နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 21, 2009

၆... အဝိဟိံသဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၆... အဝိဟိံသဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည်
မနှိပ်စက်မညှဉ်းဆဲမှုသဘော 'အဝိဟိံသဓာတ်' မည်သနည်း။

မနှိပ်စက် မညှဉ်းဆဲခြင်းနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'၊
ပြင်းစွာ ကြံစည်မှု 'သင်္ကပ္ပ'၊
အာရုံသို့ မြဲမြံစွာ ရောက်စေမှု 'အပ္ပနာ'၊
အာရုံသို့ အထူးမြဲမြံစွာ ရောက်စေမှု 'ဗျပ္ပနာ'၊
စိတ်ကို အာရုံသို့ ရှေးရှုတင်မှု 'စေတသောအဘိနိရောပနာ'၊
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို မနှိပ်စက် မညှဉ်းပန်းမှုသဘော 'အဝိဟိံသဓာတ်' (အဝိဟိံသဝိတက်)ဟု ဆိုအပ်၏။

တစ်နည်းဆိုသော် သတ္တဝါတို့၌ အကြင် သနားကြင်နာမှု 'ကရုဏာ'၊
သနားကြင်နာပုံ အခြင်းအရာ 'ကရုဏာယနာ'၊
သနားကြင်နာတတ်သူ၏ အဖြစ် 'ကရုဏာယိတတ္တ'၊
နှိပ်စက် ညှဉ်းဆဲလိုမှု သဘောမှ-
စိတ်ကို လွတ်မြောက်စေသော ကရုဏာ 'ကရုဏာစေတောဝိမုတ္တိ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို
မနှိပ်စက် မညှဉ်းဆဲလိုမှုသဘော 'အဝိဟိံသဓာတ်' (ကရုဏာ)ဟု ဆိုအပ်၏။

ဤဆိုခဲ့ပြီးသော တရားတို့ကား ဓာတ်ခြောက်ပါးတို့တည်း။
ဤသို့ ဤဆက္ကသုံးပါး (၆-ပါးစီပါသော နည်း ၃-မျိုး) တို့သည် ဖြစ်ကုန်၏၊ ထိုဆက္ကသုံးပါးတို့ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ဓာတ်တစ်ဆယ့်ရှစ်ပါးတို့ ဖြစ်ကုန်၏။

တစ်နည်း ဓာတ် ၆-ပါး၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၂။ ကရုဏာ, ကရုဏာယနာ, ကရုဏာယိတတ္ထ= ကရုဏာ (မဟာကုသိုလ်, မဟာကြိယာ, လောကီဈာန်စိတ်တို့၌ ရှိသော ကရုဏာကို ယူရမည်)။ ကရုဏာစေတောဝိမုတ္တိ= အပ္ပနာသို့ရောက်သော ကရုဏာ (ဈာန်စိတ်နှင့် ယှဉ်သော ကရုဏာ)။

ဓါတ် ၆-ပါး သုတ္တန်နည်း အစသို့ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။