နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, April 5, 2008

ကောင်းသောနေ့- ပုဗ္ဗဏှသုတ်-

ဘယ်အချိန်သည် ကောင်းသောအချိန်လဲ...

ရဟန်းတို့-
နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသော နံနက်ခင်းဖြစ်ပေ၏။

နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော
သတ္တ၀ါတို့အား ကောင်းသော နေ့လယ်ခင်းဖြစ်ပေ၏။

ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်ကုန်သော
သတ္တ၀ါတို့အား ကောင်းသော ညချမ်းအခါဖြစ်ပေ၏။

သုစရိုက်တရားနှင့် ပြည်စုံသော နေ့သည်-
ကောင်းသော နက္ခတ်နှင့်လည်း ယှဉ်သည် မည်၏၊
ကောင်းသော မင်္ဂလာလည်း ဖြစ်ပေ၏၊
ကောင်းသော မိုးသောက်လည်း မည်၏၊
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏၊

သုစရိုက်တရားနှင့် ပြည်စုံသည့် အခါဝယ်-
မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း
ကောင်းစွာ ပူဇော်ခြင်း မည်၏။

သုစရိုက်တရားနှင့် ပြည်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ကြီးပွားစေသော ကာယကံမည်၏၊
နှုတ်ဖြင့်ပြုသောအမှုသည် ကြီးပွားစေသော ၀စီကံမည်၏၊
စိတ်ဖြင့်ပြုသောအမှုသည် ကြီးပွားစေသော မနောကံမည်၏၊
ပွားစီးသော ထိုကံတို့ကို ဆောက်တည်သည်မည်၏၊
ထို့ကြောင့် ပွားစီးသော အကျိုးတို့ကိုရကုန်၏။

အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ
မြတ်စွာဘုရား သာသနာတော်၌
ချမ်းသာကုန် စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍
ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြပါစေကုန်သတည်း။

ပုဗ္ဗဏှသုတ်၊ မင်္ဂလ၀ဂ်၊ အင်္ဂုတ္တိုရ်။

No comments: