နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ စင်စစ် ယူသာ ယူတတ်၏၊
၂။ နည်းသော ဥစ္စာဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏၊
၃။ မိမိ၌ ဘေးဖြစ်လတ်သော် ထိုသူ၏ ကိစ္စကို ပြုတတ်၏၊
၎။ အကျိုးကို ရလိုသောကြောင့် ဆည်းကပ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာ ယူတတ်သော
မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။