နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, November 4, 2008

စေတောခီလသုတ်- (စိတ်၏ ငြောင့်တံသင်း)

စေတောခီလသုတ်- (စိတ်၏ ငြောင့်တံသင်း)

ရဟန်းတို့ စိတ်၏ ငြောင့်တံသင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော ယုံမှား၏၊ မဆုံးဖြတ်နိုင်၊ မယုံကြည်နိုင်။ ရဟန်းတို့ ဘုရား၌ ယုံမှားသော တွေး တော ယုံမှားသော မဆုံးဖြတ်နိုင်သော မယုံကြည်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာအား ထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ် အား ထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်သော ရဟန်း၏ ဤစိတ် မညွတ်ခြင်းသည် ပဌမ စိတ်၏ ငြောင့်တံသင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်၌ ယုံမှား၏။ပ။

၃...
သံဃာတော်၌ ယုံမှား၏။ပ။

၎...
အကျင့် {သိက္ခာ၌} ယုံမှား၏။ပ။

၅...
သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးသော စိတ်ရှိ၏၊ ငြောင့်တံသင်း သဖွယ်ဖြစ်သည့် ဒေါသရှိ၏၊ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော မနှစ်သက်သော စိတ်ရှိသော ထိပါးသော စိတ်ရှိသော ငြောင့်တံသင်း သဖွယ်ဖြစ်သည့် ဒေါသ ရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာ အားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာ အားထုတ်ရန် မညွတ်သော ရဟန်း၏ ဤစိတ် မညွတ်ခြင်းသည် ပဉ္စမစိတ်၏ ငြောင့်တံသင်းတည်း။
ရဟန်းတို့ ဤစိတ်၏ ဤငြောင့်တံသင်း ငါးမျိုးတို့ကို ပယ်ရန်။
သတိပဋ္ဌာန် လေးပါးတို့ကို ပွါးများအပ် ကုန်၏။

အဘယ်လေးးမျိုးတို့နည်းဟူမူ -

၁။ ကာယာ နုပဿနာ သတိပဋ္ဌာန်၊
၂။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊
၃။ စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
၎။ ဓမ္မာ နုပဿနာ သတိပဋ္ဌာန်၊

န၀မသုတ်။
၉ - စေတောခီလသုတ်၊ သတိပဋ္ဌာန၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။