နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, April 8, 2008

အကျင့်သီလသည် အိုသည့်တိုင်အောင်ကောင်း၏-

အဘယ်တရားသည် အိုသည့်တိုင်အောင် ကောင်းပါသနည်း။
အဘယ်တရားတည်သည်ရှိသော် ကောင်းပါသနည်း။
အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း။
အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်း။

အကျင့်သီလသည် အိုသည့်တိုင်အောင်ကောင်း၏။
ယုံကြည်မှု သဒ္ဓါတရားတည်သည်ရှိသော် ကောင်း၏။
ပညာသည် လူတို့၏ ရတနာမည်၏။
ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏။

ဇရာဝဂ်၊ ဇရာသုတ်၊ သံယုတ် ပ။

No comments: