နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 16, 2008

ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌-
ဒေ၀ဒတ်သည် ဝေဠုဝန်ကျောင်းတော်မှ ဂယာသီသသို့ ထွက်ခွာသွား၍ မကြာမြင့်မီ၊

မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏၊

ထိုအခါ-
သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံ အချိန်၌
အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍
ဂိဇ္ဈကုဋ်တောင်အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော်
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ -

ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ဝါးပင်ကို ၀ါးသီးသည် ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ကျူပင်ကို ကျုသီးသည် ဖျက်ဆီး သကဲ့သို့ လည်းကောင်း၊
ကိုယ်ဝန်သည် အဿတိုရ်မြင်းမကို သတ်ဖြတ်ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ပူဇော်သက္ကာရသည် အသိဉာဏ်နဲသူကို ဖျက်ဆီး၏ ဟု လျှောက်၏။

ဒေ၀ဒတ္တသုတ်၊

No comments: