နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 10, 2008

သူတော်ကောင်းတို့ ပေးလှူနည်းများ-

သူတော်ကောင်းတို့ ပေးလှူနည်းများ-

သပ္ပုရိသဒါန ငါးပါး-

သဒ္ဓါဒါန= ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။
(ဤဒါနကြောင့် အဆင်းလှခြင်း)

သက္ကစ္စဒါန= လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းမွန်စွာပြုလုပ်၍ လှူဒါန်းခြင်း။
(ဤဒါနကြောင့် သားသမီး ဆွေမျိုး ပရိသတ်များ မိမိစကားနားထောင်ခြင်း)

ကာလဒါန= လိုအပ်နေသောအချိန် လိုအပ်သောပစ္စည်းကို လှူဒါန်းခြင်း။
(ဤဒါနကြောင့် မိမိလိုအပ်သောပစ္စည်း လိုအပ်ချိန်တွင် ရရှိသည်)

အနုဂ္ဂဟိတဒါန= ပစ္စည်းကိုမစွဲလမ်းတော့ဘဲ စွန့်လွှတ်၍လှူဒါန်းခြင်း။
(ဤဒါနကြောင့် စည်းစိမ်ဥစ္စာရှိပါသော်လည်း မသုံးရက် မစွဲရက် မဖြစ်တော့)

အနုပဟစ္စဒါန= မိမိသူတပါး မည်သူအားမျှ ဂုဏ်ပျက်ပြားအောင် အထိအခိုက်မရှိစေဘဲ လှူဒါန်းခြင်း။
(ဤဒါနကြောင့် ရေ မီး မင်း ခိုးသူ အမွေခံဆိုး ရန်သူမျိုးငါးပါးမှ လွတ်ကင်းသည်)


အံ၊ ၂၊ ၁၅၂။ အံ၊ ၃၊ ၅၃။

No comments: