နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, November 4, 2008

မေတ္တာ- (ချမ်းသာစေလိုခြင်း)

သုတ္တန္တဘာဇနီယနည်း (အကျယ်)

၁ - မေတ္တာ ...

အဘယ်သို့လျှင် ရဟန်းသည် ချမ်းသာစေလိုခြင်း {မေတ္တာ} နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။

ဥပမာအားဖြင့် ချစ်အပ် နှလုံးကို ပွါးစေတတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် ချမ်းသာစေလိုခြင်း မေတ္တာပြုသကဲ့သို့ ထို့အတူ သတ္တ၀ါ အားလုံးတို့ကို ချမ်းသာ စေလိုခြင်း {မေတ္တာ} ဖြင့် ပျံ့နှံ့စေ၏။

ထိုတွင် အဘယ်သည် မေတ္တာ မည်သနည်း ?

သတ္တ၀ါတို့၌ ...
အကြင် ချစ်ခင်ခြင်းသဘော {မေတ္တိ}၊
ချစ်ခင်သော အခြင်းအရာ {မေတ္တာယနာ}၊
ချစ်ခင်သောသူ၏ အဖြစ် {မေတ္တာယိတတ္တ}၊
မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {မေတ္တာစေတောဝိမုတ္တိ} သည် ရှိ၏။
ဤသဘောကို မေတ္တာဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {စိတ်} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊
သိမှု သဘော {မန}၊
သိခြင်းသဘော {မာနသ}၊
အတွင်း၌ ဖြစ်သောသဘော {ဟဒယ}၊
ဖြူစင်သောသဘော {ပဏ္ဍရ}၊
သိမှု ဖြစ်ရာဌာန {မနာယတန}၊
အစိုးတရ သိမှု {မနိနြေ္ဒ}၊
အထူးသိမှု {၀ိညာဏ}၊
အထူးသိမှု အစု {၀ိညာဏက္ခန္ဓာ}၊
ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်}။
ဤသဘောကို စိတ်ဟု ဆိုအပ်၏။

ဤစိတ်သည် ဤမေတ္တာနှင့်တကွအဖြစ်သို့ ရောက်၏၊ တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။ ထို့ကြောင့် {{မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{တစ်ခုသော အရပ်မျက်နှာကို}} ဟူသည်ကား
အရှေ့အရပ်မျက်နှာ၊
အနောက်အရပ်မျက်နှာ၊
မြောက်အရပ်မျက်နှာ၊
တောင်အရပ်မျက်နှာ၊
အထက်အရပ်မျက်နှာ၊
အောက်အရပ်မျက်နှာ၊
ဖီလာအရပ်မျက်နှာ၊
အထောင့် အရပ်မျက်နှာတို့တည်း။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား မေတ္တာစိတ်ဖြန့်၍ မေတ္တာစိတ်လွှတ်၍။
{{၀ိဟရတိ (နေ၏)}} ဟူသည်ကား ဣရိယာပုတ်ကို ဖြစ်စေ၏၊ ဖြစ်၏၊ စောင့်ရှောက်၏၊ မျှတ၏၊ မျှတစေ၏၊ ကျင့်၏၊ ဣရိယာပုထ် တစ်ပါးဖြင့် ဣရိယာပုထ် တစ်ပါးကို ဖြတ်လျက် ဆောင်၏၊
ထို့ကြောင့် {{၀ိဟရတိ (နေ)၏}} ဟု ဆိုအပ်၏။

{{ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို}} ဟူသည်ကား တစ်ခုသော အရပ်မျက်နှာကို ကဲ့သို့ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ လေးခုမြောက်သော အရပ်မျက်နှာ ကို၊ ထို့အတူ အထက် အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့ အတူ ဖီလာ အရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကိုဟု ဆိုအပ်၏။

{{အလုံးစုံသော အရပ်မျက်နှာ၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါအားလုံး ပါဝင်သော သတ္တလောကကို}} ဟူသည်ကား အလုံးစုံအားဖြင့် သတ္တ၀ါအားလုံးကိုç အလုံးစုံသော အခြင်းအရာအားဖြင့် သတ္တ၀ါအားလုံးကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသော စကားတည်း၊ ထို့ကြောင့် {{အလုံးစုံသော အရပ်မျက်နှာ၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါ အားလုံး ပါဝင်သော သတ္တလောကကို}} ဟု ဆိုအပ်၏။

{{မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်}} ဟူရာ၌
ထိုတွင် အဘယ်သည် {{မေတ္တာ}} မည်သနည်း ?

သတ္တ၀ါတို့၌ ...
အကြင် ချစ်ခင်ခြင်းသဘော {မေတ္တိ}၊
ချစ်ခင်သော အခြင်းအရာ {မေတ္တာယနာ}၊
ချစ်ခင်သောသူ၏အဖြစ် {မေတ္တာယိတတ္တ}၊
မေတ္တာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {မေတ္တာစေတောဝိမုတ္တိ} သည် ရှိ၏။
ဤသဘောကို {မေတ္တာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊ သိမှု သဘော {မန}၊ သိခြင်းသဘော {မာနသ}။ပ။ ထိုစိတ်အားလျောသော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်} သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။

ဤစိတ်သည် ဤမေတ္တာနှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။
ထို့ကြောင့် {{မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{ပြန့်ပြောသော}} ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းပေတည်း၊
များမြတ်ခြင်းဟူသည် အပိုင်းအခြား မရှိခြင်းတည်း၊
အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊
ရန်မရှိခြင်းဟူသည် ကြောင့်ကြမရှိခြင်းတည်း။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ...
မေတ္တာစိတ်ဖြန့်၍ မေတ္တာစိတ်လွှတ်၍ ဟူသတည်း။
{{နေ၏}} ဟူသည်။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

၂ - သုတ္တန္တဘာဇနီယနည်း(အကျယ်)၊ အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။