နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ မကောင်းမှုမှ တားမြစ်တတ်၏။
၂။ ကောင်းမှု၌ သက်ဝင်စေ၏။
၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
၎။ နတ်ပြည်ခရီးကို ပြောကြားတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်း
သော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။