နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, June 6, 2008

'ရာဂ'ကို ထူးသောဉာဏ်ဖြင့် သိရန်-

ရာဂ ရာဂ ရာဂ

တပ်စွန်းမှုဟု ခေါ်ဆိုရသော 'ရာဂ'ကို ထူးသောဉာဏ်ဖြင့် သိရန်
အောက်ပါ တရား ၉-မျိုးတို့ကို ပွါးများ အပ်ကုန်၏။

မတင့်တယ် ဟူသော အမှတ် 'အသုဘသညာ'၊
သေခြင်း၌ ဖြစ်သော အမှတ် 'မရဏသညာ'၊
အာဟာရ၌ စက်ဆုပ်ဖွယ် အမှတ် 'အာဟာရေ ပဋိကူလသညာ'၊
လောက အားလုံး၌ မမွေ့လျော်ဖွယ် ဟူသော အမှတ် 'သဗ္ဗလောကေ အနဘိရတိသညာ'၊
မမြဲ ဟူသော အမှတ် 'အနိစ္စသညာ'၊
မမြဲရာ၌ ဆင်းရဲ ဟူသော အမှတ် 'အနိစ္စေ ဒုက္ခသညာ'၊
ဆင်းရဲရာ၌ အစိုးမရ ဟူသော အမှတ် 'ဒုက္ခေ အနတ္တသညာ'၊
ပယ်ခြင်း၌ အမှတ် 'ပဟာနသညာ'၊
တပ်ခြင်း ကင်းခြင်း အမှတ်'ဝိရာဂသညာ' တို့ပေတည်း။

ရာဂပေယျာလ၊ အင်္ဂုတ္တိုရ်။