နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, November 13, 2008

တီဟိ ဓမ္မေဟိသုတ်-

တီဟိ ဓမ္မေဟိသုတ်-

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ...

၁။ နံနက်အခါ ၀န်တိုမှု {မစ္ဆေရ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၂။ နေ့လယ်အခါ ငြူစူမှု {ဣဿာ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၃။ ညချမ်းအခါ အလိုရမ္မက် {ကာမရာဂ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၎ - တီဟိ ဓမ္မေဟိသုတ်၊ ပဌမပေယျာလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။