နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, June 14, 2008

မြတ်စွာဘုရားအား မစောင့်ရှောက်ရသောတရား ၄-ပါး-


မြတ်စွာဘုရားအား

မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း၊

၁။ ''ငါ၏ ဤကာယ ဒုစရိုက်မှုကို သူတစ်ပါး မသိစေလင့်'' ဟု
၂။ ''ငါ၏ ဤဝစီ ဒုစရိုက်မှုကို သူတစ်ပါး မသိစေလင့်'' ဟု
၃။ ''ငါ၏ ဤမနော ဒုစရိုက်မှုကို သူတစ်ပါး မသိစေလင့်'' ဟု
၎။ ''ငါ၏ ဤမှားယွင်းသော အသက်မွေးမှုကို သူတစ်ပါး မသိစေလင့်'' ဟု
နှလုံးသွင်း၍ စောင့်ရှောက်ရသည့် ကိစ္စမျိုးသည် မြတ်စွာဘုရားအား မရှိ။

မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း။

အရက္ခေယျသုတ်၊ အဗျာကတ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။