နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 2, 2008

တိဌာနသုတ်-

တိဌာနသုတ်-

ရဟန်းတို့ ...
အကြောင်းသုံးမျိုးတို့ဖြင့် ကြည်ညိုသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ ...

၁။ သီလနှင့်ပြည့်စုံသော သူတို့ကို ဖူးမြင်လိုသူ ဖြစ်၏၊
၂။ သူတော်ကောင်းတရားကို နာကြားလိုသူ ဖြစ်၏၊
၃။ လွတ်လွတ်စွန့်ကြဲခြင်း ရှိသည်ဖြစ်၍ စွန့်လွှတ်ခြင်း၌ ပျော်မွေ့သည် တောင်းခံ ခြင်းငှါသင့်သည် ပေးလှူမှု ဝေဖန်ခန့်ခွဲမှု၌ မွေ့လျော်သည်ဖြစ်၍ ၀န်တိုခြင်း ဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်၌နေသူ ဖြစ်၏။

ရဟန်းတို့ ...
ဤအကြောင်း သုံးမျိုးတို့ဖြင့် ကြည်ညိုသောသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။

အကြင်ပုဂ္ဂိုလ်သည် ...
သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏၊
သူတော်ကောင်းတရားကို နာကြားလို၏၊
ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက်တတ်၏၊
ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

၂ - တိဌာနသုတ်၊ စူဠ၀ဂ်၊ အင်္ဂုတ္တိုရ်။