နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 2, 2010

လွတ်မြောက်သော စိတ်... (နေဝသညာနာသညာယတန)

မဟာဝေဒလ္လသုတ်

"နေဝသညာနာသညာယတန သမာပတ်၏ 
အကြောင်းသည် အဘယ်နည်း"

ငါ့သျှင် ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ်သော လွတ်မြောက်သော စိတ် ဟူသော နေဝသညာနာသညာယတန သမာပတ်၏ အကြောင်းသည် အဘယ်မျှတို့နည်း ဟု လျှောက်၏။

ငါ့သျှင် ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ်သော လွတ်မြောက်သော စိတ် ဟူသော (နေဝသညာနာသညာယတန) သမာပတ်၏ အကြောင်းတို့သည် လေးပါးတို့တည်း။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ဝမ်းသာမှုနှင့် နှလုံး မသာမှုတို့၏ ရှေးဦးကပင် ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲ ချမ်းသာ မရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ'ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သော လွတ်မြောက်သော စိတ် ဟူသော နေဝသညာနာသညာယတန သမာပတ်၏ အကြောင်းတို့သည် ဤလေးပါးတို့တည်း ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: