နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 2, 2010

သေသူနှင့် 'နိရောဓသမာပတ်' ဝင်စားသူ၏ ခြားနားချက်ကား အဘယ်နည်း...

မဟာဝေဒလ္လသုတ်

"သေသူနှင့် 'နိရောဓသမာပတ်' ဝင်စားသူ၏
ခြားနားချက်ကား အဘယ်နည်း"

ငါ့သျှင် သေဆုံး ကွယ်လွန်သူ လူသေကောင်နှင့် မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသူ ရဟန်းတို့၏ ခြားနားချက်ကား အဘယ်နည်း ဟု လျှောက်၏။

ငါ့သျှင် သေဆုံး ကွယ်လွန်သူ လူသေကောင်အား ကိုယ်၏ အပြုခံ ထွက်သက် ဝင်သက်တို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင် တတ်သော ဝိတက် ဝိစာရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ သညာ, ဝေဒနာတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ အသက် 'ဇီဝိတိနြေ္ဒ' သည်ကုန်၏၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် ငြိမ်း၏၊ ဣနြေ္ဒတို့သည် ပျက်စီး ကုန်၏။

မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသော ရဟန်းအား ကိုယ်၏ အပြုခံ ထွက်သက် ဝင်သက်တို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင် တတ်သော ဝိတက် ဝိစာရတို့သည် ချုပ်ကုန် ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ သညာ, ဝေဒနာတို့သည် ချုပ်ကုန် ငြိမ်းကုန်၏။ အသက် 'ဇီဝိတိနြေ္ဒ' သည် မကုန်၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် မငြိမ်း၊ ဣနြေ္ဒတို့သည် အထူး ကြည်လင် ကုန်၏၊ ငါ့သျှင် ဤသည်ကား သေဆုံး ကွယ်လွန်သူ လူသေကောင်နှင့် မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသူ ရဟန်းတို့၏ ခြားနားချက်တည်း ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: