နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, October 1, 2008

ပဌမ ဗန္ဓနသုတ်- (အနှောင်အဖွဲ့)

ပဌမ ဗန္ဓနသုတ်- (အနှောင်အဖွဲ့)

ရဟန်းတို့ အခြင်းအရာ ရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောက်ျားကို နှောင်ဖွဲ့၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့
၁။ မိန်းမသည် ငိုကြွေးခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၂။ မိန်းမသည် ပြုံးရယ်ခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၃။ မိန်းမသည် စကားပြောခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၎။ မိန်းမသည် အသွင်အပြင် အမူအရာဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၅။ မိန်းမသည် ပန်း သစ်သီးစသည်ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၆။ မိန်းမသည် အနံ့ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၇။ မိန်းမသည် အရသာဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
၈။ မိန်းမသည် အတွေ့ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊
ဤအခြင်းအရာ ရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောက်ျားကို နှောင်ဖွဲ့၏၊

ရဟန်းတို့ ဖဿတည်း ဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တ၀ါတို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။

၇ - ပဌမ ဗန္ဓနသုတ်၊ မဟာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။