နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 29, 2009

သင်တို့၏ ဥစ္စာ မဟုတ်...

န တုမှသုတ် - (န= မရှိခြင်းသဘော။ တုမှံ= သင်တို့၏)

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏...

ရဟန်းတို့ ဤကိုယ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန်းတို့ ဤကိုယ်သည် ကံဟောင်းကြောင့် ဖြစ်၏၊ အကြောင်းတရားတို့ ပြုစီရင်အပ်သော တရားတည်း၊ စေတနာကံလျှင် အရင်းခံရှိ၏၊ ခံစားမှု 'ဝေဒနာ'၏ တည်ရာဖြစ်၏ ဟူ၍ မှတ်အပ်၏။

ရဟန်းတို့ ထိုအရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏- ''ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤ အကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အကြင်မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံ ကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

မသိမှု 'အဝိဇ္ဇာ'၏သာ လျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤ သို့လျှင် အလုံးစုံသော ဆင်းရဲအစုချုပ်၏'' ဟု ဟောတော်မူ၏။ 37

၇ - န တုမှသုတ်၊ ကဠာရခတ္တယဝဂ်၊ နိဒါနသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: