မဟာဝေဒလ္လသုတ်
ငါ့သျှင်တို့ ဤငါးပါးကုန်သော ဣနြေ္ဒတို့သည် အသီးအသီး အာရုံ ရှိကုန်၏၊ အသီးအသီး ကျက်စားရာ ရှိကုန်၏။ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို မခံစားကုန်။ အဘယ် ဣနြေ္ဒတို့နည်း၊ မျက်စိ ဣနြေ္ဒ, နား ဣနြေ္ဒ, နှာခေါင်း ဣနြေ္ဒ, လျှာ ဣနြေ္ဒ, ကိုယ် ဣနြေ္ဒတို့တည်း။
ငါ့သျှင် အသီးအသီး အာရုံ, အသီးသီး ကျက်စားရာ ရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို မခံစားကုန်သော ဣနြေ္ဒ ငါးပါးတို့၏ အားထားရာကား အဘယ်နည်း၊ ထိုဣနြေ္ဒတို့၏ ကျက်စားရာ အာရုံကို အဘယ်တရားက ခံစား သနည်း ဟု (လျှောက်၏)။
ငါ့သျှင် ငါးပါးကုန်သော ဣနြေ္ဒတို့သည် အသီးအသီး အာရုံ ရှိကုန်၏၊ အသီးအသီး ကျက်စားရာ ရှိကုန်၏၊ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို မခံစားကုန်။ အဘယ် ဣနြေ္ဒတို့နည်း၊ မျက်စိ ဣနြေ္ဒ, နား ဣနြေ္ဒ, နှာခေါင်း ဣနြေ္ဒ, လျှာ ဣနြေ္ဒ, ကိုယ် ဣနြေ္ဒတို့တည်း။ ငါ့သျှင် အသီးအသီး အာရုံ, အသီးအသီး ကျက်စားရာ ရှိကုန်၍ တစ်ပါးသည် တစ်ပါး၏ ကျက်စားရာ အာရုံကို မခံစား ကုန်သော ဣနြေ္ဒ ငါးပါးတို့၏ အားထားရာကား ဇောစိတ်ပင် ဖြစ်၏၊ ထိုဣနြေ္ဒတို့၏ ကျက်စားရာ အာရုံကို ဇောစိတ်ကပင် ခံစား၏ ဟု မိန့်ဆို၏။
၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။
"ဣနြေ္ဒတို့၏ ကျက်စားရာ အာရုံကို အဘယ်တရားက ခံစားသနည်း"

သာဓု... သာဓု... သာဓု...။
No comments:
Post a Comment