နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 29, 2008

ဝိနည်းပညတ်ခြင်းအကျိုး ၁၀မျိုး-

အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ သိက္ခာပုဒ်ကို ပညတ်တော် မူပါသနည်း-

ဝိနည်း
အသျှင်ဥပါလိသည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်
မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးလျှင်
မြတ်စွာဘုရားအား -

အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော် မူပါသနည်း၊ ပါတိမောက်ကို ပြတော်မူပါသနည်း ဟု လျှောက်၏။

ဥပါလိ အကျိုးထူး ၁၀-မျိုးတို့ကို အစွဲပြု၍
မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊

အဘယ် ၁၀-မျိုးတို့နည်းဟူမူ –

၁. သံဃာတော်၏ ကောင်းပါပြီ ဟု ၀န်ခံကျင့်သုံးရန်၊
၂. သံဃာတော်များချမ်းသာစေရန်၊
၃. အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊
၎. အကျင့်သီလ ချစ်မြတ်နိုးသော ရဟန်းတို့ချမ်းသာစွာ နေနိုင်ရန်၊
၅. မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲ အထူးတို့ကို စောင့်စည်းရန်၊
၆. နောင်တမလွန်၌ ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊
၇. မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊
၈. ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
၉. သူတော်ကောင်းတရား သာသနာသုံးရပ် တည်တံ့ရန်၊
၁၀. ၀ိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်ဟု မိန့်တော်မူ၏။

ဥပါလိသုတ်၊ ဥပါလိဝဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

No comments: