နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 2, 2008

ဉာတသုတ်- (ထင်ရှားသည်)

ဉာတသုတ်- (ထင်ရှားသည်)-

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီး အပွါး မရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုး မရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။

အဘယ် သုံးမျိုးတို့နည်းဟူမူ-

သာသနာတော်အား မလျော်သော ...
ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊
ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊
မနောကံတရားတို့၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးမရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုးမရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူ ဖြစ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါး ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏။

အဘယ် သုံးမျိုးတို့နည်းဟူမူ-

သာသနာတော်အား လျော်သော ...
ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊
ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊
မနောကံ တရားတို့၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

၁ - ဉာတသုတ်၊ ရထကာရ၀ဂ်၊ အင်္ဂုတ္တိုရ်။