နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, March 30, 2008

သူတို့သုံးဦး အတူနေထိုင်ကြကုန်မူ...

ယသောဇမထေရ်ဝတ္ထု-

တစ်ယောက်တည်းနေသော ရဟန်းသည်
ဗြဟ္မာကဲ့သို့ ၀ိဝေကသုခကိုပွားလျက် နေနိုင်၏၊

နှစ်ယောက်နေမူ နတ်နှစ်ယောက်တို့ကဲ့သို့
အချင်းချင်းထိပါးသဖြင့် အမျက်ဒေါသဖြစ်ရာ၏၊

သုံးယောက်တို့ နေကြကုန်မူ ရွာ၌နေသော သူတို့ကဲ့သို့
ဆိတ်ငြိမ်မှု ၀ိဝေက မဖြစ်နိုင်၊

ထို့ထက် အလွန်များစွာ နေကြကုန်မူ
အုတ်အုတ်ကျက်ကျက် ဖြစ်ကြရကုန်၏။

ယသောဇမထေရ်ဝတ္ထု။ ထေရ၊ ဋ္ဌ၊ ၁၊ ၄၅၇။

No comments: