ပါပဘိက္ခုသုတ် - (ပါပ= မကောင်းသော၊ ယုတ်သော၊ သူယုတ်မာ)
ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်းပြိတ္တာကို မြင်ရ၏၊ ထိုရဟန်းပြိတ္တာ၏ ဒုကုဋ်, သပိတ်, ခါးပန်းကြိုး, ကိုယ်တို့သည် ပြောင်ပြောင် တောက်လောင်ကုန်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ အလျှံထ၏၊ ထိုရဟန်းပြိတ္တာသည် နာကျင်သော အသံကို ပြု၏။
ငါ့သျှင် ထိုငါ့အား ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာ ဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အလျှံထ၍ မီးလောင်နေသူဟု ရှိရတုံဘိ၏ ဟု အကြံ ဖြစ်ခဲ့ပါသည် ဟု ပြောဆို၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ် အမြင်ရှိသည် ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝကစင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။
ရဟန်းတို့ ရှေးကပင် ထိုသတ္တဝါကို ငါ မြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏။
ရဟန်းတို့ ဤရဟန်းသည်...
ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းယုတ် ဖြစ်ခဲ့ဖူးပြီ။ 218
၇ - ပါပဘိက္ခုသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
No comments:
Post a Comment