နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 10, 2010

ငါမြတ်၏ဟု မှတ်ထင်မှု သေယျမာန်...

ငါမြတ်၏ဟု မှတ်ထင်မှု

သေယျမာန်

အဘယ်သည် ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည်
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း အမှတ်မထား တစ်ပါး ပါးသော အကြောင်းဖြင့် မှတ်ထင်၏၊

မာန်ထောင်၏

ဤသို့ သဘောရှိသော

အကြင်မှတ်ထင်မှု မာန်ထောင်မှု 'မာန'၊
မှတ်ထင်သော အခြင်းအရာ 'မညနာ'၊
မှတ်ထင်သည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ် ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ' သည် ရှိ၏။

ဤသဘောကို ငါမြတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'သေယျမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 866





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: