နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Wednesday, July 30, 2008

ကောင်းသောအလုပ်ကို လုပ်ဖြစ်အောင် လုပ်လိုက်ပါ-

သံဃာတော်များ ဥပုသ်ပြုရန် လပြည့် လကွယ်နေ့များ-

သာသနာ ၂၅၅၁-ခု၊ ခရစ် ၂ဝဝ၈-ခု၊ ကောဇာသက္ကရာဇ် ၁၃၆၉-၁၃၇ဝ-ခု။

လပြည့် လကွယ်နေ့များ သိလိုပါလျှင်

သံဃာတော်များ ဥပုသ်ပြုရန် လပြည့် လကွယ်နေ့များ

၁.ဝ၇.၂ဝဝ၈၊ တနင်္လာ၊ နတ်တော်လကွယ်။
၁.၂၂.၂ဝဝ၈၊ အင်္ဂါ၊ ပြာသိုလပြည့်။
၂.ဝ၆.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ ပြာသိုလကွယ်။
၂.၂၁.၂ဝဝ၈၊ ကြာသပတေး၊ တပိုတွဲလပြည့်။ သြဝါဒပါတိမောက်နေ့။
၃.ဝ၆.၂ဝဝ၈၊ ကြာသပတေး၊ တပိုတွဲလကွယ်။
၃.၂၁.၂ဝဝ၈၊ သောကြာ၊ တပေါင်းလပြည့်။ တပေါင်းပွဲတော်နေ့။
၎.ဝ၅.၂ဝဝ၈၊ စနေ၊ တပေါင်းလကွယ်။
၎.၂ဝ.၂ဝဝ၈၊ တနင်္ဂနွေ၊ တန်ခူးလပြည့်။
၅.ဝ၄.၂ဝဝ၈၊ တနင်္ဂနွေ၊ တန်ခူးလကွယ်။
၅.၁၉.၂ဝဝ၈၊ တနင်္လာ၊ ကဆုန်လပြည့်။ ညောင်ရေသွန်းပွဲတော်နေ့။
၆.ဝ၃.၂ဝဝ၈၊ အင်္ဂါ၊ ကဆုန်လကွယ်။
၆.၁၈.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ နယုန်လပြည့်။ မဟာသမယနေ့။
၇.ဝ၂.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ နယုန်လကွယ်။
၇.၁၇.၂ဝဝ၈၊ ကြာသပတေး၊ ဝါဆိုလပြည့်။ ဓမ္မစကြာနေ့။
၈.ဝ၁.၂ဝဝ၈၊ သောကြာ၊ ဝါဆိုလကွယ်။
၈.၁၆.၂ဝဝ၈၊ စနေ၊ ဝါခေါင်လပြည့်။ တရုတ်ရိုးရာကန်တော့ပွဲ။
၈.၃ဝ.၂ဝဝ၈၊ စနေ၊ ဝါခေါင်လကွယ်။ မေတ္တာအခါတော်နေ့။
၉.၁၄.၂ဝဝ၈၊ တနင်္ဂနွေ၊ တော်သလင်းလပြည့်။
၉.၂၉.၂ဝဝ၈၊ တနင်္လာ၊ တော်သလင်းလကွယ်။
၁ဝ.၁၄.၂ဝဝ၈၊ အင်္ဂါ၊ သီတင်းကျွတ်လပြည့်။ အဘိဓမ္မာအခါတော်နေ့။
၁ဝ.၂၈.၂ဝဝ၈၊ အင်္ဂါ၊ သီတင်းကျွတ်လကွယ်။
၁၁.၁၂.၂ဝဝ၈၊ ဗုဒ္ဓဟူး၊ တန်ဆောင်မုန်းလပြည့်။ တန်ဆောင်တိုင်ပွဲတော်နေ့။
၁၁.၂၇.၂ဝဝ၈၊ ကြာသပတေး၊ တန်ဆောင်မုန်းလကွယ်။ ၁ဝ-ကြိမ်မြောက် ပဋ္ဌာန်းပွဲတော်
၁၂.၁၂.၂ဝဝ၈၊ သောကြာ၊ နတ်တော်လပြည့်။ အလိုတော်ပြည့်ဘုရားပွဲတော်နေ့။
၁၂.၂၆.၂ဝဝ၈၊ သောကြာ၊ နတ်တော်လကွယ်။

Tuesday, July 29, 2008

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး-

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး

၁။ သီလဂုဏ်၊ ကိုယ်ကျင့်တရား ကောင်းမွန်စွာရှိမှုဂုဏ်၊
၂။ သမာဓိဂုဏ်၊ စိတ်ဓါတ် မြင့်မြတ်မှုဂုဏ်၊
၃။ ပညာဂုဏ်၊ လောကုတ် လောကီပညာ ပြည့်ဝမှုဂုဏ်၊
၎။ ဒါနဂုဏ်၊ ပေးကမ်းစွန့်ကြဲမှုဂုဏ်၊
၅။ ပေယျဝစ္စဂုဏ်၊ ချစ်ဖွယ်စကားဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်မှုဂုဏ်၊
၆။ အတ္ထစရိယဂုဏ်၊ သူ့အကျိုးကိုသည်ပိုးနိုင်မှုဂုဏ်၊
၇။ သမာနတ္ထဂုဏ်၊ မိမိနှင့်တူသော ကောင်းကျိုးသုခကို ပေးစွမ်းနိုင်မှုဂုဏ်။

သမ္မာပရိဗ္ဗာဇနီယသုတ်-


သမ္မာပရိဗ္ဗာဇနီယသုတ်

((သမ္မာ=ကောင်းစွာ။ ပရိဗ္ဗာဇန=လှည့်ပတ်သွားလာခြင်း။))

ရာဂစရိုက်ရှိသူတို့အတွက်
ဝတ္ထုကာမ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သော အကျင့်။

၃၆၂။ အကျွန်ုပ်သည် ကြီးမားကျယ်ပြန့်ပြောသော ပညာရှိသော သြဃလေးပါးကို ကူးမြောက်ပြီးသော နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ ရောက်ပြီးသော ကိလေသာ ငြိမ်းအေးပြီးသော မတုန်မလှုပ်တည်တံ့သော စိတ်ရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင် အိမ်ရာတည်ထောင် လူ့ ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ကပ်ရောက်သော ရဟန်းသည် အဘယ်သို့ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်ပါသနည်း။ (၁)

၃၆၃။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -
အကြင်ရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာတို့ကို လည်းကောင်း၊ ဥပ္ပါတကျမ်း အိပ်မက်ကျမ်း လက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းတို့ကိုလည်းကောင်း အကြွင်းမဲ့ နုတ်အပ်ပြီ၊ ထိုရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာ အပြစ်ကို ပယ်နုတ်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၂)

၃၆၄။ အကြင်ရဟန်းသည် လူ၌ ဖြစ်သော ကာမဂုဏ်တို့၌ လည်းကောင်း၊ နတ်၌ ဖြစ်သော ကာမဂုဏ်တို့၌ လည်းကောင်း တပ်စွန်းမှု 'ရာဂ' ကို ပယ်ဖျောက်ရာ၏၊ ထိုရဟန်းသည် သစ္စာတရားကိုဉာဏ်ဖြင့် သက်ဝင်လျက် ဘဝသုံးပါးကို လွန် မြောက်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။(၃)

၃၆၅။ အကြင်ရဟန်းသည် ကုန်းတိုက်ခြင်းတို့ကို ကျောခိုင်း၍ အမျက်ထွက်ခြင်း ဝန်တိုခြင်းကို ပယ်စွန့်ရာ၏၊ ထိုရဟန်းသည် နှစ်သက်ဖွယ် အာရုံ မနှစ်သက်ဖွယ် အာရုံတို့၌ ရာဂ ဒေါသကို ပယ်စွန့်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၄)

၃၆၆။ (အကြင်ရဟန်းသည် ) ချစ်အပ်သော ဝတ္ထုကို လည်းကောင်း၊ မချစ်အပ် သော ဝတ္ထုကိုလည်းကောင်း ပယ်စွန့်၍ တစ်စုံတစ်ခုသော အာရုံ၌ မစွဲလမ်း မမှီမူ၍ သံယောဇဉ်၏ အာရုံတရားတို့မှ လွတ်မြောက်၏၊ ထိုရဟန်းသည် လောက နှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၅)

၃၆၇။ ထိုရဟန်းသည် စွဲလမ်း၍ ယူအပ်သော ခန္ဓာတို့၌ ဆန္ဒရာဂကို ပယ်ဖျောက် ၍ ခန္ဓာဟူသော ဥပဓိတို့၌ အနှစ်သာရဟု ယူခြင်းသို့ မရောက်၊ ထိုရဟန်းသည် (တဏှာဒိဋ္ဌိကို) မမှီဘဲ သူတစ်ပါးတို့ မဆွဲဆောင်နိုင်သည် ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၆)

၃၆၈။ အကြင်ရဟန်းသည် နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း၊ ကိုယ်ဖြင့် လည်းကောင်း သုစရိုက်တရားတို့နှင့် မဆန့်ကျင်မူ၍ သစ္စာလေးပါး တရားကို ကောင်းစွာ သိပြီးလျှင် ခန္ဓပရိနိဗ္ဗာန်ကို လိုလား တောင့်တနေသူ ဖြစ်၍ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၇)

၃၆၉။ အကြင်ရဟန်းသည် ငါ့ကို ရှိခိုး၏ဟူ၍လည်း စိတ်မတက်ကြွရာ၊ ဆဲဆို သော်လည်း ရန်ငြိုးမဖွဲ့ရာ၊ သူတစ်ပါးတို့ ပေးလှူအပ်သော ဘောဇဉ်ကို ရ၍လည်း မာန်မယစ်ရာ၊ ထိုရဟန်းသည် လောကနှင့်မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။(၈)

၃၇ဝ။ အကြင်ရဟန်းသည် ဝိသမလောဘကို လည်းကောင်း၊ ဘဝသုံးပါးကို လည်းကောင်း ပယ်စွန့်၍ သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းမှလည်း ရှောင်ကြဉ်၏၊ ထိုရဟန်းသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသူ ရာဂစသော မြားငြောင့်ကင်းပြီးသူ ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၉)

၃၇၁။ အကြင်ရဟန်းသည် မိမိအား လျောက်ပတ်သော အကျင့်ကိုသိ၍ လည်း ကောင်း၊ သစ္စာလေးပါးတရားကို ဟုတ်တိုင်းမှန်စွာ သိ၍ လည်းကောင်း လောက၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁ဝ)

၃၇၂။ အကြင်ရဟန်းအား အနုသယတို့သည် တစ်စုံတစ်ခုမျှ မရှိကုန်၊ အကုသိုလ် အမြစ်အရင်း တို့ကိုလည်း ကောင်းစွာ ပယ်နုတ်အပ်ကုန်၏၊ ထိုရဟန်းသည် တဏှာကင်းသူ တောင့်တခြင်း မရှိသူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၁)

၃၇၃။ အကြင်ရဟန်းသည် အာသဝေါကုန်ပြီးသူ မာန်ကို ပယ်ပြီးသူ ရာဂ လမ်းကြောင်း အားလုံးကို လွန်ပြီးသူ ယဉ်ကျေးပြီးသူ ကိလေသာမီး ငြိမ်းအေးပြီး သူ မတုန်မလှုပ် တည်တံ့သော စိတ်ရှိသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၂)

၃၇၄။ အကြင်ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏၊ အကြားအမြင် များ၏၊ မြဲသော အရိယမဂ်ကို မြင်ပြီး ဖြစ်၏၊ (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ဖြင့်) အစုစု ကွဲသော သတ္တဝါတို့၌ (မိစ္ဆာအယူဖြင့်) အစုတစ်ခုခုသို့ လားရောက်ခြင်း မရှိ တည်ကြည်၏။ ထိုရဟန်းသည် လောဘကို လည်းကောင်း၊ ဒေါသကို လည်းကောင်း၊ ထိပါး ပုတ်ခတ်ခြင်းကို လည်းကောင်း ပယ်ဖျောက်၍ လောကနှင့်မလိမ်းကျံဘဲ ကောင်း စွာ နေနိုင်၏။ (၁၃)

၃၇၅။ အကြင်ရဟန်းသည် ကောင်းစွာ စင်ကြယ်သော အရဟတ္တမဂ်ဖြင့် ကိလေသာကို အောင်ပြီးသူ ကိလေသာ အမိုးကို ဖွင့်လှစ်ပြီးသူ သစ္စာတရားကို လေ့လာပြီးသူ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ တဏှာဟူသော တုန်လှုပ်ခြင်း မရှိသူ သင်္ခါရ၏ချုပ်ရာ နိဗ္ဗာန်ကို အာရုံပြုသော မဂ်ဉာဏ်၌ လိမ္မာသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၄)

၃၇၆။ အကြင်ရဟန်းသည် လွန်ပြီးသော ခန္ဓာတို့၌ လည်းကောင်း၊ လာလတ္တံ့ သော ခန္ဓာတို့၌ လည်းကောင်း ငါ ငါ့ဥစ္စာဟု ကြံစည်မှု တဏှာဒိဋ္ဌိကို လွန်၏၊ အလွန် စင်ကြယ်သော ပညာရှိ၏၊ အာယတန အားလုံးတို့မှ ကင်းလွတ်၏၊ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၁၅)

၃၇၇။ အကြင်ရဟန်းသည် တစ်ခုတစ်ခုသော သစ္စာကို ဝိပဿနာပညာဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ပညာဖြင့် (တစ်ပြိုင်နက်) သက်ဝင်ပြီးလျှင် အာသဝေါ တရားတို့၏ ကုန်ရာ နိဗ္ဗာန်ကို အပိတ်အပင်မရှိ သိမြင်ရကား အလုံးစုံသော ဥပဓိတို့၏ ကုန်ခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၆)

၃၇၈။ မြတ်စွာဘုရား ဤစကားသည် စင်စစ် ဟောတိုင်းမှန်လှပါ၏၊ အကြင် ရဟန်းသည် ဤသို့ ဟောတော်မူသည့် အတိုင်း နေလေ့ရှိ၏၊ ထိုရဟန်းသည် ယဉ်ကျေးသူ သံယောဇဉ်နှင့် ယောဂ အားလုံးတို့ကို လွန်မြောက်သူဖြစ်၍ လောက နှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၇)

တစ်ဆယ့်သုံးခုမြောက် သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။

သမ္မာပရိဗ္ဗာဇနီယသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေး အဖြေ ၁၀-ခု


ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော အမေး အဖြေ ၁၀-ခု


ကုမာရပဥှာ

၁။ တစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါဟူသမျှတို့သည် အကြောင်း'အာဟာရ'လျှင် တည်ရာရှိကုန်၏။
၂။ နှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= နာမ်နှင့် ရုပ်တည်း။
၃။ သုံးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဝေဒနာသုံးပါးတို့တည်း။
၎။ လေးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။
၅။ ငါးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= (စွဲလမ်းမှု) ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။
၆။ ခြောက်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အတွင်း 'အဇ္ဈတ္တိက' အာယတနခြောက်ပါးတို့တည်း။
၇။ ခုနစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။
၈။ ရှစ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်း။
၉။ ကိုးခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= သတ္တဝါတို့၏ တည်နေရာ 'သတ္တာဝါသ' ကိုးပါးတို့တည်း။
၁ဝ။ ဆယ်ခုသောတရားမည်သည် အဘယ်နည်း?
အဖြေ= အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသူကို ''ရဟန္တာ''ဟုဆိုအပ်၏။

ကုမာရပဥှာ၊ ခုဒ္ဒကပါဌပါဠိတော်။

ဒုက္ခသုတ်-

ဆင်းရဲလိုသော်-

ကြံစည်မှု ၃-ပါးနှင့်၊ မှတ်သားမှု ၃-ပါး ရှိနေလျှင် သင်တို့ ဆင်းရဲမည်။

ချမ်းသာလိုသော်-

ကြံစည်မှု ၃-ပါးနှင့်၊ မှတ်သားမှု ၃-ပါး ရှိနေလျှင် သင်တို့ ချမ်းသာမည်။

သိလိုပါလျှင်..........

ဒုက္ခသုတ်-

၇၅။ ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ ပင်လျှင် ငြိုငြင်ခြင်း ပင်ပန်းခြင်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ 'ဒုဂ္ဂတိဘဝ' ကို (မချွတ်ရလိမ့်မည် ဟု) မျှော်လင့်အပ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ
၁။ ကာမဂုဏ်ကို ကြံစည်မှု 'ကာမဝိတက်'၊
၂။ ပျက်စီးစေရန် ကြံစည်မှု 'ဗျာပါဒဝိတက်'၊
၃။ ညှဉ်းဆဲရန် ကြံစည်မှု 'ဝိဟိံသဝိတက်'၊
၎။ ကာမဂုဏ်၌ မှတ်သားမှု 'ကာမသညာ'၊
၅။ ပျက်စီးစေရန် မှတ်သားမှု 'ဗျာပါဒသညာ'၊
၆။ ညှဉ်းဆဲရန် မှတ်သားမှု 'ဝိဟိံသသညာ' တို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ ပင်လျှင် ငြိုငြင်ခြင်း ပင်ပန်းခြင်း ပူပန်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ 'ဒုဂ္ဂတိဘဝ' ကို (မချွတ်ရလိမ့်မည် ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ ပင်လျှင် ငြိုငြင်ခြင်း ပင်ပန်းခြင်း ပူပန်ခြင်း မရှိမူ၍ ချမ်းသာစွာ နေရ၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ 'သုဂတိဘဝ'ကို (မချွတ်ရလိမ့်မည် ဟု) မျှော်လင့်အပ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ
၁။ ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံစည်မှု 'နေက္ခမ္မဝိတက်'၊
၂။ မပျက်စီးစေရန် ကြံစည်မှု 'အဗျာပါဒဝိတက်'၊
၃။ မညှဉ်းဆဲရန် ကြံစည်မှု 'အဝိဟိံ သဝိတက်'၊
၎။ ကာမဂုဏ်မှ လွတ်မြောက်ခြင်း၌ မှတ်သားမှု 'နေက္ခမ္မသညာ'၊
၅။ မပျက်စီးစေရန် မှတ်သားမှု 'အဗျာပါဒသညာ'၊
၆။ မညှဉ်းဆဲရန် မှတ်သားမှု 'အဝိဟိံသသညာ' တို့တည်း။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ ပင်လျှင် ငြိုငြင်ခြင်းပင်ပန်းခြင်း ပူပန်ခြင်း မရှိမူ၍ ချမ်းသာစွာ နေရ၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ 'သုဂတိဘဝ'ကို (မချွတ် ရလိမ့်မည် ဟု) မျှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။
ဒုက္ခသုတ်၊ အရဟတ္တ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

အပ္ပမာဒသုတ် -

အပ္ပမာဒသုတ် -

အသျှင်ဂေါတမ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကိုယူ၍ တည် သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားသည် ရှိပါသ လောဟု လျှောက်၏။

ပုဏ္ဏား မျက်မှောက် အကျိုး တမလွန် အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသောတရားဟူသည်'အပ္ပမာဒ' ပင်တည်း။

'အပ္ပမာဒ' ဆိုသည်မှာ..........
ကုသိုလ်ပြုရန် မမေ့မလျော့သော သတိတရား -

အပ္ပမာဒသုတ် -

၅၃။ ထိုအခါ ပုဏ္ဏား တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ လျက် မြတ်စွာဘုရားအား-

အသျှင်ဂေါတမ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကိုယူ၍ တည် သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားသည် ရှိပါသ လောဟု လျှောက်၏။

ပုဏ္ဏား မျက်မှောက် အကျိုး တမလွန် အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားသည် ရှိ၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုးလုံးကိုယူ၍တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် အဘယ်ပါ နည်းဟု (လျှောက်၏)။

ပုဏ္ဏား မျက်မှောက် အကျိုး တမလွန် အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသောတရားဟူသည် မမေ့လျော့မှု 'အပ္ပမာဒ' ပင်တည်း။

ပုဏ္ဏား ကုန်းမြေ၌ ကျက်စား သွားလာကုန်သော သတ္တဝါတို့၏ ခြေရာ ဟူသမျှ တို့သည် ဆင်ခြေရာ၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန် သကဲ့သို့၊ ဆင်ခြေရာကို ကြီးမားသည့် အဖြစ်ကြောင့် ထိုသတ္တဝါတို့၏ ခြေရာတို့ထက်မြတ်၏ဟု ဆိုအပ် သကဲ့သို့၊ ပုဏ္ဏား ထို့အတူသာလျှင် မျက်မှောက်အကျိုး တမလွန်အကျိုး နှစ်မျိုး လုံးကိုယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု 'အပ္ပမာဒ' ပင်တည်း။

ပုဏ္ဏား ဥပမာသော်ကား အထွတ်တပ်သော အိမ်၌ အခြင် ဟူသမျှတို့သည် အထွတ်သို့ ရောက်ကုန် အထွတ်သို့ ညွှတ်ကုန် အထွတ်လျှင် စုဝေးရာ ရှိကုန်သကဲ့သို့၊ အထွတ်ကို ထိုအခြင်တို့ထက် မြတ်၏ဟူ၍ ဆိုအပ်သကဲ့သို့၊ ပုဏ္ဏား ထို့အတူသာလျှင်။ပ။

ပုဏ္ဏား ဖြူဆံမြက်ရိတ် ယောက်ျားသည် ဖြူဆံမြက်ကို ရိတ်၍ အဖျား၌ ကိုင်ပြီးလျှင် အောက်သို့ခါသကဲ့သို့ ဘေးနှစ်ဖက်သို့ ခါသကဲ့သို့၊ တစ်စုံတစ်ခုဖြင့် ရိုက်နှက် သကဲ့သို့ ပုဏ္ဏား ထို့အတူ သာလျှင်။ပ။

ပုဏ္ဏား သရက်သီးခိုင်၏ သရက်သီး (ဟူသမျှ)တို့သည် အညှာ၌ ဖွဲ့ကုန် အညှာသို့ အစဉ်လိုက်ကုန်သကဲ့သို့ ပုဏ္ဏား ထို့အတူ သာလျှင်။ပ။

ပုဏ္ဏား မင်းငယ် အားလုံးတို့သည် စကြဝတေးမင်း၏ နောက်လိုက် ဖြစ်ကုန် သကဲ့သို့၊ ထိုမင်းတို့ထက် စကြဝတေးမင်းကို မြတ်၏ ဟု ဆိုအပ်သကဲ့သို့ ပုဏ္ဏား ထို့အတူ သာလျှင်။ပ။

ပုဏ္ဏား နက္ခတ်တာရာတို့၏ အရောင်ဟူ သမျှသည် လရောင်၏ နှစ်ရာ့ငါးဆယ့် ခြောက်စိတ်၏ တစ်စိတ်ကိုမျှ မမှီသကဲ့သို့၊ လရောင်ကို ထိုအရောင်တို့ထက် မြတ်၏ ဟု ဆိုအပ်သကဲ့သို့ ပုဏ္ဏား ထို့အတူသာလျှင် မျက်မှောက် အကျိုး တမလွန် အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ်ကြိမ် ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု 'အပ္ပမာဒ' ပင်တည်း။

ပုဏ္ဏား ဤသည်လျှင် မျက်မှောက် အကျိုး တမလွန် အကျိုး နှစ်မျိုးလုံးကို ယူ၍ တည်သော ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော တစ်ခုသော တရားပင်တည်း ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊
အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊

အသျှင်မြတ်ဘုရားသည်
ယနေ့မှစ၍ အကျွန်ုပ်ကို အသက်ထက်ဆုံး
(ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်တတ်သူ
'ဥပါသကာ' ဟူ၍ မှတ်တော်မူပါ ဟု (လျှောက်၏)။

ဧကာဒသမသုတ်။
၁၁ - အပ္ပမာဒသုတ်၊ ဓမ္မိက၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Monday, July 28, 2008

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးများ-






ဗုဒ္ဓဘာသာ သံဂါယနာတင်ရာ မြေပုံ-


ဗုဒ္ဓဘာသာ သံဂါယနာတင်ရာ မြေပုံ

ပိဋကတ် ၃-ပုံ-

ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက်

၄၅-နှစ် ဟောကြားတော်မူခဲ့သော တရားအပေါင်းကို
မပျောက်ပျက်စေရန် အရှည်တည်တန့်ရန် သံဃာတော်များမှ
သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ ပိဋကသုံးပုံ ခွဲခြားပြီး သံဂါယနာတင်ခဲ့လေသည်။

သုတ္တန်ပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁ဝဝဝ-ရှိပါသည်
သုတ္တန်ပိဋကသည် သတ္တဝါတို့၏ ဝါသနာ, ဗီဇ, စရိုက်အလိုက်၊
ကျွတ်ထိုက်သောသူတို့အား သင့်လျော်ရာ တရားတော်တို့ကို
ဟောကြားတော်မူခြင်း ဖြစ်သည်။ (ဝေါဟာရဒေသနာဟုခေါ်သည်)

ဝိနည်းပိဋကတွင် ဓမ္မက္ခန္ဓာ ၂၁ဝဝဝ-ရှိပါသည်
ဝိနည်းပိဋကသည် မြတ်စွာဘုရား၏သာသနာဝယ်၊
ရဟန်းယောက်ျား ရဟန်းမိန်းမ လူတပည့်သာဝကတို့အတွက် စည်းကမ်း၊
အကျွတ်တရားရရန် နည်းလမ်းများပင် ဖြစ်သည်။ (အာဏာဒေသနာဟုခေါ်သည်)

အဘိဓမ္မာပိဋကတွင် ဓမ္မက္ခန္ဓာ ၄၂ဝဝဝ-ရှိပါသည်
အဘိဓမ္မာပိဋကသည် သဗ္ဗညုတဉာဏ်တော်နှင့် ထိုးထွင်း၍သိတော်မူသော
မဖေါက်မပြန် မှန်ကန်သော ပရမတ္ထတရားများကို ဟောကြားခြင်း ဖြစ်သည်။
(ပရမတ္ထဒေသနာဟုခေါ်သည်)

Saturday, July 26, 2008

သာသနာလမ်း မျှော်ကာမှန်းတော့

((ထားဝယ်ဆရာလေး ဆိုဒ်မှ---))

"သာသနာလမ်း မျှော်ကာမှန်းတော့"

ဘုရားသခင် ပွင့်ထွန်းစဉ်က
ဆန့်ကျင်ဘုရား ခြောက်ဦးကြားတွင်
ငွါးငွါးစွင့်စွင့် ရဲရဲရင့်၍
ပွင့်ထွန်းခဲ့ရသည်။

ဘုရားသခင် နိဗ္ဗာန်ဝင်ပြီး
အလျင်မကြာ နှစ်တစ်ရာတွင်
ဝါဒဆယ်ချက် ပြင်ဖြည့်စွက်၍
မရှက်သီလ အဓမ္မတို့
ဓမ္မရေခြုံ လွှမ်းမိုးကုန်သည်

ဥုံ အ၀ီစိ ဂစ္ဆာမိသို့ ။

အဘိဓမ္မာ တစ်ဖြာသုတ္တန်
တစ်ဖန်ဝိနည်း ရောမွှေပြီးတော့
အရည်းရဟန်း တရားဆန်းသည်
ပန်းဦးဆက်ကြ ဒကာမတို့
ကာမအလှူ ကောင်းသည်ဟူ၏ ကောင်းဟူ၏။

နှစ်ထောင့်ငါးရာ ကျော်ခဲ့ပါသည့်
သာသနာလမ်း မျှော်ကြည့်စမ်းပါ
နှောပြွမ်းရောယှက် ဗေဒင်တွက်၍
လက္ခဏာကြည့် မဟိဒ္ဓိနှင့်
သိဒ္ဓိတင်ကာ ယတြာဓါတ်ဆင်
အမြင်အကြား မာန်ဝင့်ကြွားပြီး
ဘုရားရိပ်ခို မလိုဖြိုဖျက်
အရှက်မရှိ ယနေ့ထိအောင်
ဝိနည်းဖေါက်ပြန် သူကောင်းဟန်နှင့်
ဖန်ဖန်စီးဖြန်း ကမ္မဋ္ဌာန်းက
ဂဏန်းနှစ်လုံး နောက်သုံးလုံးကို
ဖုံးဖုံးဖိဖိ ပြုံးစိစိနှင့်
မသိသလို သိသလို ။ ။

``ဘိုးတော်မှာလား ဘုရားလား´´

((ထားဝယ်ဆရာလေး))

Thursday, July 24, 2008

လောက၌ ဖြစ်နိုင်ခဲသော အားထုတ်ခြင်း ၂-မျိုး-

ပဓာနသုတ်မှ...

လောက၌ ဖြစ်နိုင်ခဲသော အားထုတ်ခြင်း ၂-မျိုး-

၁။ လူတို့သည် ဆွမ်းသင်္ကန်း ကျောင်း ဆေး စသည်လှူရန် အားထုတ်၏။

၂။ ရဟန်းသည် နိဗ္ဗာန်ကို ရရန် အားထုတ်၏။

ထို ဖြစ်နိုင်ခဲသော ၂-မျိုးတွင် နိဗ္ဗာန်ရရန် အားထုတ်ခြင်းသည် မြတ်၏။

သင်တို့ ဤသို့ကျင့်ရမည်။

မူရင်းအတိုင်း ဖတ်လိုပါလျှင်.....

ပဓာနသုတ်

ရဟန်းတို့ .......
လောက၌ ဖြစ်စေနိုင်ခဲကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ် နှစ်မျိုးတို့နည်းဟူမူ- အိမ်၌ နေကုန်သော လူတို့၏ သင်္ကန်း၊ ဆွမ်း၊ ကျောင်း သူနာ၏ အထောက်အပံ့ ဖြစ်သော ဆေး အသုံးဆောင်တို့ကို ထောက် ပံ့ခြင်းငှာ အားထုတ်ခြင်း။ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ 'ရဟန်းပြု' ကုန်သော ရှင်ရဟန်းတို့၏ အလုံးစုံသော ဥပတိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန် အကျိုးငှာ အားထုတ်ခြင်းတို့တည်း။

ရဟန်းတို့ ဖြစ်စေနိုင်ခဲ့ကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်းနှစ်မျိုးတို့တွင် အလုံးစုံသော ဥပဓိတို့ကို စွန့်ရာ ဖြစ်သော နိဗ္ဗာန် အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ် ရာ နိဗ္ဗာန် အကျိုးငှာ အားထုတ်ခြင်းကို အားထုတ်ကြကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။

ဒုတိယ၊ ပဓာနသုတ်၊ ကမ္မကရကဏ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ရှင်ရဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက်-

ရှင်ရဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက်(၃၂-ယောက်)

၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၎။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၆။ နား နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၇။ ခြေချောင်း လက်ချောင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၈။ ခြေမ လက်မပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၉။ အကြောမ ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁ဝ။ ခြေချောင်း လက်ချောင်း ပူးနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၁။ ခါးကုန်းနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၂။ ပုကွသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၃။ လည်ပင်းကြီးနာရှိသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၅။ ကြိမ်ဒဏ်ပေးခံရသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၆။ တွေ့ရာအရပ်၌ သတ် ဟူ၍ ကြော်ညာထားသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၇။ ခြေထိုင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၈။ အနာဆိုးရှိသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၉။ ပရိသတ်ကို ဖျက်ဆီးသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂ဝ။ မျက်စိတစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၁။ လက်ခြေကောက်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၂။ ခွင်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၃။ ကိုယ်တစ်ခြမ်းသေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။(ဖက်သကပ်နာ)
၂၄။ ဆွံ့သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၅။ အိုမင်းမစွမ်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၆။ မျက်စိနှစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၇။ (စကားဆွံ့) အသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၈။ နားပင်းသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၉။ ကန်းလည်းကန်း အလည်းအသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃ဝ။ ကန်းလည်းကန်း နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၁။ အလည်းအ နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူအား ရှင်ရဟန်း ပြုမပေးအပ်။

ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏။

(ပဋိသန္ဓေနှင့်တကွ အသက်နှစ်ဆယ်မပြည့်သူ၊ ပါရာဇိကသို့ရောက်သူ၊ ပဏ္ဍုက်စသော အဘဗ္ဗပုဂ္ဂိုလ်တစ်ကျိတ်တစ်ယောက်၊ ပေါင်း ၁၃-ယောက်သည် ရဟန်းပြုသော်လည်း ရဟန်းမဖြစ်။ ကြွင်းသောပုဂ္ဂိုလ်တို့ကား ရဟန်းဖြစ်ကုန်၏။ သို့သော် ရဟန်းပြုပေးသောသူ အာပတ်မလွတ်။)

မဟာဝဂ်ပါဠိတော် မြန်မာပြန်၊ ဦးရေ ၅၇၊ စာ ၁၂၇။

Wednesday, July 23, 2008

ဗေဒင် နက္ခတ်ကို ယုံကြည်လွန်းက အကျိုးပျက်စီးတတ်ကြောင်း-

နက္ခတ္တဇာတ်

ဗေဒင် နက္ခတ်ကို ယုံကြည်လွန်းက အကျိုးပျက်စီးတတ်ကြောင်း

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်ယောက် သော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောတော် မူ၏။

သာဝတ္ထိပြည်သူ အမျိုးသမီး တစ်ယောက်ကို ဇနပုဒ်(ရွာ)သား တစ်ယောက်သည် မိမိသားနှင့် လက်ထပ်ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်း၍ နေ့ရက်သတ်မှတ်ထား ပါသည်။

ထိုနေ့ရောက်သည့်အခါ မိမိကိုးကွယ်သည့် အာဇီဝကထံသွား၍ မိမိသားအတွက် ယနေ့ထိမ်းမြား မင်္ဂလာပြုမည် ဖြစ်သောကြောင့် နက္ခတ်ကောင်း မကောင်း မေးမြန်း၏။ ဆရာဖြစ်သူဇီဝက-က ငါ့ကို အရင်မမေးဘဲ ရက်သတ်မှတ်ပြီးမှ လာမေးတယ်၊ သူတို့မင်္ဂလာပွဲ ပျက်အောင်ဖျက်မယ်ဟု ကြံစည်၍၊ ဒီနေ့ နက္ခတ်မကောင်းဘူး၊ လက်ထပ်ပွဲမလုပ်ကြနဲ့၊ လုပ်လျှင် အကြီးအကြယ် ပျက်စီး ကြမယ်ဟု ဟောလိုက်လေသည်။

သတို့သားမိဘတို့သည်လည် ဆရာဇီဝက၏ စကားကိုယုံကြည်၍ သတ်မှတ်ထား သော နေ့ရက်၌ မသွားဘဲနေကြ၏၊ သတို့သမီးမိဘတို့သည်လည်း မင်္ဂလာပွဲ ပြုလုပ်ရန် အခမ်းအနားကို အသင့်စီစဉ်ပြီး စောင့်ဆိုင်းနေလေရာ၊ သတို့သား မရောက်လာသဖြင့် သာဝတ္ထိတွင်ရှိသော သမီးကိုနှစ်သက်နေသူ တစ်ဦးနှင့် ထိမ်းမြားလက်ထပ် ပေးလိုက်ကြပါသည်။ နောက်တစ်နေ့ ဇနပုဒ်သားတို့လာ၍ အမျိုးသမီးကိုတောင်းကြရာ၊ သာဝတ္ထိပြည်သားတို့နှင့် ရန်ဖြစ်ကာ သတို့သမီးကို မရရှာဘဲ ပြန်သွားကြရပါသည်။

အာဇီဝက၏ နက္ခတ်မကောင်း ဆိုသောစကားကြောင့် မလာရပါဟု ပြောသော စကား ကြားသောအခါ မြို့သားပညာရှိတစ်ဦးက အောက်ပါဂါထာကို ရွတ်ဆိုလေ သည်။

နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာ။

နက္ခတ်ကို ယုံကြည်နေသော သူမိုက်ကို ဇနီးမယားရခြင်းဟူသော အကျိုးစီပွါး သည် ကျော်လွန်၍သွား၏။ အကျိုးစီးပွါးကို ရခြင်းသည်သာနက္ခတ်ကောင်းမည်၏။ ကောင်းကင်က ကြယ်တာယာ နက္ခတ်တို့သည် အဘယ်မည်သော အကျိုး စီးပွါးကို ပြုနိုင်ကုန်အံ့နည်း။


ဇာတကပါဠိတော်၊ အတ္တကာမ၀ဂ်၊ နက္ခတ္တဇာတ်။

Tuesday, July 22, 2008

သံဃသာမဂ္ဂီသုတ်၊ ၉-

သံဃာကို ညီညွတ်အောင် ပြုခြင်းကြောင့်

သံဃသာမဂ္ဂီသုတ်

သံဃာကို ညီညွတ်အောင် ပြုခြင်းကြောင့်

ညီညွတ်သူတို့အား ချီးမြှောက်မှုသည် ချမ်းသာ၏။
ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည်
ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊
သံဃာညီညွတ်အောင် ပြုသောကြောင့်
အာယုကပ်ပတ်လုံး နတ်ပြည်၌မွေ့လျော်ရ၏။

မူရင်းအတိုင်းဖတ်လိုပါလျှင်....

သံဃသာမဂ္ဂီသုတ်

၁၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုး စီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။ ((သံဃာညီညွတ်မှုတည်း))
ရဟန်းတို့ သံဃာ ညီညွတ်သည်ရှိသော် သံဃာ ညီညွတ်ခြင်းကြောင့်

အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။
အချင်းချင်း
ခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။
အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့ သည်လည်း မဖြစ်ကုန်။
အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။
မကြည်ညိုသေးသော သူတို့သည်လည်း ကြည်ညိုကုန်၏။
ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။
ထိုသုတ်၌ ဤအနက် သဘောကို -
''သံဃာ ညီညွတ်မှုသည် လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည် လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသော ကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌မွေ့လျော်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ် ၏။

ဤအနက် သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။
သံဃသာမဂ္ဂီသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

သံဃဘေဒသုတ်၊ ၈-

ညီညွတ်သော သံဃာကို ကွဲအောင်ပြုခြင်းကြောင့်-

သံဃဘေဒသုတ်၊ ၈

ညီညွတ်သော သံဃာကို ကွဲအောင်ပြုခြင်းကြောင့်

သံဃာကို သင်းခွဲသူသည် အပါယ်၌ ဖြစ်ထိုက်၏။
သံဃာ ကွဲပြားမှု၌ မွေ့လျော်သူသည် နိဗ္ဗာန်မှ ဆုတ်ယုတ်၏။
(အဝီစိ) ငရဲ၌ ဖြစ်ရ၏။
(အန္တရ) ကပ်ပတ်လုံး ငရဲ၌ ကျက်ရ၏။

မူရင်းအတိုင်းဖတ်လိုပါလျှင်....

၈ - သံဃဘေဒသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။
၁၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ စီးပွါးမဲ့ရန် လူအများ မချမ်းသာရန် လူအများ အကျိုးမဲ့ရန် နတ်လူတို့ အကျိုးစီးပွါး မရှိရန် ဆင်းရဲရန်သာဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။ ((သံဃာ ကွဲပြားမှုတည်း))
ရဟန်းတို့ သံဃာ ကွဲပြားသည်ရှိသော် သံဃာ ကွဲပြားခြင်းကြောင့်.....

အချင်းချင်း ငြင်းခုံမှုတို့သည်လည်း ဖြစ်ကုန်၏။
အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း ဖြစ်ကုန်၏။
အချင်းချင်း ရှုတ်ချ ပစ်ပယ်မှုတို့သည်လည်း ဖြစ်ကုန်၏။
အချင်းချင်း နှင်ထုတ် စွန့်လွှတ်မှုတို့သည်လည်း ဖြစ်ကုန်၏။
ထိုသံဃာ ကွဲပြားရာ၌ မကြည်ညိုသေးသော သူတို့လည်း မကြည်ညိုကုန်။
ကြည်ညိုပြီးသော အချို့သူတို့လည်း အကြည်ညို ပျက်ကုန်၏။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -
''သံဃာကို သင်းခွဲသူသည် အပါယ်၌ ဖြစ်ထိုက်၏။ (အဝီစိ) ငရဲ၌ ဖြစ်ရ၏။ (အန္တရ) ကပ်ပတ်လုံးတည်၏။ သံဃာ ကွဲပြားမှု၌ မွေ့လျော်၍ မတရားမှု၌ တည်သူသည် ယောဂ လေးဖြာကုန်ရာ နိဗ္ဗာန်မှ ဆုတ်ယုတ်၏။ ညီညွတ်သော သံဃာကို သင်းခွဲသောကြောင့် (အန္တရ) ကပ်ပတ်လုံး ငရဲ၌ ကျက်ရ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။
သံဃဘေဒသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

စူဠပုဏ္ဏမသုတ် မှ သူတော်ကောင်းမှန်းသိရန်-


စူဠပုဏ္ဏမသုတ် မှ

ရဟန်းတို့ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင် သည် သူတော်ကောင်းတည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။

အသျှင်ဘုရား သိနိုင်ရာပါ၏ဟု လျှောက်ကြကုန်၏။

ရဟန်းတို့ဟုတ်မှန်၏။ သူတော်ကောင်းသည် သူတော်ကောင်းကို ''ဤအသျှင်သည် သူတော်ကောင်းတည်း'' ဟု သိနိုင်ရာသော အကြောင်းသည်ရှိသည်သာတည်း။

ရဟန်းတို့
သူတော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း''ဟု သိနိုင်ရာသလောဟု မေးတော်မူ၏။ အသျှင်ဘုရား သိနိုင် ရာပါ၏ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဟုတ်မှန်၏။ ရဟန်းတို့ သူ တော်ကောင်းသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာ တည်း ''ဟု သိနိုင်သောကြောင်းသည် ရှိသည်သာတည်း။

၁။ သူတော်ကောင်းသည် သူတော်ကောင်း တရားနှင့်ပြည့်စုံ၏၊
၂။ သူတော်ကောင်း၌ ဆည်းကပ်ခြင်း ရှိ၏၊
၃။ သူတော်ကောင်း အကြံကို ကြံလေ့ ရှိ၏၊
၎။ သူတော်ကောင်းတို့ အတိုင်ပင်ကို တိုင်ပင်လေ့ ရှိ၏၊
၅။ သူတော်ကောင်းတို့၏ စကားကို ပြောဆို၏၊
၆။ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၏၊
၇။ သူတော်ကောင်းတို့၏ အယူကို ယူလေ့ရှိ၏၊
၈။ သူတော်ကောင်းတို့၏အလှူကို ပေးလှူ၏။

(၁)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ယုံကြည်မှု သဒ္ဓါတရား ရှိ၏၊ အကုသိုလ်မှ ရှက်ခြင်းရှိ၏၊ အကုသိုလ်မှ လန့်ခြင်းရှိ၏၊ အကြား အမြင် များ၏၊ လုံ့လကို အားထုတ်၏၊ ရှေးရှုထင်သော သတိရှိ၏၊ ပညာရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်းတရားနှင့် ပြည့်စုံ၏။
(၂)
ရဟန်းတို့ ဤလောက၌ ယုံကြည်မှု သဒ္ဓါတရားရှိကုန်သော၊ အကု သိုလ်မှ ရှက်ခြင်း ရှိကုန်သော၊ အကုသိုလ်မှ လန့်ခြင်း ရှိကုန်သော၊ အကြားအမြင် များကုန်သော၊ လုံ့လကို အားထုတ် ကုန်သော၊ ရှေးရှု ထင်သော သတိ ရှိကုန်သော၊ ပညာ ရှိကုန်သော သမဏဗြာဟ္မဏတို့ သည် ထိုသူတော်ကောင်း၏ မိတ်ဆွေ ဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း၌ ဆည်းကပ်ခြင်းရှိ၏။
(၃)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိဆင်းရဲစေခြင်းငှါ မကြံ၊ သူတစ်ပါး ဆင်းရဲခြင်း စေခြင်းငှါ မကြံ၊ နှစ်ဦးလုံးကို ဆင်းရဲစေ ခြင်းငှါမကြံ။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း အကြံကို ကြံလေ့ရှိ၏။
(၄)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မိမိကို ဆင်းရဲစေခြင်း ငှါ မတိုင်ပင်၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါ မတိုင်ပင်။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်း သည် သူတော်ကောင်း အတိုင်ပင်ကို တိုင်ပင်လေ့ရှိ၏။
(၅)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် မဟုတ်မမှန် ပြောဆို ခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ သိမ်ဖျင်းသောစကားမှ ရှောင် ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော် ကောင်း စကားကို ပြောဆို၏။
(၆)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကိုယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှား ယွင်းသောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အမှုကို ပြုလုပ်၏။
(၇)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် ဤသို့ ယူလေ့ရှိ၏ ''ပေးလှူအပ်သောအလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ခေါ်ပူဇော်မှုကြီး၏ အကျိုးသည် ရှိ၏၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည်ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုး ဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသောလောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (တစ်ဆယ့်ငါးနှစ်ရွယ် ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှား ဖြစ်ပေါ်လာသော) ဥပပါတ် သတ္တဝါ တို့သည်ရှိကုန်၏၊ ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကို လည်းကောင်း၊ ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ် သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏''ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်း အယူကို ယူလေ့ရှိ၏။
(၈)
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် အလှူကို ရိုရိုသေသေ ပေးလှူ၏၊ ကိုယ်တိုင် လှူ၏၊ စိတ်ပါ လက်ပါလှူ၏၊ စွန့်ပစ် သကဲ့သို့ မလှူ၊ အကျိုး ရှိလိမ့်မည် ဟု အယူရှိ၍ လှူ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းသည် သူတော်ကောင်းတို့၏ အလှူကို လှူ၏။ (၈)

ရဟန်းတို့ ......
သူတော်ကောင်းသည် ဤသို့ သူတော်ကောင်း တရားနှင့် ပြည့်စုံ၍ ဤသို့ သူတော်ကောင်း၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့ သူတော်ကောင်း အကြံကို ကြံလေ့ရှိ၍ ဤသို့ သူတော်ကောင်းအတိုင်ပင်ကို တိုင်ပင်လေ့ရှိ၍ ဤသို့ သူတော်ကောင်း စကားကို ပြောဆို၍ ဤသို့ သူတော်ကောင်းတို့၏ အမှုကို ပြုလုပ်၍ ဤသို့ သူတော်ကောင်း အယူကို ယူလေ့ရှိ၍ ဤသို့ သူတော်ကောင်းတို့၏အလှူကို လှူ၍ ကိုယ် ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ သူတော်ကောင်းတို့၏ လားရာဂတိ၌ဖြစ်ရာ၏။ ရဟန်းတို့ သူတော်ကောင်းတို့၏ လားရာ ဂတိသည်ကား အဘယ်နည်း၊ မြတ်သောခြောက်ပါးသော ကာမဝစရ နတ်အဖြစ် လည်းကောင်း၊ မြတ်သော လူအဖြစ် လည်းကောင်း တည်း ဟုမိန့်တော်မူ၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ဆယ်ခုမြောက် စူဠပုဏ္ဏမသုတ် ပြီး၏။
ရှေးဦးစွာသော ဒေဝဒဟဝဂ် ပြီး၏။

Monday, July 21, 2008

စူဠပုဏ္ဏမသုတ် မှ သူယုတ်မာမှန်းသိရန်-


စူဠပုဏ္ဏမသုတ် မှ

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း ဝိသာခါ၏ ပြာသာဒ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တစ်ဆယ့်ငါးရက်မြောက်သော ထိုလပြည့် ဥပုသ်နေ့
ညဥ့်၌ ရဟန်းအပေါင်း ခြံရံလျက် လွင်တီးပြင်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တိတ်တိတ် ဆိတ်ဆိတ်ဖြစ်သော ရဟန်းအပေါင်းကို ကြည့်ရှုတော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏-

ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို ''ဤအသျှင်သည် သူယုတ်မာတည်း ဟု သိနိုင်သလော'' ဟု(မေးတော်မူ၏)။
အသျှင်ဘုရား မသိနိုင်ပါ ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာကို ''ဤ အသျှင်သည် သူယုတ်မာတည်း'' ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာမဟုတ်။

ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို ''ဤအသျှင်သည် သူတော် ကောင်းတည်းဟု သိနိုင်သလော'' ဟု (မေးတော်မူ၏)။
အသျှင်ဘုရား မသိနိုင်ပါ ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဟုတ်မှန်၏၊ ရဟန်းတို့ သူယုတ်မာသည် သူတော်ကောင်းကို ''ဤ အသျှင်သည် သူတော်ကောင်းတည်း''ဟု သိနိုင်ခြင်းသည် အကြောင်းမဟုတ် အရာမဟုတ်။

၁။ ရဟန်းတို့ သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏၊
၂။ သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိ၏၊
၃။ သူယုတ်မာတို့၏ အကြံကိုကြံလေ့ ရှိ၏၊
၎။ သူယုတ်မာတို့၏ အတိုင်အပင်ကို တိုင်ပင်လေ့ ရှိ၏၊
၅။ သူယုတ်မာ စကားကို ပြောလေ့ ရှိ၏၊
၆။ သူယုတ်မာ အမှုကို ပြုလေ့ ရှိ၏၊
၇။ သူယုတ်မာ အယူကို ယူလေ့ ရှိ၏၊
၈။ သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။

၁။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် ယုံကြည်မှု သဒ္ဓါတရား မရှိ၊ အရှက် မရှိ၊ အကြောက် မရှိ၊ အကြားအမြင်နည်း၏၊ ပျင်းရိ၏၊ သတိမေ့၏၊ ပညာကင်း၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတရားနှင့် ပြည့်စုံ၏။

၂။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၌ ဆည်းကပ်ခြင်း ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန် အရှက် မရှိကုန် အလန့် မရှိကုန် အကြားအမြင် နည်းကုန် ပျင်းရိကုန် သတိမေ့ကုန် ပညာ ကင်းကုန်သော သမဏဗြာဟ္မဏတို့သည် သူယုတ်မာ၏ မိတ်ဆွေ ဖြစ်ကုန်၏၊ အပေါင်းအဖော် ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ
၌ ဆည်းကပ်ခြင်း ရှိ၏။

၃။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ အကြံကို ကြံလေ့ ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်း ငှါလည်း ကြံ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း ကြံ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အကြံကို ကြံလေ့ရှိ၏။

၎။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ အတိုင်ပင်ကို တိုင်ပင်လေ့ ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မိမိကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏၊ နှစ်ဦးလုံးကို ဆင်းရဲစေခြင်းငှါလည်း တိုင်ပင်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အတိုင်ပင်ကို တိုင်ပင်လေ့ ရှိ၏။

၅။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ စကားကို ပြောဆိုလေ့ ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် မဟုတ် မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ ကုန်းချောစကားကို ပြောဆိုလေ့ရှိ၏။ ကြမ်းတမ်းသော စကားကို ပြောဆိုလေ့ရှိ၏၊ သိမ်ဖျင်းသော စကားကို ပြောဆိုလေ့ ရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ စကားကို ပြောဆိုလေ့ရှိ၏။

၆။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ အမှုကို ပြုလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းသော အကျင့်ကို ကျင့်လေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ အမှုကို ပြုလေ့ ရှိ၏။

၇။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာ၏ အယူကို ယူလေ့ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် ''ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ခေါ် ပူဇော်မှုကြီး၏ အကျိုးသည် မရှိ၊ ဟုံးပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည်
မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိ၌ ပြုအပ်သော အကျိုးသည် မရှိ၊ အဖ၌ ပြုအပ်သော အကျိုးသည် မရှိ၊ (တစ်ဆယ့်ငါးနှစ်ရွယ် ပဋိသန္ဓေအားဖြင့် ကိုယ်ထင်ရှား ဖြစ်ပေါ်လာသော) ဥပပါတ် သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင် ကုန်သောဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်'' ဟု ဤသို့ အယူရှိ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာ၏ အယူကို ယူလေ့ရှိ၏။

၈။ ရဟန်းတို့ အဘယ်သို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူသနည်း၊ ရဟန်းတို့ ဤလောက၌ သူယုတ်မာသည် အလှူကို မရိုမသေ လှူ၏၊ ကိုယ်တိုင် မပေးလှူ၊ စိတ်ပါလက်ပါ မပေးလှူ၊ စွန့်ပစ်သကဲ့သို့ ပေးလှူ၏၊ အကျိုး ရှိလိမ့်မည် ဟု အယူမရှိဘဲ ပေးလှူ၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်မာသည် သူယုတ်မာတို့၏ အလှူကို ပေးလှူ၏။

ရဟန်းတို့ ထိုသူယုတ်မာသည် ဤသို့ သူယုတ်မာ တရားနှင့် ပြည့်စုံ၍ ဤသို့ သူယုတ်မာ၌ ဆည်းကပ်ခြင်းရှိ၍ ဤသို့ သူယုတ်မာ အကြံကို ကြံလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အတိုင်ပင်ကိုတိုင်ပင်လေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ စကားကို ပြောဆို၍ ဤသို့ သူယုတ်မာ၏ အမှုကို ပြုလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အယူကို ယူလေ့ရှိ၍ ဤသို့ သူယုတ်မာတို့၏ အလှူကို ပေးလှူ၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှ နောက်၌ သူယုတ်မာတို့၏ လားရာ ဂတိ၌ ဖြစ်ရာ၏။ ရဟန်းတို့ သူယုတ်မာတို့၏ လားရာ ဂတိကား အဘယ်နည်း၊ ငရဲသော် လည်းကောင်း၊ တိရစ္ဆာန်သော် လည်းကောင်း ဖြစ်၏။

စူဠပုဏ္ဏမသုတ်၊ ဒေ၀ဒဟ၀ဂ်၊ ဥပရိပဏ္ဏာသ။

သူတော်ကောင်းဖြစ်ကြောင်း...

လောကီမင်္ဂလာ ၁၂-ပါး-

ဘုရားနှစ်သက်သော....
၃၈-ဖြာ မင်္ဂလာ လင်္ကာဒီနေရာကသွားပါ....

လောကီမင်္ဂလာ ၁၂-ပါး
ယေဘုယျအားဖြင့် လောကကျိုးတို့ အတွက်သာ ဖြစ်သော မင်္ဂလာများ။

(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ၀ိဇာတ မင်္ဂလာများ။

(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော
နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။

(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေ ဒန မင်္ဂလာ။

(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသောဒေါလာ ကရဏမင်္ဂလာ။

(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။

(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရ၀ိန္ဒု ဒဿန မင်္ဂလာ။

(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။

(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။

(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။

(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။

(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။

(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ၀ိဝါဟမင်္ဂလာ။

သုတေသန သရုပ်ပြအဘိဓာန်-မှ...။

ဘုရားနှစ်သက်သော....
၃၈-ဖြာ မင်္ဂလာ လင်္ကာ ဒီနေရာကသွားပါ....

သင်္ကန်းရှိခိုးရကျိုး-

သင်္ကန်းရှိခိုးရကျိုး

ဟာသဇနကတ္ထေရအပဒါန်၊

ငါသည် သစ်ပင်ဖျား၌ ဆွဲထားသော
မြတ်စွာဘုရား၏ ပံ့သကူသင်္ကန်းကို မြင်၍ လက်အုပ်ချီပြီးလျှင်
ဘုရား၏ ဂုဏ်ကို လွန်စွာ မြွက်ဆို ချီးကျူးခဲ့၏။
အဝေးမှ မြင်သဖြင့် ငါ့အား ရွှင်လန်း ဝမ်းမြောက်ခြင်းဖြစ်ခဲ့၏၊
လက်အုပ်ချီပြီးလျှင် စိတ်ကို လွန်စွာ ကြည်လင်စေခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာထက်၌
ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှစ၍
အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။
ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟူသော အမှတ်သညာရခြင်း၏ အကျိုးပေတည်း။
လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊
ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊
ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။
မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
ဤသို့လျှင် အသျှင်ဟာသဇနကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။
သုံးခုမြောက် ဟာသဇနကတ္ထေရအပဒါန် ပြီး၏။

သင်တို့ဘယ်နှစ်ခါ သင်္ကန်းကို ရှိခိုးဖူးပါပြီလဲ ?...

လယ်တီဆရာတော် မဟာသရဏဂုမ်တော်ကြီး-


မဟာသရဏဂုမ်တော်ကြီး


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မဟာသရဏဂုမ်ပါဠိ
(က) အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

(ခ) ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

(ဂ) တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ အဇ္ဇတဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။

မဟာသရဏဂုမ် ပါဠိ+အနက်

(က)
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

(ခ)
ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

(ဂ)
တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
ဓမ္မံ၊ တရားတော်မြတ်ကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။
အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။
ပါဏုပေတံ၊ အသက်ထက်ဆုံး။
သံဃံ၊ သံဃာတော်မြတ်အပေါင်းကို၊ ကိုးကွယ်ရာ၊ မှီခိုရာ၊ ပုန်းအောင်းရာ ဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။

ဘုရားရှိခိုး

Sunday, July 20, 2008

ပဋ္ဌာန်းပစ္စယနိဒ္ဒေသဇယား-

ပဋ္ဌာန်းပါဠိတော်

ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယော၊ ဥပနိဿယပစ္စယော၊ ပုရေဇာတပစ္စယော၊ ပစ္ဆာဇာတပစ္စယော၊ အာသေဝနပစ္စယော၊ ကမ္မပစ္စယော၊ ဝိပါကပစ္စယော၊ အာဟာရပစ္စယော၊ ဣန္ဒြိယပစ္စယော၊ ဈာနပစ္စယော၊ မဂ္ဂပစ္စယော၊ သမ္ပယုတ္တပစ္စယော၊ ဝိပ္ပယုတ္တပစ္စယော၊ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ဝိဂတပစ္စယော၊ အဝိဂတပစ္စယောတိ။



Saturday, July 19, 2008

အနာဂါမိဖိုလ်နှင့် မထိုက်တန်သူ-

ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်။
အဘယ်ခြောက်မျိုးတို့နည်း ဟူမူ-

ယုံကြည်ခြင်း သဒ္ဓါ မရှိမှု။
ဒုစရိုက်မှ မရှက်မှု။
ဒုစရိုက်မှ မလန့်မှု။
ပျင်းရိမှု။
သတိလွတ်ကင်းမှု။
ပညာမဲ့မှုတို့တည်း။

ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်သဖြင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်း ဟူမူ-

ယုံကြည်ခြင်း သဒ္ဓါ မရှိမှု။
ဒုစရိုက်မှ မရှက်မှု။
ဒုစရိုက်မှ မလန့်မှု။
ပျင်းရိမှု။
သတိလွတ်ကင်းမှု။
ပညာမဲ့မှုတို့တည်း။

အနာဂါမိဖလသုတ်။ ဒေဝတာဝဂ်။ အင်္ဂုတ္တိုရ်ပါဠိတော်။

Friday, July 18, 2008

ယောက်ကျားများအတွက် အကောင်းဆုံး-


ယောက်ကျားများအတွက် အကောင်းဆုံး-


၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-
ရဟန်းတို့ ဤမိန်းမ၏ အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော အခြားတစ်ခုသော အဆင်းကို မျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏ အဆင်းသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
ပထမသုတ်။

၂။ ရဟန်းတို့ ဤမိန်းမ၏ အသံသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အသံကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏ အသံသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
ဒုတိယသုတ်။

၃။ ရဟန်းတို့ ဤမိန်းမ၏ အနံ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အနံ့ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏ အနံ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
တတိယသုတ်။

၎။ ရဟန်းတို့ ဤမိန်းမ၏ အရသာသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အရသာကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏ အရသာသည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
စတုထ္ထသုတ်။

၅။ ရဟန်းတို့ ဤမိန်းမ၏ အတွေ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြားတစ်ခုသော အတွေ့ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မိန်းမ၏ အတွေ့သည် ယောက်ျား၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။

အင်္ဂုတ္တိုရ်ပါဠိတော်,

ပဉ္စမသုတ်။

မိန်းမများအတွက် အကောင်းဆုံး-

မိန်းမများအတွက် အကောင်းဆုံး-

၆။ ရဟန်းတို့ ဤယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြား တစ်ခုသော အဆင်းကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
ဆဋ္ဌသုတ်။

၇။ ရဟန်းတို့ ဤယောက်ျား၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြား တစ်ခုသော အသံကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အသံသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
သတ္တမသုတ်။

၈။ ရဟန်းတို့ ဤယောက်ျား၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သော အခြား တစ်ခုသော အနံ့ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အနံ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
အဋ္ဌမသုတ်။

၉။ ရဟန်းတို့ ဤယောက်ျား၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြား တစ်ခုသော အရသာကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ယောက်ျား၏ အရသာသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
နဝမသုတ်။

၁ဝ။ ရဟန်းတို့ ဤယောက်ျား၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့၊ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍တည်သော အခြား တစ်ခုသော အတွေ့ကိုမျှလည်း ငါ မမြင်။ရဟန်းတို့ ယောက်ျား၏ အတွေ့သည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်၏ဟု မိန့်တော်မူ၏။
ဒသမသုတ်။

ပဌမပဏ္ဏာသက ၊ ရူပါဒိဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

မေတ္တာနှင့်ယှဉ်သော ရဟန်းသည်-

သူတော်ကောင်းတို့

အကြင် ရဟန်းသည်...
လက်ဖျစ်တစ်တွက်ခန့်မျှလည်း
မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍နှလုံးသွင်းအံ့၊

ဤရဟန်းသည် ဈာန်မှ ဆိတ်သုံးခြင်းမရှိမူ၍နေသူ၊
မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍နေသူ၊
အဆုံးအမကို လိုက်နာ၍နေသူ၊
တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို
အချည်းနှီးမဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။

ထိုမေတ္တာနှင့်ယှဉ်သော စိတ်ကို
အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား
အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။

အင်္ဂုတ္တိုရ်၊ အစ္ဆရာသင်္ဃတဝဂ်၊

သေမင်း ခေါ်သောနေ့-

သေမင်း ခေါ်သောနေ့

တို့တစ်တွေသည်၊
မသေအံ့သွင်၊ ပြုံးပန်းဆင်၍၊
မမြင်လေမိုး၊ ချစ်ပိုးထိုးစဉ်၊
ဘေးဆိုးပုံယင်၊ ကိုယ်တွင်းဝင်က၊
သည်လင်သည်သား၊ သည်မယားနှင့်၊
သည်ကားသည်မြေ၊ သည်ရွှေငွေပါ၊
သည်ဆွေသည်မျိုး၊ သည်အိုးသည်အိမ်၊
သည်စည်းစိမ်ကို၊ အချိန်ကျပြန်၊
တစ်ဖန်မလှည့်၊ ပြန်မကြည့်အား၊
မယားတသွယ်၊ လင်သယ်တခြား၊
သားကတသီး၊ သမီးတဖုံ၊
မိသားစုံကို၊ အကုန်ခွဲ၍၊
တစ်နေ့နေ့သော်၊ သေမင်းခေါ်လိမ့်၊
အပျော်အလွန် မကျူးသင့်ပါတကား။

Wednesday, July 16, 2008

အခြေခံ အဘိဓမ္မာ-

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အခြေခံ အဘိဓမ္မာ

''အဘိဓမ္မာ အဓိပ္ပါယ်အကျဉ်း''

ပုဂ္ဂိုလ်သတ္တဝါမဖက်၊ ရုပ်နာမ်ဓမ္မသက်သက် ဖြစ်သောတရားသည် အဘိဓမ္မာမည်၏။ ရုပ်နာမ်ဓမ္မဟူသည် အမှန်တကယ်ရှိသော သဘာဝတရားများ ဖြစ်ကြသည့် စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့ ဖြစ်ကြသည်။

''စိတ်အကြောင်း''

သိစရာအားလုံးကို သိတတ်သောသဘောသည် စိတ် မည်၏။ အဆင်းကိုမြင်လျှင် သိခြင်း၊ အသံကို ကြားလျှင် သိခြင်း၊ အနံ့ကိုနံလျှင် သိခြင်း၊ အရသာကို စားလျှင် သိခြင်း၊ အတွေ့အထိကို တွေ့ထိလျှင် သိခြင်းနှင့် ထို ငါးမျိုးမှ တပါးသော တရားများကို သိခြင်းဖြစ်သည်။

ဆက်လက်လေ့လာလိုပါလျှင်......

Tuesday, July 15, 2008

သံဃဘေဒသုတ်-

၈ - သံဃဘေဒသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် ဥပုသ်နေ့တစ်နေ့ နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင် တော်မူ၏။

ဒေဝဒတ်သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်သော အသျှင်အာနန္ဒာကို မြင်၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား ''ငါ့သျှင်အာနန္ဒာ ငါသည် ယနေ့မှအစပြု၍ မြတ်စွာဘုရားမှ လည်းကောင်း၊ ရဟန်းသံဃာမှ လည်းကောင်း၊ အသီးအခြားခွဲ၍သာလျှင် ဥပုသ်ကို လည်းကောင်း၊ သံဃကံကို လည်းကောင်း ပြုအံ့'' ဟု ပြောဆို၏။

ထို့နောက် အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်ပြီးသော် မြတ်စွာဘုရားကို
အသျှင်ဘုရား ယနေ့ ဒေဝဒတ်သည်
သံဃာကို သင်းခွဲလတ္တံ့။
ဥပုသ်ကို လည်းကောင်း၊
သံဃကံကို လည်းကောင်း ပြုတော့အံ့'' ဟု ဤသို့ လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကို သိတော်မူ၍ ထိုသိသော အချိန်၌-
''သူတော်ကောင်းသည်
ကောင်းသော အမှုကို ပြုလွယ်၏။
သူယုတ်မာသည် ကောင်းသော အမှုကို ပြုနိုင်ခဲ၏။
သူယုတ်မာသည် မကောင်းသော အမှုကို ပြုလွယ်၏။
အရိယာ သူတော်ကောင်းတို့သည် မကောင်းသော အမှုကို ပြုဖို့ရန် ခဲယဉ်းလှ၏''
ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

အဋ္ဌမသုတ်။
သံဃဘေဒသုတ်၊ သောဏ၀ဂ်၊ ဥဒါန်းပါဠိတော်။

ပညာကြီးရင့်ကြောင်း ရှစ်ပါး-

၎ - ပညာကြီးရင့်ကြောင်း ရှစ်ပါး
အသျှင်ဘုရားနာဂသေန ရှစ်ပါးသော အကြောင်းတို့ကြောင့် ပညာသည် ကြီးရင့်၏၊
ရင့်ကျက်ခြင်းသို့ ရောက်၏။

အဘယ်ရှစ်ပါးသော အကြောင်းတို့ကြောင့်နည်းဟူမူ-
၁။အရွယ်ကြီးရင့်သောကြောင့် ပညာသည် ကြီးရင့်၏၊
၂။ အခြံအရံ အကျော်အစောများသောကြောင့် ပညာသည် ကြီးရင့်၏၊
၃။ အဖန်ဖန် မေးမြန်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၎။ ရေဆိပ်ပမာ ဆရာနှင့် ပေါင်းဖော်သောကြောင့် ပညာသည် ကြီးရင့်၏၊
၅။ သင့်လျော်စွာ နှလုံးသွင်းသောကြောင့် ပညာသည် ကြီးရင့်၏၊
၆။ တိုင်ပင်ဆွေးနွေးသောကြောင့် ပညာသည် ကြီးရင့်၏၊
၇။ ချစ်ခင်သူနှင့် ပေါင်းဖော်ရသောကြောင့် ပညာသည် ကြီးရင့်၏၊
၈။ သင့်လျော်သော အရပ်ဌာန၌ နေထိုင်ရသောကြောင့် ပညာသည် ကြီးရင့်၏၊

ဤမိလိန္ဒမင်း လျှောက်ထားသော အရာဌာန၌-
(ပညာသည် ကြီးရင့်၏ ရင့်ကျက်ခြင်းသို့ ရောက်၏)။
ဤရှစ်ပါးသော အကြောင်းတို့သည် ပညာ သန့်ရှင်းနိုင်သော အကြောင်းတို့ပေတည်း။
ဤဆိုခဲ့ပြီး အကြောင်းရှစ်ပါးတို့သည် အကြင်သူတို့အား ရှိကုန်၏၊
ထိုသူတို့အား ဉာဏ်ပညာသည် ထူးခြားကွဲပြား၏'' ဟု
(ရှေးဆရာတို့ ဂါထာ သိမ်းကျုံးခြင်းဖြစ်၏)။

ပညာကြီးရင့်ကြောင်း ရှစ်ပါး ပြီး၏။

မေဏ္ဍကပဥှာရမ္ဘ္ဘကထာ၊ မိလိန္ဒနှင့်အရှင်နာဂသေန အမေးအဖြေ။

ပုညကိရိယာ ဝတ္ထု ၁၀-ပါး-

လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးတတ်သော တရား ၁၀-ပါး...
''ပုညကိရိယာ ဝတ္ထု ၁၀-ပါး''

ကုသိုလ်မျိုး ၁ဝ-ပါး.......
လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးတတ်သော တရား ၁၀-ပါး...

(၁) ဒါန၊ သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊
(၂) သီလ၊ ကာယဝစီ ထိုနှစ်လီသောဒုစရိုက်ကိုမလိုက် ပယ်ကြဉ်ရခြင်း၊
(၃) ဘာဝနာ၊ သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊
(၄) အပစာယန၊ ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊
(၅) ဝေယျာဝစ္စ၊ ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊
(၆) ပတ္တိဒါန၊ မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊
(၇) ပတ္တာနုမောဒန၊ သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုခေါ်ရခြင်း၊
(၈) ဓမ္မသဝန၊ ဘုရားစကား မြတ်တရားကို ကြားနာရခြင်း၊
(၉) ဓမ္မဒေသနာ၊ ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊
(၁ဝ) ဒိဋ္ဌိဇုကမ္မ၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။

မဂ္ဂင်ရှစ်ပါး-

မဂ္ဂင်ရှစ်ပါး

၁။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော အသိအမြင်။ (ပညာမဂ္ဂင် ၂-ပါး၊)
၂။ သမ္မာသင်္ကပ္ပ၊ မှန်ကန်သော အကြံအစည်။
၃။ သမ္မာဝါစာ၊ မှန်ကန်သော စကားကို ပြောဆိုခြင်း။ (သီလမဂ္ဂင် ၃-ပါး၊)
၎။ သမ္မာကမ္မန္တ၊ မှန်ကန်သော အမှုကို ပြုခြင်း။
၅။ သမ္မာအာဇီဝ၊ မှန်ကန်သော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ၊ မှန်ကန်သော အားထုတ်ခြင်း။ (သမာဓိမဂ္ဂင် ၃-ပါး၊)
၇။ သမ္မာသတိ၊ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ၊ မှန်ကန်သော တည်ကြည်ခြင်း။

Monday, July 14, 2008

ကလျာဏီသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်-

ကလျာဏီသုတ်...

သာဝတ္ထိနိဒါန်း။
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊

ရဟန်းတို့ ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်မမြတ် တစ်ယောက် သည် ထိုရဟန်းတစ်ပါး၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ မတည်နိုင်သော်လည်း၊

လာဘ်ပူဇော်သကာ အကျော်အစောသည် ယင်းရဟန်း၏ စိတ်ကို သိမ်းကျုံး ဆွဲငင်၍ တည်နိုင်၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစော သည် ခက်ထန်၏ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-
''ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ်လာ သော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံးယူငင် ၍ မတည်နိုင်လတ္တံ့'' ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။

ဒုတိယသုတ်။
ကလျာဏီသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်။

Saturday, July 12, 2008

ဒါနသုတ် အင်္ဂါ ၆-ပါးနှင့်ပြည့်စုံသောအလှူ-

ဒါနသုတ်

အင်္ဂါ ၆-ပါးနှင့်ပြည့်စုံသောအလှူ

မြတ်စွာဘုရားသည် အနာထပိဏ်သူဌေး လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ နေတော်မူစဉ် ရဟန်းတို့ကို ဟောတော်မူ၏။ နန္ဒမာတာ ဒါယိကာမသည် အရှင် သာရိပုတ္တရာ အရှင်မောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာ၌ အင်္ဂါ ၆-ပါးနှင့် ပြည့်စုံသော အလှူကို ပေး၏။ အဘယ် ၆-ပါးနည်းဟူမူကား- ရဟန်းတို့ ဤ သာသနာတော်၌ ပေးလှူတတ်သူ ဒါယကာ၏ အင်္ဂါ ၃-ပါး၊ အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါ ၃-ပါးတို့ဖြစ်၏။

အလှူရှင်သည်...
၁။ မပေးလှူမီ ၀မ်းမြောက်၏။
၂။ ပေးလှူစဉ် စိတ်ကြည်လင်၏။
၃။ ပေးလှူပြီးနောက် နှစ်သက်၏။

အလှူခံပုဂ္ဂိုလ်သည်...
၁။ တပ်မက်ခြင်းရာဂ ကင်းကုန်၏။ (သို့)ကျင့်ကုန်၏။
၂။ အမျက်ထွက်ခြင်းဒေါသ ကင်းကုန်၏။ (သို့)ကျင့်ကုန်၏။
၃။ တွေဝေခြင်းမောဟ ကင်းကုန်၏။ (သို့)ကျင့်ကုန်၏။

ဤသို့ အင်္ဂါ ၆-ပါးနှင့်ပြည့်စုံသော အလှူကို ပေးလှူသူသည်၊ ဤမျှအတိုင်းအရှည် ရှိသော ချမ်းသာကိုဆောင်တတ်၏၊ ကောင်းမြတ်သောအာရုံကို ပေးတတ်၏၊ နတ်ပြည်၌ဖြစ်စေတတ်၏၊ နှစ်သက်ဖွယ် မြတ်နိုးဖွယ် အစီးအပွါးချမ်းသာ အလို့ငှါ ဖြစ်၏ဟူ၍ ကောင်းမှုအတိုင်းအရှည်ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ။ စင်စစ် သော်ကား မရေမတွက်နိုင်သော ကောင်းမှုကုသိုလ်အစုဟူ၍သာလျှင် ရေတွက် ခြင်းသို့ရောက်၏။

ဒါနသုတ်၊ အဂုင်္တ္တိုရ်-ဒု၊ စာ ၃၇၉။

ဝိဇ္ဇာ ၅-မျိုး-

လယ်တီဆရာတော် စီရင်တော်မူသော ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်း၌
ဝိဇ္ဇာ ၅-မျိုးကို အောက်ပါအတိုင်း ပြဆိုထားသည်။

၁။ ဝေဒ၀ိဇ္ဇာ။
၂။ မန္တ၀ိဇ္ဇာ။
၃။ ဂန္ဓာရီဝိဇ္ဇာ။
၎။ လောကီယ၀ိဇ္ဇာ။
၅။ အရိယာဝိဇ္ဇာ ဟူ၍ ဖြစ်သည်။

(၁) ဝေဒ၀ိဇ္ဇာ...
သာမဗေဒင်၊ ယဇုဗေဒင်၊ ဣရုဗေဒင် အထဗ္ဗနဗေဒင် ဟူသော ဗေဒင်လေးမျိုး သည် ဝေဒ၀ိဇ္ဇာမည်၏။

(၂) မန္တ၀ိဇ္ဇာ...
အမျိုးမျိုးသော လက္ခဏာကျမ်း အမျိုးမျိုးသော နက္ခတ်ကျမ်း၊ အမျိုးမျိုးသောဂါထာ
မန္တရားကျမ်း၊ အမျိုးမျိုးသောနိမိတ်ကျမ်း၊ အမျိုးမျိုးသောဆေးကျမ်း အမျိုးမျိုးသော ဓာတ်ကျမ်း အစရှိသော လောကီပညာဟူ၍ခေါ်ဝေါ်ကြသော အတတ်ပညာမျိုး ဟူသမျှသည် မန္တ၀ိဇ္ဇာမည်၏။

(၃) ဂန္ဓာရီဝိဇ္ဇာ...
ဆေးဝိဇ္ဇာ၊ အင်းဝဇ္ဇာ၊ ပြဒါးဝဇ္ဇာ၊ သံဝိဇ္ဇာဟူ၍ ၀ိဇ္ဇဓရကျမ်း၌လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အာကသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိသို့ပေါက်ရောက် သဖြင့် နတ် သိကြားတို့၏ တန်ခိုး၊ အသိဉာဏ်တန်ခိုးတို့နှင့် အလားတူ တတ်စွမ်း နိုင်သော ၀ိဇ္ဇာမျိုးဟူသမျှသည် ဂန္ဓာရီဝိဇ္ဇာမည်၏။

(၄) လောကီယ၀ိဇ္ဇာ...
လောကီယ၀ိဇ္ဇာဆိုသည်ကား သာသနာပအခါ၌ သရဘဂ်၊ သုနေတ္တ၊ အရက အစရှိသော ရသေ့ဆရာကြီးတို့သည် ကသိုဏ်းဈာန်တို့ကိုရပြီး နိုင်နင်းပြီးနောက် အားထုတ်၍ရသော ဣဒ္ဓိ၀ိဓ အဘိညာ၊ ဒိဗ္ဗစက္ခု အဘိညာ၊ ဒိဗ္ဗသောတ အဘိညာ၊ စေတောပရိယ အဘိညာ၊ ပုဗေနိဝါသ အဘိညာ၊ ယထာကမ္ဗုပဂ အဘိညာ၊ အနာဂတသ အဘိညာဟူသော ၀ိဇ္ဇာတို့ကိုဆိုသည်။

(၅) အရိယ၀ိဇ္ဇာ...
အရိယ၀ိဇ္ဇာဆိုသည်ကား အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ကိုဆိုလိုသည်။ စတုသစ္စာဉာဏ်လေးပါးကို ဆိုလိုသည်။

ဤအရိယ၀ိဇ္ဇာတို့ကား သာသနာတော်အတွင်း၌သာ ထမြောက်ပေါက်ရောက် အောင် ကြံဆောင်နိုင်သည်။ သာသနာပအခါသည်ကား ပစ္စေကဗုဒ္ဓ အရှင်မြတ် တို့ကိုချန်ထား၍ တစ်ပါးသော လူနတ်ဗြဟ္မာတို့ ထမြောက်ပေါက်ရောက်အောင် ကြံဆောင်နိုင်ခွင့်မရှိချေ။

Friday, July 11, 2008

သီဟိုဠ်ကျွန်းမှ ဖုဿဒေဝမထေရ်-

ဘုရားပုံတော်နှင့် ဂုဏ်တော်ကျေးဇူး ပွါးများရသောအကျိုးတရား

''သီဟိုဠ်ကျွန်းမှ ဖုဿဒေဝမထေရ်''



မြတ်ဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် သီဟိုဠ်ကျွန်းဝယ် ဖုဿဒေဝမထေရ်ဆိုတာ စေတီရင်ပြင်၌ နေ့စဉ်မပြတ် တံမြက်လှည်းပြီး ဘုရားကိုအာရုံပြု၍ ဝမ်းမြောက် လို့နေတယ်။

အဲဒီလိုနေတဲ့အခိုက် မြောက်ညိုကြီးတစ်ကောင်ဆင်းလာပြီး တံမြက်လှည်းထား တဲ့ ရင်ပြင်တော်မှာ နွားချေးတွေ ဖြန့်ကြဲပြီးသွားသတဲ့၊ ဒီလိုဖြန့်ကြဲသွားသော် လည်း တံမြက်လှည်းမြဲအတိုင်း သန့်ရှင်းအောင် ပြုလုပ်ပါတယ်။

နောက်တစ်နေ့ကျတော့ နွားအိုကြီးတစ်ကောင် ဝင်လာပြီး နွားချေးတွေ စွန့်သွား ပြန်တယ်။ သန့်ရှင်းမြဲအတိုင်း တံမြက်လှည်းလျက် ဝမ်းမြောက်နေပါတယ်။ နောက်တစ်နေ့ကျတော့ အလွန်အရုပ်ဆိုးလှတဲ့ လူတစ်ယောက်က ခြေထောက် နဲ့ အမှိုက်တွေဆွဲပြီးတော့ တံမြက်လှည်းထားတဲ့ ယင်ပြင်တော်ပေါ်မှာ ဖြန့်ကြဲ ပြန်ပါတယ်။

ဒီတော့ ဖုဿဒေဝမထေရ်က ငါ ဆွမ်းခံနေတဲ့ ပတ်ဝန်းကျင်မှာ ယခုလောက် အရုပ်ဆိုးပြီး ရုပ်ရည်ကြမ်းတမ်းတဲ့သူကို မမြင်ဘူးသေးပါ၊ ဒီတော့ သူဟာ မာရ်နတ်ဖြစ်လေမလားလို့ စဉ်းစားမိပြီး၊ သင် မာရ်နတ်မဟုတ်လားဟု မေးသော အခါ မာရ်နတ်ဟုတ်ကြောင်း ဝန်ခံလျှောက်ထားတော့ ဖုဿဒေဝမထေရ်က 'မာရ်နတ် သင်ဟာ မြတ်စွာဘုရား သက်တော်ထင်ရှားကို မီလိုက်သူ ဖြစ်တယ်၊ တန်ခိုးနဲ့ ပြည့်စုံသူလည်း ဖြစ်တယ်၊ ဒီတော့ ဘုရားရဲ့ အဆင်းသဏ္ဌာန်တော်ကို ငါ့အားဖန်ဆင်းပြစမ်းပါ' လို့ တောင်းပန်တဲ့အခါ၊

အားလုံး တူအောင်တော့ တပည့်တော် မဖန်ဆင်းနိုင်ပါဟု ပြောဆိုပြီးလျှင် ပြနိုင် သမျှ ဖန်ဆင်းပြသတဲ့ မထေရ်က ပုံတော်ကိုကြည့်ကာ 'ရာဂစသည် မကင်းသေး သော မာရ်နတ်၏ အတုပုံတော်ပင် ဤမျှလောက် တင့်တယ်သပ္ပါယ်လျှင် မြတ်စွာဘုရား၏ အဆင်းတော်မှာ အဘယ်မျှလောက် တင့်တယ်ကြည်ညိုဖွယ် ရှိပါမလဲ'ဟု တွေးတောကာ တစ်ကိုယ်လုံး ပီတိတွေ တစိမ့်စိမ့် ဖြစ်ပေါ်လာ ပါတယ်။ ထိုပီတိဆိုတဲ့ နာမ်တရားတစ်ခုကိုပင် အနိစ္စ, ဒုက္ခ, အနတ္တ သဘောပါအောင် နှလုံးသွင်းလျက် ဝိပဿနာရှုလိုက်ရာ တစ်ခါတည်း အာသဝေါ ကုန်ခမ်း၍ ရဟန္တာဖြစ်သွားပါတယ်။

ရုပ်ပွား ဆင်းတုတော်များကို ဖူးမြော်ကြ၍ ဖုဿဒေဝမထေရ်ကဲ့သို့ ဘုရားအစစ် အမှန်သို့ ရောက်အောင် ကြည်ညိုမြတ်နိုးပြီး သတိ,ပညာ,သဒ္ဓါ,ဝီရိယကို ဖြစ်စေ ကာ အာစိဏ္ဏကံ ကုသိုလ်မျိုးတွေဖြစ်အောင် ကျိုးစားနိုင်ကြပါလျှင် ယခုဘ၀ လူဖြစ်ရကျိုး နပ်ပေတော့မည်။


မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ-

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ''
ကာမေသုမိစ္ဆာစာရကံ

ကာမဂုဏ်တို့၌ မှားယွင်းဖေါက်ပြန်စွာကျင့်မှုနှင့် ပတ်သက်၍
အမျိုးကောင်းသားသည် မိမိသီလ မကျိုးမပေါက်စေရန်
မသွားလာအပ်သော မိန်းမ ၂ဝ-ကို ရှောင်ကြဉ်ရမည်။

အစောင့်အရှောက်ရှိသူ ၁ဝ-ဦးမှာ.....

၁။ မိခင် အုပ်ထိန်းသော မိန်းမ။
၂။ ဖခင် အုပ်ထိန်းသော မိန်းမ။
၃။ မိဘနှစ်ပါး အုပ်ထိန်းသော မိန်းမ။
၎။ ကိုကြီး မောင်ငယ် အုပ်ထိန်းသော မိန်းမ။
၅။ အစ်မ ညီမ အုပ်ထိန်းသော မိန်းမ။
၆။ ဆွေမျိုး အုပ်ထိန်းသော မိန်းမ။
၇။ အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ။
၈။ တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ။
၉။ ပြောဆို ကြောင်းလမ်းပြီးသော မိန်းမ။
၁ဝ။ မင်းတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသော မိန်းမ။

မယား ၁ဝ-ဦးမှာ.....

၁၁။ ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းသော မိန်းမ။
၁၂။ အလိုတူ ပေါင်းသင်းသော မိန်းမ။
၁၃။ ဥစ္စာစည်းစိမ်အပ်နှင်း၍ ပေါင်းသင်းသော မိန်းမ။
၁၄။ အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းသော မိန်းမ။
၁၅။ လူကြီးစုံရာ လက်ထပ်ပေါင်းသင်းသော မိန်းမ။
၁၆။ ထင်းခွေရေခပ် လုပ်ကိုင်သူအား မယားအဖြစ်ပေါင်းသင်းသော မိန်းမ။
၁၇။ ကျွန်လည်းဟုတ် မယားလည်းဟုတ်သော မိန်းမ။
၁၈။ အလုပ်သမားလည်းဟုတ် မယားလည်းဟုတ်သော မိန်းမ။
၁၉။ မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်း မိန်းမ။
၂ဝ။ ခေတ္တ မယားပြုအပ်သော ပြည့်တန်ဆာမ။

''မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ''ဟူသော ရှေးပညာရှိတို့ ဆုံးမစကားအရ အမျိုးကောင်းသားများသည် အုပ်ထိန်းခြင်းမကင်းသောသူ မည်သည့် အမျိုးသမီးနှင့်မဆို ဖောက်ပြန်ကျူးလွန်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်သည် ဤကံကား အလွန်ကြောက်ဖွယ်ကောင်း၏။
သေလွန်၍ ငရဲသို့ကျခံရပြီးနောက် လူ့ဘဝပြန်ရစေကာမူ ဘဝများစွာပင် နပုန်း ပဏ္ဍုက်ဖြစ်ရခြင်း၊ ချစ်သူနှင့်ကွဲရခြင်းစသော မကောင်းကျိုးများ များလှကုန်၏။

ကာမေသုမိစ္ဆာစာရကံ အင်္ဂါ ၄-ပါးမှာ.....
၁။ မသွားလာအပ်သောမိန်းမ ၂ဝ-ဖြစ်ခြင်း။
၂။ မှီဝဲလိုစိတ်ရှိခြင်း။
၃။ လုံ့လပြုခြင်း။
၎။ သာယာခြင်း။
ဤအင်္ဂါ ၄-ပါး ညီညွတ်လျှင် ကာမေသုမိစ္ဆာစာရကံ မြောက်သည်။

၁-မှ ၈-ထိ ယောက်ျားများအပြစ်ဖြစ်၊ အမျိုးသမီးများအပြစ်မဖြစ်။
၉-မှ ၂ဝ-ထိ နှစ်ဦးလုံး အပြစ်ဖြစ်ပါသည်။

ကာမေသုမိစ္ဆာစာရကံ ရှောင်ကြဉ်ရသော အကျိုးတရားများ။
၁။ ရန်သူမရှိခြင်း။
၂။ အလုံးစုံသော သတ္တဝါတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၃။ ထမင်း အဖျော်ယမကာ အဝတ်တန်ဆာတို့ ရရှိခြင်း။
၎။ ချမ်းသာစွာ အိပ်ရခြင်း။
၅။ ချမ်းသာစွာ နိုးရခြင်း။
၆။ အပါယ်ဘေးမှ လွတ်ရခြင်း။
၇။ မိန်းမ နပုန်းအဖြစ်မှ လွတ်ရခြင်း။
၈။ အမျက်ဒေါသနည်းခြင်း။
၉။ ပြောင်ပြောင်တင်းတင်း ပွင့်လင်းစွာ ပြုလုပ်ပြောဆိုနိုင်ခြင်း။
၁ဝ။ လည်တိုင်ကြော့ကြော့ မော့မော့ နေနိုင်ခြင်း။
၁၁။ မျက်လွှာမချရဘဲ ကြည်လင်ရွှင်ပြစွာ နေနိုင်ခြင်း။
၁၂။ မိန်းမနှင့် ယောက်ျားအချင်းချင်းသာ ချစ်ခင်မြတ်နိုးခြင်း။
၁၃။ မျက်စိ နား နှာစသော ခြေလက်အင်္ဂါများ ပြည့်စုံခြင်း။
၁၄။ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်း။
၁၅။ ယုံမှားသံသယကင်း၍ ရဲရဲတင်းတင်း နေထိုင်နိုင်ခြင်း။
၁၆။ ချမ်းသာစွာ နေရခြင်း။
၁၇။ ပူပန်ကြောင့်ကြ မရှိရခြင်း။
၁၈။ ဘေးရန် မရှိခြင်း။
၁၉။ ချစ်ခင်နှစ်သက်သူတို့နှင့် နေရခြင်းစသော အကျိုးတရားတို့ကို ရရှိပါသည်။

အာဂမနီယ၀တ္ထု... (တည်တောဆရာတော်)

Wednesday, July 9, 2008

ကိံဒဒသုတ်-

ကိံဒဒသုတ်-

ဆွမ်းကိုပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်၏။
အ၀တ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်၏။
ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်၏။
ဆီမီးကိုပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်၏။

နေရာ-ကျောင်းစသည်ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူသည် မည်၏။
တရားကို ဟောပြောပြသသူသည်ကား---
နိဗ္ဗာန်ကို ပေးလှူသည် မည်၏ ဟု မြတ်စွာဘုရား ဟောကြားတော်မူ၏။


ကိံဒဒသုတ်၊ အာဒိတ္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်။

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

ကောဏ္ဍဓာနတ္ထေရ၀တ္ထု-

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုနှင့်၊
အဆိုခံရသူတို့သည် သင့်ကိုပြန်လည် ပြောဆိုလိမ့်မည်။
ခြုတ်ခြယ်သောစကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒုက္ခပေးက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်လိမ့်မည်။

အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့
မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်-

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။

အနတ္တလက္ခဏသုတ် ပါဠိတော်
( အနတ္တလက္ခဏသုတ် အမွှန်း )

(က) ဓမ္မစက္ကံ ပ၀တ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။
နဂရေ ဗာရာဏသိယံ၊ ဣသိပတန၀ှယေ ၀နေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။
ယံ တံ ပက္ခဿ ပဉ္စမျံ၊ ၀ိမုတ္တတ္ထံ ဘဏာမ ဟေ။

( အနတ္တလက္ခဏသုတ် နိဒါန်း )

ဧ၀ံ မေ သုတံ-
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ-

-အနတ္တလက္ခဏသုတ် နိဒါန်း မြန်မာပြန်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်း သုံး နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။
အသျှင်ဘုရားဟု .....
ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။


( ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ )

ရူပံ ဘိက္ခဝေ အနတ္တာ။
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။
လဗ္ဘေထ စ ရူပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ ရူုပေ ဧ၀ံ မေ ရူပံ ဟောတု၊ ဧ၀ံ မေ ရူပံ မာ အဟောသီ တိ။

-မြန်မာပြန်-

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ် သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

( ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ )

ဝေဒနာ အနတ္တာ။
ေ၀ဒနာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧ၀ံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧ၀ံ မေ ဝေဒနာ မာ အဟောသီ တိ။

-မြန်မာပြန်-

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

( သညာက္ခန္ဓာ အနတ္တဖြစ်ပုံ )

သညာ အနတ္တာ။
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်။
လဗ္ဘေထ စ သညာယ ဧ၀ံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။
န စ လဗ္ဘတိ သညာယ ဧ၀ံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။

-မြန်မာပြန်-

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေ လင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တ မဟုတ် သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

( သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ )

သင်္ခါရာ အနတ္တာ။
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧ၀ံ မေ သင်္ခါရာ ဟောန္တု၊ ဧ၀ံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧ၀ံ မေ သင်္ခါရာ ဟောန္တု၊ ဧ၀ံ မေ သင်္ခါရာ မာ အဟေသုန္တိ။

-မြန်မာပြန်-

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့ သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရ တို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

( ၀ိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ )

ဝိညာဏံ အနတ္တာ။
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်။ လဗ္ဘေထ စ ၀ိညာဏေ ဧ၀ံ မေ ၀ိညာဏံ ဟောတု၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ၊ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ၀ိညာဏေ ဧ၀ံ မေ ၀ိညာဏံ ဟောတု၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ တိ။

-မြန်မာပြန်-

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ၀ိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ် သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ၀ိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ၀ိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ၀ိညာဏ် သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏၀ိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏၀ိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ၀ိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

( ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး )

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ၀ါ အနိစ္စံ ၀ါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

( နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး )

ဝေဒနာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သညာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာ သည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

သင်္ခါရာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

ဝိညာဏံ နိစ္စံ ၀ါ အနိစ္စံ ၀ါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

-မြန်မာပြန်-

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်းသဘောရှိသော ၀ိညာဏ်ကို ဤ၀ိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤ၀ိညာဏ်သည် ငါဖြစ်၏၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

( ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ )

တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ် သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယာ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသော-ဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယာ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာ သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ၀ါ သုခုမာ ၀ါ ဟီနာ ၀ါ ပဏီတာ ၀ါ ယေ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့ သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်း မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

(၀ိညာဏ်တရားကို တဏှာçမာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ)

ယံကိဉ္စိ ၀ိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ ၀ါ၊ သဗ္ဗံ ၀ိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

-မြန်မာပြန်-

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ၀ိညာဏ်ကို ဤ၀ိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ၀ိညာဏ်သည် ငါမ ဟုတ်၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန် သော ပညာဖြင့် ရှုရမည်။

( နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ )

ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ။ ၀ိရာဂါ ၀ိမုစ္စတိ။ ၀ိမုတ္တသ္မိံ ၀ိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

-မြန်မာပြန်-

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့ ၏၊ ၀ိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိ ဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

( ပဉ္စ၀ဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ )

ဣဒမဝေါစ ဘဂ၀ါ၊ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စ၀ဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ၀ိမုစ္စိံသူတိ။

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။

-မြန်မာပြန်-

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။



၇ - အနတ္တလက္ခဏသုတ်၊ ဥပယ၀ဂ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

အနတ္တ လက္ခဏာ

အနတ္တ လက္ခဏာသုတ်၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်၊ ဝိနည်းပိဋကတ်။

Monday, July 7, 2008

၃၈-ဖြာ မင်္ဂလာ လင်္ကာ-

ကြီးပွားချမ်းသာကြောင်း

မင်္ဂလာတရား ၃၈-ပါး

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃-ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း။
၂။ ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း။
၃။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်း။

နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး
၎။ သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ ရှေး၌ပြုဖူးသော ကုသိုလ်အထူးရှိခြင်း။
၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းရခြင်း။

သင်ကြားရေးမင်္ဂလာ ၄-ပါး
၇။ လောကီလောကုတ် အကြားအမြင်များခြင်း။
၈။ စက်မှုလက်မှုအတတ်တို့ကိုတတ်ခြင်း။
၉။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို နားလည်ခြင်း
၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။

ပြုစုရေးမင်္ဂလာ ၃-ပါး
၁၁။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။
၁၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ အနှောက်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။

လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး
၁၄။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း။
၁၇။ အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း။

ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး
၁၈။ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း။
၁၉။ မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း။
၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း။

စိတ်ထားရေးမင်္ဂလာ ၅-ပါး
၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း။
၂၃။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ ရောင့်ရဲလွယ်ခြင်း။
၂၅။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ သင့်လျော်သောအခါ၌ တရားနာခြင်း။

သည်းခံရေးမင်္ဂလာ ၄-ပါး
၂၇။ သည်းခံရခြင်း။
၂၈။ ဆုံးမလွယ်ခြင်း။
၂၉။ ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း။
၃၀။ သင့်လျော်သောအခါ၌ တရားဆွေးနွေးရခြင်း။

ခြိုးခြံရေးမင်္ဂလာ ၄-ပါး
၃၁။ ခြိုးခြံချွေတာခြင်း။
၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း။
၃၃။ သစ္စာလေးပါးကို သိခြင်း။
၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။

စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါး
၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း။
၃၆။ မစိုးရိမ်ခြင်း။
၃၇။ ကိလေသာမြူကင်းခြင်း။
၃၈။ ဘေးကင်းခြင်း။

အကုသိုလ်ဖြတ် ကုသိုလ်မြတ် ခေါ်အပ်မင်္ဂလာ။
တိုးတက်ကြီးပွား ဤတရား မှတ်သားမင်္ဂလာ။

မေတ္တာထားရ ကျိုးဖလ-

မေတ္တာထားရ ကျိုးဖလ-

ချမ်းသာအိပ်,နိုး၊ ကောင်းကျိုးမက်မြင်၊
နတ်,လူစောင့်ရှောက်၊ မျက်မှောက်ချစ်ခင်၊
အဆိပ်လက်နက်၊ နှိပ်စက်မထင်၊
စိတ်ကြည်လှ ကြည်မြ မျက်နှာသွင်၊
တစ်ပါးဘဝ၊ သွားရခါဝယ်၊
တွေဝေလွတ်ကင်း၊ သန့်ရှင်းလို့ရယ်၊
ဗြဟ္မာနန်းသို့၊ လှမ်းလို့တကယ်၊
ဆယ့်တစ်မျိုး အကျိုးမှတ်လိုက်ကွယ်။

မူရင်းသုတ်တော်-

၅- မေတ္တာသုတ်
၁၅။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှု တည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အကျိုးအာနိ သင် တစ်ဆယ့်တစ်မျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု)မျှော်လင့်နိုင်ကုန်၏။

အဘယ် ၁၁-မျိုးတို့နည်းဟူမူ-

ချမ်းသာစွာ အိပ်ရ၏။
ချမ်းသာစွာ နိုးရ၏။
အိပ်မက်ဆိုးကို မမြင်မက်။
လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
နတ်, သားရဲ, ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
နတ်တို့စောင့်ရှောက်ကုန်၏။
မီး အဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။
လျင်မြန်စွာ စိတ်တည်ကြည်၏။
မျက်နှာအဆင်း အထူးကြည်လင်၏။
မတွေမဝေ သေရ၏။
မဂ်ဖိုလ်ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာပြည်သို့ လားရ၏။

ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများ အပ် ကြိမ်ဖန်များစွာပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည် စေအပ် လေ့လာအပ် ကောင်းစွာအားထုတ်အပ်သည်ရှိသော် ဤတစ်ဆယ့်တစ်ပါး သော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏ဟု (မိန့် တော်မူ၏)။

ပဉ္စမသုတ်။
မေတ္တာသုတ်၊ အနုဿတိဝဂ်၊ အင်္ဂုတ္ထိုရ်။

Sunday, July 6, 2008

ဘဝလက်ကျန် အချိန်ဇယားလေး-

ကံကောင်းထောက်မ၍ ၇၅-နှစ်ထိနေရမည့် သူများ၏ လက်ကျန်သက်တမ်းလေး ???

ရခဲလှသောလူ့ဘဝတွင် ကံကောင်း၍ ကျန်နေမည့် လက်ကျန်အချိန်ကို
မမေ့မလျော့သော သတိတရားနှင့် ထိရောက်အကျိုးရှိစွာ အသုံးပြုကြပါစို့။

မရဏံ မေ ဘဝိဿတိ။
မရဏမင်း သူလက်တွင်းသို့၊
သက်ဆင်းရမှာ မလွဲသာသည်၊
သူငါကြုံရ သဘာဝမို့၊
ဤငါ့တွက်တာ တစ်နေ့ခါ၊
သေမှာမလွဲပါတကား။

ဘဝလက်ကျန် အချိန်ဇယား
မိမိနေရမည့် လက်ကျန်ရက်ကို မှန်းကြည့်ကြရအောင်....



လက်ရှိအသက်၊ သုံးခဲ့ပြီး ရက်ပေါင်း၊ ၇၅-နှစ် မတိုင်မှီ လက်ကျန်ရက်ပေါင်း။
၂ဝ-နှစ်၇၃ဝဝ-ရက်၂ဝဝ၇၅-ရက်
၂၅-နှစ်၉၁၂၅-ရက်၁၈၂၅ဝ-ရက်
၃၀-နှစ်၁ဝ၉၅ဝ-ရက်၁၆၄၂၅-ရက်
၃၅-နှစ်၁၂၇၇၅-ရက်၁၄၆ဝဝ-ရက်
၄၀-နှစ်၁၄၆ဝဝ-ရက်၁၂၇၇၅-ရက်
၄၅-နှစ်၁၆၄၂၅-ရက်၁ဝ၉၅ဝ-ရက်
၅၀-နှစ်၁၈၂၅ဝ-ရက်၉၁၂၅-ရက်
၅၅-နှစ်၂ဝဝ၇၅-ရက်၇၃ဝဝ-ရက်
၆၀-နှစ်၂၁၉ဝဝ-ရက်၅၄၇၅-ရက်
၆၅-နှစ်၂၃၇၂၅-ရက်၃၆၅ဝ-ရက်
၇၀-နှစ်၂၅၅၅ဝ-ရက်၁၈၂၅-ရက်
၇၅-နှစ်၂၇၃၇၅-ရက်??????- ရက်


သင်၏လက်ကျန်အချိန်ကို ဘယ်လိုသုံးကြမည်နည်း ???....

ဗုဒ္ဓဝင်အကျဉ်း-

ဗုဒ္ဓဝင်အကျဉ်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဂေါတမဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။

၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ် တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်သော်လည်း သံသရာ၌ နစ်မွန်း ပျော်ပါးနေကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားတော်မူလှသဖြင့် ရယူတော်မမူခဲ့ပေ။

၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေသန္တရာမင်းဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝတို့၌...
* ဒါနပါရမီ၊ ရွှေ ငွေ ဆင် မြင်းစသည် လှူဒါန်းခြင်း။
* ဒါနဥပပါရမီ၊ ခြေ လက် နား နှာခေါင်း စသည်လှူဒါန်းခြင်း။
* ဒါနပရမတ္ထပါရမီ၊ ကိုယ့်အသက်ကိုလှူဒါန်းခြင်းစသော
ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၎။ ထို့ပြင် အလွန်စွန့်နိုင်ခဲစွာသော-
* ဓနပရိစ္စာဂ၊ ပဒေသရာဇ် ဧကရာဇ် စကြာမင်းစည်းစိမ်ကို စွန့်ခြင်း။
* ပုတ္တပရိစ္စာဂ၊ သားသမီးကို စွန့်ခြင်း။
* ဘရိယပရိစ္စာဂ၊ မယားကို စွန့်ခြင်း။
* အင်္ဂပရိစ္စာဂ၊ ခြေ လက် နား နှာခေါင်း စသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း။
* ဇီဝိတပရိစ္စာဂ၊ ကိုယ်အသက်ကိုစွန့်ခြင်းဟု ဆိုအပ်သော
စွန့်ခြင်းကြီးငါးပါးကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

၅။ ဤသို့ ဘဝများစွာ သံသရာ တစ်လျှောက်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတ ကေတု နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်နေစဉ် စကြာဝဠာတိုက်တစ် သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည်၊ ''ဘုရားဖြစ် ချိန်တန်ပါပြီ လူ့ပြည်သို့ဆင်း၍ ဘုရား ဖြစ်တော်မူပါ''ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြလေသည်။

၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်-
* ကာလ၊ ဘုရားဖြစ်ရာ အချိန်ကာလ။
* ဒီပ၊ ဘုရားဖြစ်ရာ ကျွန်းအရပ်။
* ဒေသ၊ ဘုရားဖြစ်ရာ အရပ်ဒေသ။
* ကုလ၊ ဘုရားဖြစ်ရာ အမျိုးအနွယ်။
* မာတုအာယုပရိစ္ဆေဒ၊ ဘုရားအလောင်း မယ်တော်၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုတော်မူလေသည်။

၇။ ယင်းသို့ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဓန မင်းကြီး၏ တောင်ညာဒေဝီ မိဖုရားကြီး မယ်တော်မာယာ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေလေ သည်။

၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့် သောကြာနေ့၌ ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြားရှိ လုဗ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာမှ မီးရူးသန့်စင် ဖွားမြင်တော်မူလေသည်။

၉။ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသားသည် ၁၆-နှစ်အရွယ် ရောက်သော အခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ၁၃-နှစ် တိတိ ခံစားလေသည်။

၁ဝ။ ၂၉-နှစ်အရွယ်ရောက်သောအခါ သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။

၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော (မှားယွင်းသော) ဒုက္ခရ စရိယာ အကျင့်ကို ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။

၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွ သွားတော်မူလေသည်။

၁၃။ သောတ္ထိယငစင် မြက်ထမ်းသမား မြက်ရိတ်လုလင်သည် မဟာဗောဓိ ပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။

၁၄။ ဘုရားအလောင်းတော်မြတ်သည် လှူဒါန်းလိုက်သော မြက်ရှစ်ဆုပ်ကို ကြဲ ဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပ ရာဇိတပလ္လင် ဖြစ်လာလေသည်။

၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ နေတော်မူစဉ်-
* နေမဝင်မီ ဒေဝပုတ္တမာရ် မာရ်နတ်ရန်ကို အောင်မြင်တော်မူသည်။
* ညဥ့်ဦးယံတွင် ရှေးဘဝတို့၌ ဖြစ်ခဲ့ဘူးသော ဘဝအစဉ်အဆက်ကို အောက်မေ့ တတ်သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
* သန်းခေါင်ယံ၌ သတ္တဝါတို့၏ ဤဘဝမှ သေဆုံးခြင်း နောက်ဘဝ ပဋိသန္ဓေ နေခြင်း စသည်တို့ကို မြင်တတ်သော နတ်တို့၏မျက်စိထက် ထူးခြားသော ဒိဗ္ဗ စက္ခုဉာဏ်ကို ရတော်မူလေသည်။
* မိုးသောက်ယံ၌ အာသဝေါတရား ၄-ပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော အာသ ဝက္ခယဉာဏ်ကို ရတော်မူလေသည်။
*သက်တော် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁ဝ၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်၌ လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညုတဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။

၁၆။ သဗ္ဗညုတဘုရားရှင်သည် ဘုရားဖြစ်ပြီးသည်နောက် ၄၅-ဝါ (၄၅-နှစ်) ပတ် လုံး တရားဓမ္မတို့ကို ဟောပြတော်မူကာ၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အကျိုး စီးပွားကို ဆောင်ရွက်တော်မူခဲ့ လေသည်။

၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက် တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော် ၈ဝ-အရွယ် ရောက်သော အခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူလေသည်။

၁၈။ ကြွင်းကျန်ခဲ့သောဓာတ်တော်များမှာ
* စွယ်တော် ၄-ဆူ၊
* ညှပ်ရိုးတော် ၂-ဆူ၊
* နဖူးသင်းကျစ်တော် ၁-ဆူ၊ (မပြိုမကွဲ သောဓာတ်တော် ၇-ဆူ) နှင့်၊
* အသားတော် အသွေးတော် အရိုးတော်တို့မှ ဓာတ်တော်များ
ကြွင်းကျန် ခဲ့လေသည်။

Saturday, July 5, 2008

ဝသလသုတ်မှ-သူယုတ်မာဖြစ်ကြောင်းတရားများ-

ဝသလသုတ်တော်မှ

''သူယုတ်မာဖြစ်ကြောင်းတရားများ''

၁။ အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတပါးဂုဏ်ကျေးဇူးကို ခြေဖျက်သူ၊ မိစ္ဆာဒိဋ္ဌိအယူ ရှိသူ၊ မိစ္ဆာဒိဋ္ဌိအယူသို့ ကူးပြောင်းသူနှင့် မိမိအပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့ သည် သူယုတ်မာ ဖြစ်၏။
၂။ သတ္တဝါတို့အား သနားကြင်နာ မှုမရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။
၃။ မြို့ရွာတို့ကို တိုက်ခိုက်ဖျက်စီးသူသည် သူယုတ်မာဖြစ်၏။
၎။ သူတပါးအကြွေးကို ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။
၅။ သူတပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။
၆။ လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။
၇။ မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။
၈။ သူတပါးသားမယားကို ပြစ်မှားကျူးလွန်သူသည် သူယုတ်မာဖြစ်၏။
၉။ အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။
၁ဝ။ မိဘ ညီအကိုမောင်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက် ညှဉ်းဆဲ နေသူသည် သူယုတ်မာဖြစ်၏။
၁၁။ သူတပါးက အကျိုးစီးပွား ရှိရာ ရှိကြောင်းကို မေးပါလျက် အကျိုး မဲ့ကိုပြော သူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကိုမေးပါသော်လည်း မေးသူမသိနိုင် အောင်ပြောသူသည် သူယုတ်မာဖြစ်၏။
၁၂။ မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တပါးသူမသိအောင် ဖုံး ကွယ်ထားသူသည် သူယုတ်မာဖြစ်၏။
၁၃။ သူတပါးအိမ်သို့ သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့် အခါမူ ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။
၁၄။ ဖိတ်ကြားဝန်ခံထားသူ အလှူ ခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းဘဲ လှည့်ပတ် နေသူသည် သူယုတ်မာ ဖြစ်၏။
၁၅။ ဆွမ်းခံလာသော ရဟန်းကို ဆွမ်းမလောင်းဘဲ ကြမ်းတမ်းစွာ ပြောဆို သူသည် သူယုတ်မာဖြစ်၏။
၁၆။ သူတပါး၏ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ် ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
၁၇။ မိမိကိုယ်ကို ဂုဏ်တင်မြှောက်စားပြီး သူတပါးကို နှိမ့်ချပြောဆိုသူသည် သူ ယုတ်မာဖြစ်၏။
၁၈။ သူတပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတပါး တို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာမရှိသော ဂုဏ်သိက္ခာ ဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာမရှိသောဂုဏ်ကို ရှိလေဟန် ဆောင်သူ နှင့် မကောင်းမှုကိုပြုရန် မရှက်မကြောက်သူသည် သူယုတ်မာဖြစ်၏။
၁၉။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်သူများကို ရှုတ်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။
၂ဝ။ ရဟန္တာ မဟုတ်ပါဘဲလျက် ရဟန္တာဟု ဝန်ခံသူသည် လောက၌ အယုတ်မာ ဆုံးဖြစ်၏။

ဝသလသုတ်။

Friday, July 4, 2008

သြ၀ါဒ ပါတိမောက်-

ဘုရားရှင်တိုင်း ဆုံးမတော်မူခဲ့သော တရားတော်
သြ၀ါဒ ပါတိမောက်

၁။ လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊ သည်းခံခြင်းတရားသည်၊ မြတ်သော အကျင့်မည်၏၊ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့သည် ဟောတော်မူကုန်၏၊ ရဟန်းသည် သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည် မဟုတ်နိုင် မဖြစ်နိုင်၊ သူတစ်ပါးကို ညှဉ်းဆဲသူသည် ရဟန်း မဟုတ်နိုင်ချေ။

၂။ အလုံးစုံသော မကောင်းမူကို မပြုခြင်းလည်းကောင်း၊ ကုသိုလ်ကို ပြည့်စုံစေ ခြင်းလည်းကောင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်းလည်းကောင်း၊ ဤတရားသုံးပါး သည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၃။ သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊ ၂၂၇-သွယ် သိက္ခာပုဒ်တော်တည်းဟူသော ပါတိမောက်ကို စောင့်ထိန်းခြင်း လည်းကောင်း၊ ဆွမ်း အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊ ဆိတ်ငြိမ်၍ အစွန်အဖျားကျသော ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်းလည်း ကောင်း၊ စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌ လုံ့လ အားထုတ်ခြင်း လည်းကောင်း၊ ဤအလုံးစုံသည် ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၂။ သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၃။ အနုပဝါဒေါ အနုပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ။
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။

၁။ တိတိက္ခာ- လွန်လွန်ကဲကဲ အမြဲသီးခံခြင်းဟူသော၊
ခန္တီ- သည်းခံခြင်းတရားသည်၊
ပရမံ- မြတ်သော၊
တပေါ- အကျင့်မည်၏၊
နိဗ္ဗာနံ- နိဗ္ဗာန်ကို၊
ပရမံ- အမြတ်ဆုံးဟူ၍၊
ဗုဒ္ဓါ- ဘုရားရှင်တို့သည်၊
ဝဒန္တိ- ဟောတော်မူကုန်၏၊
ပဗ္ဗဇိတော- ရဟန်းသည်၊
ပရူပဃာတီ- သူတစ်ပါးကိုညှဉ်းဆဲလေ့ရှိသည်၊
နဟိ- မဟုတ်နိုင် မဖြစ်နိုင်၊
ပရံ- သူတစ်ပါးကို၊
ဝိဟေဌယန္တော- ညှဉ်းဆဲသူသည်၊
န သမဏော ဟောတိ- ရဟန်း မဟုတ်နိုင်ချေ။

၂။ သဗ္ဗပါပဿ- အလုံးစုံသော မကောင်းမူကို၊
အကရဏံ- မပြုခြင်းလည်းကောင်း၊
ကုသလဿ- ကုသိုလ်ကို၊
ဥပသမ္ပဒါ- ပြည့်စုံစေခြင်းလည်းကောင်း၊
သစိတ္တ ပရိယောဒပနံ- မိမိစိတ်ကိုဖြူစင်စေခြင်းလည်းကောင်း၊
ဧတံ- ဤတရားသုံးပါးသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

၃။ အနုပဝါဒေါ- သူတစ်ပါးအပေါ် မစွပ်စွဲခြင်းလည်းကောင်း၊
အနုပဃာတော- ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း၊
ပါတိမောက္ခေစသံဝရော- ၂၂၇-သွယ် သိက္ခာပုဒ်တော် တည်းဟူသော ပါတိ မောက်ကို စောင့်ထိန်းခြင်းလည်းကောင်း၊
ဘတ္တသ္မိံ- ဆွမ်း အစာအာဟာရ၌၊
မတ္တညုတာစ- အတိုင်းအရှည်ကို သိခြင်းလည်းကောင်း၊
ပန္တံ- ဆိတ်ငြိမ်၍ အစွန်အဖျားကျသော၊
သယနာသနံ- ကျောင်းအိပ်ယာနေရာ၌ နေထိုင်ခြင်း လည်းကောင်း၊
အဓိစိတ္တေ- စိတ်တည်ငြိမ်မှု သမာဓိရရှိခြင်း၌၊
အာယောဂေါ- လုံ့လ အားထုတ်ခြင်းလည်းကောင်း၊
ဧတံ- ဤအလုံးစုံသည်၊
ဗုဒ္ဓါနံ- ဘုရားရှင်တို့၏၊
သာသနံ- အဆုံးအမတော်ပေတည်း။

ဘာကြောင့်သီလခေါ်-

သီလ

ဘာကြောင့်သီလခေါ်

၁။ ဦးခေါင်းနှင့်တူသော မြတ်သော အနက်ကြောင့် သီလခေါ်ပါသည်။
၂။ ငြိမ်းချမ်းအေးမြသော သဘောကြောင့် သီလခေါ်ပါသည်။
၃။ ကာယကံ ဝစီကံတို့ကို ကောင်းစွာထားခြင်းကြောင့် သီလခေါ်ပါသည်။
၎။ ကုသိုလ်တရားတို့၏ တည်ရာ အနက်ကြောင့် သီလခေါ်ပါသည်။
၅။ အကုသိုလ်တရားတို့ အိပ်စက်ခြင်း အနက်ကြောင့် သီလခေါ်ပါသည်။
၆။ သူတော်ကောင်းများ မှီဝဲအပ်သော အနက်ကြောင့် သီလခေါ်ပါသည်။
၇။ အကုသိုလ်တရားကို တုန်လှုပ်စေတတ်သောကြောင့် သီလခေါ်ပါသည်။
၈။ အကုသိုလ်တရား မဖြစ်ပွါးအောင် စောင့်စည်းတတ်တဲ့ အနက်ကြောင့် သီလခေါ်ပါသည်။
၉။ သူတော်ကောင်းတို့ သန္တာန်မှာ ဖြစ်တတ်သောကြောင့် သီလခေါ်ပါသည်။
၁ဝ။ ကုသိုလ်တရားတို့ နားခိုရာ အိမ်ဇရပ်နှင့်တူသော အနက်ကြောင့် သီလခေါ်ပါသည်။
၁၁။ ကာယကံ ဝစီကံတို့ကို ကောင်းစွာထားခြင်း၊ ကုသိုလ်တရားတို့၏ တည်ရာအဖြစ်ဖြင့် ကုသိုလ်တရားများကို လွန်စွာဆောင်တတ်သောကြောင့် သီလခေါ်ပါသည်။

ဆောင်ပုဒ်ကဗျာ

ဦးခေါင်းပုံဟပ် ထွတ်မြတ်တစ်သွယ်၊
အပူမသန်း အေးချမ်းတကယ်။
ကောင်းစွာထား၍ တရားတည်တယ်၊
ဤအတ္ထ သီလအနက်ချယ်။

ဒုစရိုက်ပျက် အိပ်စက်တစ်တန်၊
သူတော်အမြဲ မှီဝဲအမှန်။
အကုသိုလ်ယုတ် တုန်လှုပ်မခံ၊
စောင့်ဆည်းရ သီလအနက်ပြန်။

သူတော်မှာဖြစ် နှောင်ရစ်ကုသိုလ်၊
ကုသိုလ်တရား ဝင်နားရောက်ခို။
အိမ်ဇရပ်နှင့် ထင်ဟပ်တူသကို၊
ဤအတ္ထ သီလအနက်ဆို။

သီလ၏ လက္ခဏရသပစ္စုပဋ္ဌာန်ပဒဋ္ဌာန် တို့ကို
မသိလျှင် အန္ဓပုထုဇဉ်။
သိလျှင် ကလျာဏပုထုဇဉ်။

လက္ခဏ= အမှတ်အသား။
ရသ= အရသာ၊ ကိစ္စ၊ အကျင့်၊ သာယာခြင်း၊ သဘော။
ပစ္စုပဋ္ဌာန်= ဉာဏ်၌ရှေ့ရှုထင်ခြင်း။
ပဒဋ္ဌာန်= နီးစွာသောအကြောင်း။

မချစ်အပ်သူ မမြတ်နိုးအပ်သူ-

* ဤတရား ၅-မျိုးနှင့် ပြည့်စုံသောသူသည်
မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ ဖြစ်၏။

စွဲမက်ဖွယ် အာရုံ၌ စွဲမက်သူ။
ပြစ်မှားဖွယ် အာရုံ၌ ပြစ်မှားသူ။
တွေဝေဖွယ် အာရုံ၌ တွေဝေသူ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်ထွက်သူ။
ယစ်မူးဖွယ် အာရုံ၌ ယစ်မူးသူ။

* ဤတရား ၅-မျိုးနှင့် ပြည့်စုံသောသူသည်
ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ ဖြစ်၏။


စွဲမက်ဖွယ် အာရုံ၌ မစွဲမက်သူ။
ပြစ်မှားဖွယ် အာရုံ၌ မပြစ်မှားသူ။
တွေဝေဖွယ် အာရုံ၌ မတွေဝေသူ။
အမျက်ထွက်ဖွယ် အာရုံ၌ အမျက်မထွက်သူ။
ယစ်မူးဖွယ် အာရုံ၌ မယစ်မူးသူ။

အင်္ဂုတ္တိုရ်၊ ထေရဝဂ်၊ ရဇနီယသုတ်။

သံဝေဂ=(သံ+ဝိဇီ+ဏ) ထိတ်လန့်ခြင်း-

သံဝေဂ=(သံ+ဝိဇီ+ဏ) ထိတ်လန့်ခြင်း

သံသရာဝဋ်ဒုက္ခ စသည်တို့မှ ထိတ်လန့်ကြောက်ရွံ့ခြင်း။
သံဝေဂဝတ္ထု ၈-ပါးမှာ

၁။ ဇာတိဒုက္ခမှ ကြောက်ရွံ့ခြင်း။
၂။ ဇရာဒုက္ခမှ ကြောက်ရွံ့ခြင်း။
၃။ ဗျာဓိဒုက္ခမှ ကြောက်ရွံ့ခြင်း။
၎။ မရဏဒုက္ခမှ ကြောက်ရွံ့ခြင်း။
၅။ အပယ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၆။ အတိတ်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၇။ အနာဂတ်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။
၈။ ပစ္စုပ္ပန်၌ဖြစ်သော ဝဋ်ဒုက္ခမှ ကြောက်ရွံ့ခြင်း။

ကြောက်ရွံ့ခြင်း ၄-မျိုး

စိတ္တုတြာသသံဝေဂ= ဒေါသစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
သြတ္တပ္ပသံဝေဂ= သြတ္တပ္ပစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
ဉာဏသံဝေဂ= သြတ္တပ္ပနှင့်တကွ ပညာစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။
ဓမ္မသံဝေဂ= အမောဟစေတသိက် တရားကိုယ်ရှိသော ကြောက်ရွံ့ခြင်း။

သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါး-

သမ္ပဒါ(ပြည့်စုံခြင်း)တရား ၄-ပါး

၁။ ဥဋ္ဌာနသမ္ပဒါ= ထကြွလုံ့လရှိခြင်း။
၂။ အာရက္ခသမ္ပဒါ= လုံခြုံစွာ သိမ်းဆည်းစောင့်ရှောက်တတ်ခြင်း။
၃။ ကလျာဏသမ္ပဒါ= မိတ်ဆွေကောင်းရှိခြင်း။
၎။ သမဇီဝိတသမ္ပဒါ= အဝင်အထွက် မျှတသော အသက်မွေးမှုရှိခြင်း။

၁။ ဥဋ္ဌာနသမ္ပဒါ-
အလုပ်ဆိုင်ရာ၊ ကျွမ်းကျင်စွာဘိ၊
ပညာရှိ၍၊ ဝီရိယဇွဲ၊ သတ္တိခဲနှင့်၊
ကိုယ်လဲလုပ်တတ်၊ စီမံတတ်မှ၊
ဥဋ္ဌာန၊ မည်ရ သမ္ပဒါ။

၂။ အာရက္ခသမ္ပဒါ-
ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊
မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊
မပျက်ပြားလတ်၊ စောင့်ရှောက်တတ်မှ၊
အာရက္ခ၊ မည်ရ သမ္ပဒါ။

၃။ ကလျာဏသမ္ပဒါ-
သဒ္ဓါ သီလ၊ စာဂ ပညာ၊
လေးဖြာစုံတောင်း၊ မိတ်ဆွေကောင်းနှင့်၊
ပေါင်း၍အတု၊ ကိုယ်လဲပြုမှ၊
ကလျာဏမိတ္တ ပြည့်စုံသည်။

၎။ သမဇီဝိတသမ္ပဒါ-
စားဝတ်နေပုံ၊ နေ့စဉ်ခြုံလျက်၊
အကုန်အရ၊ နှိုင်းချိန်ဆသော်၊
အရဘက်က၊ သာစေမှ၊
သမ ဇီဝိတခေါ်။