နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, August 21, 2009

မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ကုန်၏...

ဌာနသုတ်- (အကြောင်း ၊ တည်ရာ၊ အရပ်၊ ရာထူး)

ရဟန်းတို့...
ကောင်းမှုကို ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏။

အဘယ် ငါးဌာနတို့နည်း-

၁...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်လို၏ဟူသော ဤပဌမဌာနကို ရလွယ်၏၊

၂...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သောအမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ဟူသော ဤဒုတိယဌာနကို ရလွယ်၏၊

၃...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော် သော အမျိုးသို့ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရလွယ်၏၊

၎...
ရဟန်းတို့ကောင်းမှု ပြုခဲ့ ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သောအမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လို၏ ဟူသော ဤစတုတ္ထဌာနကို ရလွယ်၏၊

၅...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ(လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ ဟူသော ဤပဉ္စမဌာနကို ရလွယ်၏။

ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏ ဟု မိန့်တော်မူ၏။ 311

၈ - ဌာနသုတ်၊ မှ၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

2 comments:

flowerpoem said...

ဘုန်းဘုန်းဘုရား မာတုဂါမတို့ ရနိုင်သည် ငါးဌာနကို မှတ်သားနာယူသွားပါတယ်ဘုရား
အရှင်ဘုရား ကျန်းမာချမ်းသာစေကြောင်း နေ့တိုင်း ဆုတောင်း မေတ္တာပို့လျှက်ပါဘုရား

lknt said...

ဒကာမကြီး flowerpoem ရေ...

မိသားစု ပို့သသော မေတ္တာကြောင့် မျှတပါတယ်...

ဒကာမကြီးတို့ မိသားစုလည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...

နေစဉ်တိုင်းမှာ သတိတရားနဲ့ နေရစ်ကြ...

ဦးလောကနာထ
၈.၂၈.၂၀၀၉