နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 14, 2009

ဤရဟန်းမျိုးသည် မချစ်အပ်သူသာဖြစ်၏...

ဤရဟန်းမျိုးသည် မချစ်အပ်သူသာဖြစ်၏...



အဿဒ္ဓသုတ် - (သာယာခြင်း၊ အရုံခံစားခြင်း၊ ချိုမြိန်ခြင်း)

ရဟန်းတို့
တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည်
သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ
နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။


အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' တရား မရှိ။
၂... မကောင်းမှုမှ မရှက်တတ်။
၃... မကောင်းမှုမှ မကြောက်ရွံ့တတ်။
၎... ပျင်းရိ၏။
၅... ပညာမရှိ။


ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ နှလုံးကို မပွါးစေတတ်သူ ဖြစ်၏။ 94

၎ - အဿဒ္ဓသုတ်၊ ထေရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: