နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, October 1, 2008

မလသုတ်- (အညစ်အကြေး)

မလသုတ်- (အညစ်အကြေး)

ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
ရဟန်းတို့ ...
၁။ မသရဇ္ဈာယ်ခြင်းသည် အတတ်ပညာ၏ အညစ်အကြေး မည်၏။
၂။ ထကြွလုံ့လ မရှိခြင်းသည် အိမ်၏ အညစ်အကြေး မည်၏၊
၃။ ပျင်းရိခြင်းသည် ကိုယ်အဆင်း၏ အညစ်အကြေး မည်၏။
၎။ မေ့လျော့ခြင်းသည် (ဥစ္စာကို)စောင့်ရှောက်သူ၏ အညစ်အကြေး မည်၏။
၅။ မကောင်းသော အကျင့်သည် မိန်းမ၏ အညစ်အကြေး မည်၏၊
၆။ ၀န်တိုမှုသည် ပေးလှူသော သူ၏ အညစ်အကြေးမည်၏၊
၇။ ယုတ်ညံ့ကုန်သော အကုသိုလ် တရားတို့သည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း အညစ်အကြေး မည်ကုန်၏၊
၈။ အ၀ိဇ္ဇာသည် ထိုဆိုအပ်ခဲ့ပြီးသော အညစ်အကြေးတို့ထက် ထူးသော အညစ် အကြေး မည်၏၊ လွန်ကဲသော အညစ်အကြေး မည်၏။

ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၅ - မလသုတ်၊ မဟာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။