လှမ်းလို့တကယ်၊
ဆယ့်တစ်မျိုး အကျိုးမှတ်လိုက်ကွယ်။

မူရင်းသုတ်တော်-

၅- မေတ္တာသုတ်
၁၅။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှု တည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အကျိုးအာနိ သင် တစ်ဆယ့်တစ်မျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု)မျှော်လင့်နိုင်ကုန်၏။

အဘယ် ၁၁-မျိုးတို့နည်းဟူမူ-

ချမ်းသာစွာ အိပ်ရ၏။
ချမ်းသာစွာ နိုးရ၏။
အိပ်မက်ဆိုးကို မမြင်မက်။
လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
နတ်, သားရဲ, ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
နတ်တို့စောင့်ရှောက်ကုန်၏။
မီး အဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။
လျင်မြန်စွာ စိတ်တည်ကြည်၏။
မျက်နှာအဆင်း အထူးကြည်လင်၏။
မတွေမဝေ သေရ၏။
မဂ်ဖိုလ်ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာပြည်သို့ လားရ၏။

ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများ အပ် ကြိမ်ဖန်များစွာပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည် စေအပ် လေ့လာအပ် ကောင်းစွာအားထုတ်အပ်သည်ရှိသော် ဤတစ်ဆယ့်တစ်ပါး သော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏ဟု (မိန့် တော်မူ၏)။

ပဉ္စမသုတ်။
မေတ္တာသုတ်၊ အနုဿတိဝဂ်၊ အင်္ဂုတ္ထိုရ်။

Sunday, July 6, 2008

ဘဝလက်ကျန် အချိန်ဇယားလေး-

ကံကောင်းထောက်မ၍ ၇၅-နှစ်ထိနေရမည့် သူများ၏ လက်ကျန်သက်တမ်းလေး ???

ရခဲလှသောလူ့ဘဝတွင် ကံကောင်း၍ ကျန်နေမည့် လက်ကျန်အချိန်ကို
မမေ့မလျော့သော သတိတရားနှင့် ထိရောက်အကျိုးရှိစွာ အသုံးပြုကြပါစို့။

မရဏံ မေ ဘဝိဿတိ။
မရဏမင်း သူလက်တွင်းသို့၊
သက်ဆင်းရမှာ မလွဲသာသည်၊
သူငါကြုံရ သဘာဝမို့၊
ဤငါ့တွက်တာ တစ်နေ့ခါ၊
သေမှာမလွဲပါတကား။

ဘဝလက်ကျန် အချိန်ဇယား
မိမိနေရမည့် လက်ကျန်ရက်ကို မှန်းကြည့်ကြရအောင်....



လက်ရှိအသက်၊ သုံးခဲ့ပြီး ရက်ပေါင်း၊ ၇၅-နှစ် မတိုင်မှီ လက်ကျန်ရက်ပေါင်း။
၂ဝ-နှစ်၇၃ဝဝ-ရက်၂ဝဝ၇၅-ရက်
၂၅-နှစ်၉၁၂၅-ရက်၁၈၂၅ဝ-ရက်
၃၀-နှစ်၁ဝ၉၅ဝ-ရက်၁၆၄၂၅-ရက်
၃၅-နှစ်၁၂၇၇၅-ရက်၁၄၆ဝဝ-ရက်
၄၀-နှစ်၁၄၆ဝဝ-ရက်၁၂၇၇၅-ရက်
၄၅-နှစ်၁၆၄၂၅-ရက်၁ဝ၉၅ဝ-ရက်
၅၀-နှစ်၁၈၂၅ဝ-ရက်၉၁၂၅-ရက်
၅၅-နှစ်၂ဝဝ၇၅-ရက်၇၃ဝဝ-ရက်
၆၀-နှစ်၂၁၉ဝဝ-ရက်၅၄၇၅-ရက်
၆၅-နှစ်၂၃၇၂၅-ရက်၃၆၅ဝ-ရက်
၇၀-နှစ်၂၅၅၅ဝ-ရက်၁၈၂၅-ရက်
၇၅-နှစ်၂၇၃၇၅-ရက်??????- ရက်


သင်၏လက်ကျန်အချိန်ကို ဘယ်လိုသုံးကြမည်နည်း ???....

ဗုဒ္ဓဝင်အကျဉ်း-

ဗုဒ္ဓဝင်အကျဉ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဂေါတမဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ် တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်သော်လည်း သံသရာ၌ နစ်မွန်း ပျော်ပါးနေကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားတော်မူလှသဖြင့် ရယူတော်မမူခဲ့ပေ။

၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေသန္တရာမင်းဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝတို့၌...
* ဒါနပါရမီ၊ ရွှေ ငွေ ဆင် မြင်းစသည် လှူဒါန်းခြင်း။
* ဒါနဥပပါရမီ၊ ခြေ လက် နား နှာခေါင်း စသည်လှူဒါန်းခြင်း။
* ဒါနပရမတ္ထပါရမီ၊ ကိုယ့်အသက်ကိုလှူဒါန်းခြင်းစသော
ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော-
* ဓနပရိစ္စာဂ၊ ပဒေသရာဇ် ဧကရာဇ် စကြာမင်းစည်းစိမ်ကို စွန့်ခြင်း။
* ပုတ္တပရိစ္စာဂ၊ သားသမီးကို စွန့်ခြင်း။
* ဘရိယပရိစ္စာဂ၊ မယားကို စွန့်ခြင်း။
* အင်္ဂပရိစ္စာဂ၊ ခြေ လက် နား နှာခေါင်း စသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
* ဇီဝိတပရိစ္စာဂ၊ ကိုယ်အသက်ကိုစွန့်ခြင်းဟု ဆိုအပ်သော
စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘဝများစွာ သံသရာ တစ်လျှောက်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတ ကေတု နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြာဝဠာတိုက်တစ် သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည်၊ ''ဘုရားဖြစ် ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရား ဖြစ်တော်မူပါ''ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်-
* ကာလ၊ ဘုရားဖြစ်ရာ အချိန်ကာလ။
* ဒီပ၊ ဘုရားဖြစ်ရာ ကျွန်းအရပ်။
* ဒေသ၊ ဘုရားဖြစ်ရာ အရပ်ဒေသ။
* ကုလ၊ ဘုရားဖြစ်ရာ အမျိုးအနွယ်။
* မာတုအာယုပရိစ္ဆေဒ၊ ဘုရားအလောင်း မယ်တော်၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းကြီး၏ တောင်ညာဒေဝီ မိဖုရားကြီး မယ်တော်မာယာ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေ သည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြားရှိ လုဗ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာမှ မီးရူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ၁၆-နှစ်အရွယ် ရောက်သော အခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ၁၃-နှစ် တိတိ ခံစားလေသည်။

၁ဝ။ ၂၉-နှစ်အရွယ်ရောက်သောအခါ သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော (မှားယွင်းသော) ဒုက္ခရ စရိယာ အကျင့်ကို ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွ သွားတော်မူလေသည်။

၁၃။ သောတ္ထိယငစင် မြက်ထမ်းသမား မြက်ရိတ်လုလင်သည် မဟာဗောဓိ ပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်မြတ်သည် လှူဒါန်းလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲ ဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပ ရာဇိတပလ္လင် ဖြစ်လာလေသည်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ နေတော်မူစဉ်-
* နေမဝင်မီ ဒေဝပုတ္တမာရ် မာရ်နတ်ရန်ကို အောင်မြင်တော်မူသည်။
* ညဥ့်ဦးယံတွင် ရှေးဘဝတို့၌ ဖြစ်ခဲ့ဘူးသော ဘဝအစဉ်အဆက်ကို အောက်မေ့ တတ်သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
* သန်းခေါင်ယံ၌ သတ္တဝါတို့၏ ဤဘဝမှ သေဆုံးခြင်း နောက်ဘဝ ပဋိသန္ဓေ နေခြင်း စသည်တို့ကို မြင်တတ်သော နတ်တို့၏မျက်စိထက် ထူးခြားသော ဒိဗ္ဗ စက္ခုဉာဏ်ကို ရတော်မူလေသည်။
* မိုးသောက်ယံ၌ အာသဝေါတရား ၄-ပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသ ဝက္ခယဉာဏ်ကို ရတော်မူလေသည်။
*သက်တော် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁ဝ၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သဗ္ဗညုတဘုရားရှင်သည် ဘုရားဖြစ်ပြီးသည်နောက် ၄၅-ဝါ (၄၅-နှစ်) ပတ် လုံး တရားဓမ္မတို့ကို ဟောပြတော်မူကာ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုး စီးပွားကို ဆောင်ရွက်တော်မူခဲ့ လေသည်။

၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက် တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော် ၈ဝ-အရွယ် ရောက်သော အခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။

၁၈။ ကြွင်းကျန်ခဲ့သောဓာတ်တော်များမှာ
* စွယ်တော် ၄-ဆူ၊
* ညှပ်ရိုးတော် ၂-ဆူ၊
* နဖူးသင်းကျစ်တော် ၁-ဆူ၊ (မပြိုမကွဲ သောဓာတ်တော် ၇-ဆူ) နှင့်၊
* အသားတော် အသွေးတော် အရိုးတော်တို့မှ ဓာတ်တော်များ
ကြွင်းကျန် ခဲ့လေသည်။

Saturday, July 5, 2008

ဝသလသုတ်မှ-သူယုတ်မာဖြစ်ကြောင်းတရားများ-

ဝသလသုတ်တော်မှ

''သူယုတ်မာဖြစ်ကြောင်းတရားများ''

၁။ အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတပါးဂုဏ်ကျေးဇူးကို ခြေဖျက်သူ၊ မိစ္ဆာဒိဋ္ဌိအယူ ရှိသူ၊ မိစ္ဆာဒိဋ္ဌိအယူသို့ ကူးပြောင်းသူနှင့် မိမိအပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့ သည် သူယုတ်မာ ဖြစ်၏။
၂။ သတ္တဝါတို့အား သနားကြင်နာ မှုမရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။
၃။ မြို့ရွာတို့ကို တိုက်ခိုက်ဖျက်စီးသူသည် သူယုတ်မာဖြစ်၏။
၎။ သူတပါးအကြွေးကို ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။
၅။ သူတပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။
၆။ လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။
၇။ မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။
၈။ သူတပါးသားမယားကို ပြစ်မှားကျူးလွန်သူသည် သူယုတ်မာဖြစ်၏။
၉။ အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။
၁ဝ။ မိဘ ညီအကိုမောင်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက် ညှဉ်းဆဲ နေသူသည် သူယုတ်မာဖြစ်၏။
၁၁။ သူတပါးက အကျိုးစီးပွား ရှိရာ ရှိကြောင်းကို မေးပါလျက် အကျိုး မဲ့ကိုပြော သူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကိုမေးပါသော်လည်း မေးသူမသိနိုင် အောင်ပြောသူသည် သူယုတ်မာဖြစ်၏။
၁၂။ မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တပါးသူမသိအောင် ဖုံး ကွယ်ထားသူသည် သူယုတ်မာဖြစ်၏။
၁၃။ သူတပါးအိမ်သို့ သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့် အခါမူ ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။
၁၄။ ဖိတ်ကြားဝန်ခံထားသူ အလှူ ခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းဘဲ လှည့်ပတ် နေသူသည် သူယုတ်မာ ဖြစ်၏။
၁၅။ ဆွမ်းခံလာသော ရဟန်းကို ဆွမ်းမလောင်းဘဲ ကြမ်းတမ်းစွာ ပြောဆို သူသည် သူယုတ်မာဖြစ်၏။
၁၆။ သူတပါး၏ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ် ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
၁၇။ မိမိကိုယ်ကို ဂုဏ်တင်မြှောက်စားပြီး သူတပါးကို နှိမ့်ချပြောဆိုသူသည် သူ ယုတ်မာဖြစ်၏။
၁၈။ သူတပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတပါး တို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာမရှိသော ဂုဏ်သိက္ခာ ဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာမရှိသောဂုဏ်ကို ရှိလေဟန် ဆောင်သူ နှင့် မကောင်းမှုကိုပြုရန် မရှက်မကြောက်သူသည် သူယုတ်မာဖြစ်၏။
၁၉။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်သူများကို ရှုတ်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။
၂ဝ။ ရဟန္တာ မဟုတ်ပါဘဲလျက် ရဟန္တာဟု ဝန်ခံသူသည် လောက၌ အယုတ်မာ ဆုံးဖြစ်၏။

ဝသလသုတ်။

Friday, July 4, 2008

သြ၀ါဒ ပါတိမောက်-

ဘုရားရှင်တိုင်း ဆုံးမတော်မူခဲ့သော တရားတော်
သြ၀ါဒ ပါတိမောက်

၁။ လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊ သည်းခံခြင်းတရားသည်၊ မြတ်သော အကျင့်မည်၏၊ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့သည် ဟောတော်မူကုန်၏၊ ရဟန်းသည် သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည် မဟုတ်နိုင် မဖြစ်နိုင်၊ သူတစ်ပါးကို ညှဉ်းဆဲသူသည် ရဟန်း မဟုတ်နိုင်ချေ။

၂။ အလုံးစုံသော မကောင်းမူကို မပြုခြင်းလည်းကောင်း၊ ကုသိုလ်ကို ပြည့်စုံစေ ခြင်းလည်းကောင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်းလည်းကောင်း၊ ဤတရားသုံးပါး သည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၃။ သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊ ၂၂၇-သွယ် သိက္ခာပုဒ်တော်တည်းဟူသော ပါတိမောက်ကို စောင့်ထိန်းခြင်း လည်းကောင်း၊ ဆွမ်း အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်၍ အစွန်အဖျားကျသော ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်းလည်း ကောင်း၊ စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌ လုံ့လ အားထုတ်ခြင်း လည်းကောင်း၊ ဤအလုံးစုံသည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၃။ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁။ တိတိက္ခာ- လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊
ခန္တီ- သည်းခံခြင်းတရားသည်၊
ပရမံ- မြတ်သော၊
တပေါ- အကျင့်မည်၏၊
နိဗ္ဗာနံ- နိဗ္ဗာန်ကို၊
ပရမံ- အမြတ်ဆုံးဟူ၍၊
ဗုဒ္ဓါ- ဘုရားရှင်တို့သည်၊
ဝဒန္တိ- ဟောတော်မူကုန်၏၊
ပဗ္ဗဇိတော- ရဟန်းသည်၊
ပရူပဃာတီ- သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည်၊
နဟိ- မဟုတ်နိုင် မဖြစ်နိုင်၊
ပရံ- သူတစ်ပါးကို၊
ဝိဟေဌယန္တော- ညှဉ်းဆဲသူသည်၊
န သမဏော ဟောတိ- ရဟန်း မဟုတ်နိုင်ချေ။

၂။ သဗ္ဗပါပဿ- အလုံးစုံသော မကောင်းမူကို၊
အကရဏံ- မပြုခြင်းလည်းကောင်း၊
ကုသလဿ- ကုသိုလ်ကို၊
ဥပသမ္ပဒါ- ပြည့်စုံစေခြင်းလည်းကောင်း၊
သစိတ္တ ပရိယောဒပနံ- မိမိစိတ်ကိုဖြူစင်စေခြင်းလည်းကောင်း၊
ဧတံ- ဤတရားသုံးပါးသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

၃။ အနုပဝါဒေါ- သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊
အနုပဃာတော- ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊
ပါတိမောက္ခေစသံဝရော- ၂၂၇-သွယ် သိက္ခာပုဒ်တော် တည်းဟူသော ပါတိ မောက်ကို စောင့်ထိန်းခြင်းလည်းကောင်း၊
ဘတ္တသ္မိံ- ဆွမ်း အစာအာဟာရ၌၊
မတ္တညုတာစ- အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊
ပန္တံ- ဆိတ်ငြိမ်၍ အစွန်အဖျားကျသော၊
သယနာသနံ- ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်း လည်းကောင်း၊
အဓိစိတ္တေ- စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌၊
အာယောဂေါ- လုံ့လ အားထုတ်ခြင်းလည်းကောင်း၊
ဧတံ- ဤအလုံးစုံသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

ဘာကြောင့်သီလခေါ်-

သီလ

ဘာကြောင့်သီလခေါ်

၁။ ဦးခေါင်းနှင့်တူသော မြတ်သော အနက်ကြောင့် သီလခေါ်ပါသည်။
၂။ ငြိမ်းချမ်းအေးမြသော သဘောကြောင့် သီလခေါ်ပါသည်။
၃။ ကာယကံ ဝစီကံတို့ကို ကောင်းစွာထားခြင်းကြောင့် သီလခေါ်ပါသည်။
၎။ ကုသိုလ်တရားတို့၏ တည်ရာ အနက်ကြောင့် သီလခေါ်ပါသည်။
၅။ အကုသိုလ်တရားတို့ အိပ်စက်ခြင်း အနက်ကြောင့် သီလခေါ်ပါသည်။
၆။ သူတော်ကောင်းများ မှီဝဲအပ်သော အနက်ကြောင့် သီလခေါ်ပါသည်။
၇။ အကုသိုလ်တရားကို တုန်လှုပ်စေတတ်သောကြောင့် သီလခေါ်ပါသည်။
၈။ အကုသိုလ်တရား မဖြစ်ပွါးအောင် စောင့်စည်းတတ်တဲ့ အနက်ကြောင့် သီလခေါ်ပါသည်။
၉။ သူတော်ကောင်းတို့ သန္တာန်မှာ ဖြစ်တတ်သောကြောင့် သီလခေါ်ပါသည်။
၁ဝ။ ကုသိုလ်တရားတို့ နားခိုရာ အိမ်ဇရပ်နှင့်တူသော အနက်ကြောင့် သီလခေါ်ပါသည်။
၁၁။ ကာယကံ ဝစီကံတို့ကို ကောင်းစွာထားခြင်း၊ ကုသိုလ်တရားတို့၏ တည်ရာအဖြစ်ဖြင့် ကုသိုလ်တရားများကို လွန်စွာဆောင်တတ်သောကြောင့် သီလခေါ်ပါသည်။

ဆောင်ပုဒ်ကဗျာ

ဦးခေါင်းပုံဟပ် ထွတ်မြတ်တစ်သွယ်၊
အပူမသန်း အေးချမ်းတကယ်။
ကောင်းစွာထား၍ တရားတည်တယ်၊
ဤအတ္ထ သီလအနက်ချယ်။

ဒုစရိုက်ပျက် အိပ်စက်တစ်တန်၊
သူတော်အမြဲ မှီဝဲအမှန်။
အကုသိုလ်ယုတ် တုန်လှုပ်မခံ၊
စောင့်ဆည်းရ သီလအနက်ပြန်။

သူတော်မှာဖြစ် နှောင်ရစ်ကုသိုလ်၊
ကုသိုလ်တရား ဝင်နားရောက်ခို။
အိမ်ဇရပ်နှင့် ထင်ဟပ်တူသကို၊
ဤအတ္ထ သီလအနက်ဆို။

သီလ၏ လက္ခဏရသပစ္စုပဋ္ဌာန်ပဒဋ္ဌာန် တို့ကို
မသိလျှင် အန္ဓပုထုဇဉ်။
သိလျှင် ကလျာဏပုထုဇဉ်။

လက္ခဏ= အမှတ်အသား။
ရသ= အရသာ၊ ကိစ္စ၊ အကျင့်၊ သာယာခြင်း၊ သဘော။
ပစ္စုပဋ္ဌာန်= ဉာဏ်၌ရှေ့ရှုထင်ခြင်း။
ပဒဋ္ဌာန်= နီးစွာသောအကြောင်း။