နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 10, 2010

ပညာရှိတို့သည်...

ဗန္ဓနသုတ်

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏


ထိုအခါ၌ ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင့်၊ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သောသူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ် ကုန်၏။ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးသည့်နောက် ဆွမ်းခံရာမှ ဖဲခဲ့ကုန်သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား ပသေနဒီကောသလမင်းကြီးသည် လူများအပေါင်းကို နှောင်ဖွဲ့ ထားအပ်၏၊ အချို့သောသူတို့ကို ကြိုးတို့ဖြင်၊့ အချို့သောသူတို့ကို လက်ထိပ်တို့ဖြင့်၊ အချို့သော သူတို့ကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့ထားအပ်ပါကုန်၏'' ဟု လျှောက်ကုန်၏။


မြတ်စွာဘုရားသည်
ထိုအကြောင်းကိုသိ၍
ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏

''သံဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ သစ်သားဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကိုလည်းကောင်း၊ လျှော်ဖြင့်ပြုအပ်သော အနှောင်အဖွဲ့ကို လည်းကောင်း၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ကျောက်မျက်ရတနာ နားတောင်းတို့၌ လည်းကောင်း၊ သားသမီးတို့၌လည်းကောင်း၊ မယားတို့၌ လည်းကောင်း အလွန်အမင်း တက်မက်နှစ်သက်သည် ဖြစ်၍ အကြင် ငဲ့ကွက်ခြင်းသည် ရှိ၏။ အပါယ်သို့ ဆောင်တတ်သော လျော့သော အဖြေခက်သော ထိုငဲ့ကွက်ခြင်း အနှောင်အဖွဲ့ကို မြဲသော အနှောင်အဖွဲ့ ဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ 121

ပညာရှိတို့သည်
ထိုအနှောင်အဖွဲ့ကိုလည်း ဖြတ်ကုန်၍
ကာမဂုဏ်ချမ်းသာကို ပယ်လျက်
ငဲ့ကွက်ခြင်း မရှိကုန်ဘဲ ထွက်မြောက်ကုန်၏ ဟု ရွတ်ဆိုတော်မူ၏။


၁ဝ - ဗန္ဓနသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: