နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 4, 2008

တရားနှင့်ထိုက်တန်သူ-

တရားနာသည်ရှိသော်-

၁. တရားကို မထီမဲ့မြင် မပြု။
၂. တရားဟော ပုဂ္ဂိုလ်ကို မထီမဲ့မြင် မပြု။
၃. မိမိကိုယ်ကို မထီမဲ့မြင် မပြု။
၎. စိတ်မပျံ့လွင့်သည်ဖြစ်၍ တရားနာ၏။
၅. သင့်သောအားဖြင့် နှလုံးသွင်း၏။
၆. ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ။
၇. မိမိမသိသောအရာ၌ သိ၏ဟု မှတ်ထင်လေ့မရှိ။
၈. သူ့ဂုဏ်ကို ချေဖျက်လိုစိတ်မရှိဘဲ တရားနာ၏။
၉. အပြစ်တင်လိုစိတ်မရှိဘဲ တရားနာ၏။
၁၀. ထိပါးပုတ်ခတ်လိုစိတ် မရှိဘဲ တရားနာ၏။
၁၁. နာယူ၏။
၁၂. နားစိုက်၏။
၁၃. သိခြင်းငှါ စိတ်ကိုဖြစ်စေ၏။
၁၄. အကျိုးရှိသည်ကို ယူ၏။
၁၅. အကျိုးမရှိသည်ကို စွန့်၏။
၁၆. သာသနာတော်၏ လျော်သော ပညာဖြင့် ပြည့်စုံ၏။

ဤတရားတို့နှင့် ပြည့်စုံသူသည်သာ အရိယာဖြစ်ရန် ထိုက်တန်၏။

No comments: