နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, May 20, 2009

အကျွန်ုပ်သည် အိုမင်းပါပြီ...

ပိင်္ဂိယမာဏဝပုစ္ဆာ...

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
အကျွန်ုပ်သည် အိုမင်းပါပြီ၊ အားနည်းပါပြီ၊ ရုပ်အဆင်း ယုတ်လျော့ပါပြီ၊ မျက်စိများ မကြည်လင်တော့ပါ၊ နားကောင်းကောင်း မကြားတော့ပါ၊ အကျွန်ုပ်သည် အသျှင် ဘုရား တရားကို မျက်မှောက် မပြုရမီ အကြား၌သာလျှင် တွေဝေလျက် မပျက် စီးလိုပါ၊ ဤနေရာ၌ ပဋိသန္ဓေနေမှု အိုမှုကို ပယ်ဖျောက်နိုင်သော အကြင် တရားကို အကျွန်ုပ် သိလိုပါ၏၊ ထိုတရား ကို ဟောကြားတော်မူပါလော့။ 1

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ မေ့လျော့ကုန်သော လူတို့သည် ရုပ်တို့ကြောင့် ပင်ပန်းသည်တို့ကို မြင်၍ ရုပ်တို့ကြောင့်ပင် ဖောက်ပြန် ပျက်စီး ရကုန်၏၊ ထို့ကြောင့် သင်သည် မမေ့ မလျော့မူ၍ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်းငှါ ရုပ်ကို စွန့်ပယ်လေလော့။2

ပိင်္ဂိယသည် ဤသို့ မေးလျှောက်၏...
လောကဝယ် တူရူ အရပ်လေးမျက်နှာ အထောင့်အရပ် လေးမျက်နှာ အထက် အရပ် အောက်အရပ် မျက်နှာဟူသော ဤအရပ်ဆယ်မျက်နှာတို့၌ အသျှင် ဘုရားသည် မမြင်ရ မကြားရ မရောက်ရ မသိရသော တရားတစ်စုံ တစ်ခုမျှ မရှိပါ၊ ပဋိသန္ဓေနေမှု အိုမှုကို ပယ်စွန့်ရာဖြစ်သော အကြင်တရားကို အကျွန်ုပ် သိရာပါ၏၊ ထိုတရားကို ဟောကြားတော် မူပါလော့။ 3

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏...
ပိင်္ဂိယ တဏှာသည် နှိပ်စက် ဖျက်ဆီးအပ်ကုန်သောကြောင့် (ဇာတိစသည်ဖြင့်) ပူပန်ခြင်း ရှိကုန်သော အိုခြင်းဖြင့် နှိပ်စက်အပ်ကုန်သော သတ္တဝါတို့ကို သင်တွေ့ မြင်နေရ၏၊ ပိင်္ဂိယ ထို့ကြောင့် သင်သည် မမေ့မလျော့မူ၍ ဘဝသစ်၌ တစ်ဖန် မဖြစ်ခြင်းငှါ တဏှာကို စွန့်ပယ်လေလော့။ 4

၁၆ - ပိင်္ဂိယမာဏဝပုစ္ဆာ၊ ပါရာယန၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: