နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 9, 2009

ပညာရှိသောသူ၏ အဖြစ်...

မောနေယျသုတ် - (ပညာရှိသောသူ၏ အဖြစ်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့...
ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း။

အဘယ် သုံးပါးတို့နည်း-

၁... ကာယမောနေယျ၊
၂... ဝစီမောနေယျ၊
၃... မနောမောနေယျတို့တည်း။

ရဟန်းတို့...
ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက် သဘောကို-

''ကာယဒုစရိုက်ကို ပယ်ဖျက်မှု ဝစီဒုစရိုက်ကို ပယ်ဖျက်မှု မနောဒုစရိုက်ကို ပယ်ဖျက်မှုရှိသော မဂ်ရေစင်ဖြင့် မကောင်းမှုကို ဆေးကြောပြီးသော မြင့်မြတ်သော မောနေယျတရားနှင့် ပြည့်စုံသော အာသဝေါ မရှိသူ ရဟန္တာကို မုနိဟူ၍ ဆိုကြကုန်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ ရပါသည်။ 67

၈ - မောနေယျသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: