နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, May 29, 2009

တရားသုံးမျိုးတို့ကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိပေ...

အတိတ္တိသုတ် - (မရောင့်ရဲခြင်း)

ရဟန်းတို့ တရားသုံးမျိုးတို့ကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိပေ။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ရဟန်းတို့...
၁... အိပ်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ၊
၂... သေအရက်သောက်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ၊
၃... မေထုန်အကျင့်သို့ ရောက်ခြင်းကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိ။

ရဟန်းတို့ ဤတရားသုံးမျိုးတို့ကို မှီဝဲခြင်း၌ ရောင့်ရဲမှု မရှိပေ ဟု (မိန့်တော်မူ၏)။

၆ - အတိတ္တိသုတ်၊ သမ္ဗောဓ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။ 109

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: