နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 18, 2009

သင်းခွဲခြင်း သတ်ရန်ကြံခြင်း စသည်ဖြင့်...

အာယာစန၀ဂ်-မှ...

ရဟန်းတို့ ပုဂ္ဂိုလ် နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန် ကြံခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်*သည် တူးဖြို ဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ-
မြတ်စွာဘုရား လည်းကောင်း၊
မြတ်စွာဘုရား၏ တပည့်သာဝက လည်းကောင်းတို့တည်း။
ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန် ကြံခြင်းစသည်ဖြင့်) မှား သော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကို လည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။138


အာယာစန၀ဂ်-မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*။ ဒေဝဒတ်နှင့် ကောကာလိက စသည်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: