နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, August 9, 2009

တမန်ပြုလုပ်၍ သွားရန် ထိုက်တန်သူ...

ဒူတေယျသုတ် - (တမန်တော်)

ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

၁... နားလည်း ထောင်တတ်၏၊
၂... ပြန်၍လည်း ပြောတတ်၏၊
၃... သင်ယူလည်း သင်ယူတတ်၏၊
၎... မှတ်လည်း မှတ်တတ်၏၊
၅... သိလည်း သိတတ်၏၊
၆... သိစေလည်း သိစေတတ်၏၊
၇... အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊
၈... ငြင်းခုံခြင်းကိုလည်း မပြုတတ်။

ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။

ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် နားလည်း ထောင်တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်းသိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကိုလည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန်ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည်

ကြမ်းတမ်းစွာ ပြောဆိုတတ်သော ပရိသတ်သို့ ရောက်သော်လည်း မတုန်မလှုပ်၊
စကားကိုလည်း မယုတ်စေ၊
သတင်းစကားကိုလည်း မဖုံးကွယ်။
ယုံမှားခြင်းကင်းသော စကားကိုလည်း ပြောဆိုတတ်၏၊
မေးမြန်းသော်လည်း အမျက် မထွက်တတ်၊
ထိုသို့ သဘောရှိသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။ 16

၆ - ဒူတေယျသုတ်၊ မဟာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: