နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံး ရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
၂။ ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
၃။ ဘေးရန် ဖြစ်လတ်သော် မစွန့်ပစ်။
၎။ ထိုမိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော
ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။