နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 5, 2009

သင် မပြတ်ဆင်ခြင်ပါ...


ပဗ္ဗဇိတအဘိဏှသုတ်

ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ် ဆင်ခြင်အပ်ကုန်၏။

အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ...

၁...
''ငါသည် အဆင်း ဖောက်ပြန်သည်၏ အဖြစ်သို့ ကပ်ရောက်ရ၏'' ဟု ရဟန်း
သည် မပြတ် ဆင်ခြင်အပ်၏။

၂...
''ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏'' ဟု မပြတ်
ဆင်ခြင်အပ်၏။

၃...
''ငါသည် လူအမူအရာ အသွင်အပြင်မှတစ်ပါး အခြားသော အသွင်အပြင် အမူအရာကို ပြုသင့်၏'' ဟု မပြတ် ဆင်ခြင်အပ်၏။

၎...
''ငါ၏ စိတ်သည် သီလအားဖြင့် မိမိကိုယ်ကို မစွပ်စွဲဘဲရှိ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၅...
''ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ သီလအား ဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၆...
''ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ ကွဲမှု (ဖြစ်ရမည်)'' ဟု မပြတ် ဆင်ခြင်အပ်၏။

၇...
''ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ ကံ၏ အမွေခံသူ ကံသာလျှင် အကြောင်းရှိသူ ကံသာလျှင် မိတ်ဆွေရှိသူ ကံသာလျှင် လဲလျောင်းရာ ရှိသူဖြစ်၏၊ ငါပြုမည့် ကောင်းသောကံ, မကောင်းသော ကံ၏ အမွေခံ ဖြစ်ရမည်'' ဟု မပြတ် ဆင်ခြင်အပ်၏။

၈...
''ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဥ့်နေ့တို့သည် ငါ့ကို လွန်ကုန်သနည်း'' ဟု မပြတ် ဆင်ခြင်အပ်၏။

၉...
''ငါသည် ဆိတ်ငြိမ်ရာ ကျောင်း၌ မွေ့လျော်၏လော'' ဟု မပြတ် ဆင်ခြင်အပ်၏။

၁၀...
''ငါသည် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး သေခါနီးကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်ရအံ့'' ဟု ရဟန်းသည် မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤဆိုခဲ့ပြီး တရားဆယ်မျိုးတို့ကို
ရဟန်းသည် မပြတ်ဆင်ခြင်အပ်ကုန်၏ ဟု မိန့်တော်မူ၏။ 48

၈ - ပဗ္ဗဇိတအဘိဏှသုတ်၊ အက္ကေသဝဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: