နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 10, 2010

ငါ သူ့အောက် ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်' ...

မြတ်သူ၌ ဖြစ်သော

'ဟီနမာန်'

ထိုတွင် အဘယ်သည်
မြတ်သောသူ၏ ငါသူ့အောက်ယုတ်၏ဟု မှတ်ထင်ထောင်လွှားမှု 'ဟီိနမာန်' မည်သနည်း။

ဤလောက၌ အချို့သူသည် မြတ်၏။
အမျိုးဖြင့် လည်းကောင်း၊
အနွယ်ဖြင့် လည်းကောင်း၊
အမျိုးကောင်းသားဖြစ်ခြင်းဖြင့် လည်းကောင်း၊
အလွန်အဆင်းလှခြင်းဖြင့် လည်းကောင်း၊
ဥစ္စာဖြင့် လည်းကောင်း၊
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် လည်းကောင်း၊
အလုပ်အကိုင်ဖြင့် လည်းကောင်း၊
လက်မှုအတတ်ဖြင့် လည်းကောင်း၊
နှုတ်မှုအတတ်ဖြင့် လည်းကောင်း၊
အကြားအမြင်ဖြင့် လည်းကောင်း၊
ပညာဖြင့်လည်းကောင်း၊
အမှတ်မထား တစ်ပါးပါးသောအကြောင်းဖြင့် မိမိကိုယ်ကို တစ်ပါးသူတို့အောက် အယုတ်အားဖြင့်ထား၏။ ထိုသူသည် ထိုကို မှီ၍ အယုတ်အားဖြင့် မာန်ထောင်၏။

မာန်ထောင်၏

ဤသို့သဘောရှိသော
အကြင်အယုတ်မှတ်ထင်မှု 'သြမာန'၊
အယုတ်မှတ်ထင်သော အခြင်းအရာ 'သြမညနာ'၊
အယုတ်မှတ်ထင်တတ်သည်၏အဖြစ် 'သြမညိတတ္တ'၊
ရှုတ်ချမှု 'ဟီဠနာ'၊
အယုတ်ရှုတ်ချသောအခြင်းအရာ 'သြဟီဠနာ'၊
အယုတ်ရှုတ်ချသည်၏ အဖြစ် 'သြဟီဠိတတ္တ'၊
မိမိကိုယ်ကိုအယုတ်သိမှု 'အတ္တုညာ'၊
မိမိကိုယ်ကို အယုတ်အားဖြင့် သိသော အခြင်းအရာ 'အတ္တဝညာ'၊
မိမိကိုယ်ကိုနှိမ့်ချမှု 'အတ္တပရိဘဝ'သည် ရှိ၏။
ဤသဘောကို မြတ်သောသူ၏
ငါ (သူ့အောက်) ယုတ်၏ဟူ၍ မှတ်ထင်ထောင်လွှားမှု 'ဟီနမာန်' ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 871



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: