နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို
လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။

၁။ ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏၊
၂။ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏၊
၃။ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏၊
၎။ ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော
မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။