နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 1, 2010

ဤကိုယ်ကို အဘယ် တရားတို့က စွန့်ခွါ သွားသောအခါ...

မဟာဝေဒလ္လသုတ်

"ဤကိုယ်ကို အဘယ် တရားတို့က စွန့်ခွါ သွားသောအခါ..."

ငါ့သျှင် ဤကိုယ်ကို အဘယ် တရားတို့က စွန့်ခွါ သွားသောအခါ ဤကိုယ်သည် စိတ် မရှိသော ထင်းတုံးကဲ့သို့ စွန့်ပစ် ချထားအပ်သည် ဖြစ်၍ လဲလျောင်းရ သနည်း ဟု လျှောက်၏။

ငါ့သျှင် ဤကိုယ်ကို
၁... အသက် 'ဇီဝိတိနြေ္ဒ'၊
၂... ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'၊
၃... ဝိညာဏ်၊

ဤတရား သုံးပါးတို့ စွန့်ခွါ သွားသောအခါ ဤကိုယ်သည် စိတ်မရှိသော ထင်းတုံး ကဲ့သို့ စွန့်ပစ် ချထား အပ်သည် ဖြစ်၍ လဲလျောင်းရ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: