နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, May 7, 2009

အလှူပေးခြင်း၌ အာနိသင်ငါးမျိုး...

ဒါနာနိသံသသုတ် -

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

၁... လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
၂... ငြိမ်သက်သော စိတ်နှလုံးရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ကြကုန်၏။
၃... ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
၎... လူတို့ အကျင့်တရား (ငါးပါးသီလ) မှ မကင်းကွာနိုင်။
၅... ခန္ဓာကိုယ် ပျက်စီး၍ သေပြီးမှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။

သူတော်ကောင်းတို့၏ တရားသို့ အစဉ်လိုက်၍ အလှူပေးသောသူကို ချစ်ခင်ကြ ၏။ ကိုယ်နှုတ်နှလုံးကို စောင့်သုံးလျက် မြတ်သောအကျင့်ကို ကျင့်သုံးကြကုန် သော သူတော်ကောင်းတို့သည် ထိုသူ့ထံသို့ အခါခပ်သိမ်း ချဉ်းကပ်ကြကုန်၏။ ထို သူတော်ကောင်းတို့သည် (ပေးလှူတတ်သော) ထိုသူအား ဆင်းရဲဒုက္ခ အလုံးစုံကို ဖျက်ဆီးတတ်သော မြတ်သောတရားကို ဟောကြားကုန်၏၊ ထိုသူသည် ဤ လောက၌ ယင်းတရားကိုသိ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန်ပြုရလေသတည်း။
35

၅ - ဒါနာနိသံသသုတ်၊ သုမန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: