နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 1, 2008

မမေ့အပ်သော အကြောင်းသုံးပါး-

မမေ့အပ်သော အကြောင်းသုံးပါး-

မမေ့ကောင်းတဲ့သုံးမျိုးကို ဘုရားရှင်သက်တော်ထင်ရှားရှိတုန်းက ဟောခဲ့ပါတယ်။

၁။ ဘုရား၊တရား၊သံဃာ။
၂။ သေခြင်းတရား။
၃။ အပ္ပမာဒ(မမေ့မလျော့သောသတိတရား)။

ဒုက္ခတွေ ဘယ်လောက်ကြုံကြုံ၊ စည်းစိမ်တွေ ဘယ်လောက်တိုးတိုး၊
ဘုရားအပေါ် တရားအပေါ် သံဃာအပေါ်မှာ မမေ့ကောင်းဘူး။

စား ၀တ် နေရေးသာ ကြောက်လန့်တကြား ရှာဖွေနေကြတယ်၊
သေရေးတော့ကိုယ်နှင့်မဆိုင်သလို၊ သေခြင်းတရား မမေ့ကောင်းဘူး။

မမေ့မလျော့သော သတိတရားဖြင့် တရားအားထုတ်ကြရန်
မကြာခဏ သတိပေး ဟောကြားခဲ့လေသည်၊ အပ္ပမာဒ မမေ့ကောင်းဘူး။

No comments: