နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 10, 2010

ငါ သူ့အောက် ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'...

ယုတ်၏ဟု မှတ်ထင်မှု

'ဟီနမာန်'

ထိုတွင် အဘယ်သည်
ငါ သူ့အောက် ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'မည်သနည်း။

ဤလောက၌ အချို့သူသည်
အမျိုးဖြင့်လည်းကောင်း၊
အနွယ်ဖြင့်လည်းကောင်း၊
အမျိုးကောင်းသား ဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့်လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့်လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့်လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့် လည်းကောင်း
အမှတ်မထင်သော အကြောင်းဖြင့် အယုတ်မှတ်ထင်၏။

မာန်ထောင်၏

ဤသို့သဘောရှိသော အကြင်
မှတ်ထင် မာန်ထောင်မှု 'သြမာန'၊
အယုတ်မှတ်ထင် (မာန်ထောင်) သောအခြင်းအရာ 'သြမညနာ'၊
အယုတ်မှတ်ထင်သည်၏ အဖြစ် 'သြမညိတတ္တ'၊
ရှုတ်ချမှု 'ဟီဠနာ'၊
အယုတ်ရှုတ်ချသော အခြင်းအရာ'သြဟီဠနာ'၊
အယုတ် ရှုတ်ချသည်၏အဖြစ် 'သြဟီဠိတတ္တ'၊
မိမိကိုယ်ကို အယုတ်အားဖြင့်သိမှု 'အတ္တုညာ'၊
မိမိကိုယ်ကို အယုတ်အားဖြင့် သိသောအခြင်းအရာ 'အတ္တဝညာ'၊
မိမိကိုယ်ကို နှိမ့်ချမှု 'အတ္တပရိဘဝ'သည် ရှိ၏။

ဤ သဘောကို ငါ သူ့အောက် ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်'ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 868





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: