နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

အရပ် ခြောက်ပါးကို လုံခြုံစေခြင်း-

အရပ် ခြောက်ပါးကို လုံခြုံစေခြင်း

သူတော်ကောင်းတို့သည် အရပ်ခြောက်ပါးကို မည်သို့လျှင် လုံခြုံစေသနည်းဟူမူ-

အရပ်ခြောက်ပါးတို့ကို သိအပ်ကုန်၏။

၁။ အမိ အဖတို့ကို အရှေ့အရပ် ဟု သိအပ်ကုန်၏။
၂။ ဆရာသမားတို့ကို တောင်အရပ် ဟု သိအပ်ကုန်၏။
၃။ သားမယားတို့ကို အနောက်အရပ် ဟု သိအပ်ကုန်၏။
၎။ ချစ်သော အဆွေခင်ပွန်းတို့ကို မြောက်အရပ် ဟု သိအပ်ကုန်၏။
၅။ အစေအပါး အလုပ်သမားတို့ကို အောက်အရပ် ဟု သိအပ်ကုန်၏။
၆။ သမဏဗြာဟ္မဏတို့ကို အထက်အရပ် ဟု သိအပ်ကုန်၏။

သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကယ်။