နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, July 25, 2009

သံယောဇဉ် ဆယ်ပါးမှ လွတ်ရန် အလို့ငှါ ကျင့်ရာ၏...



အန္ဓကဝိန္ဒသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း အန္ဓကဝိန္ဒရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ လွင်တီးခေါင်၌ နေတော်မူသည် ဖြစ်၍ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အန္ဓကဝိန္ဒ တစ်ရွာလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏-

ရဟန်းသည် အစွန်အဖျားကျသော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲရာ၏၊ သံယောဇဉ် ဆယ်ပါးမှ လွတ်ရန် အလို့ငှါ ကျင့်ရာ၏၊ ထိုကျောင်းအိပ်ရာ နေရာ၌ မွေ့လျော်ခြင်းကို အကယ်၍ မရသည် ဖြစ်အံ့၊ စောင့်ရှောက်သော ကိုယ်စိတ် ရှိသည် ဖြစ်၍ သတိနှင့်ပြည့်စုံလျက် သံဃာ့ဘောင်၌ နေရာ၏။

ဣနြေ္ဒကို စောင့်ရှောက်ကာ ရင့်ကျက်သော ပညာ, သတိနှင့်ပြည့်စုံသည်ဖြစ်၍ အိမ်တိုင်း အိမ်တိုင်းသို့ ဆွမ်းခံ လှည့်လည်သော ရဟန်းသည် ဝဋ်ဆင်းရဲဘေးမှ လွတ်လိုသော စိတ်ရှိသည်ဖြစ်၍ ဘေးကင်းရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းလျက် အစွန် အဖျားကျသော ကျောင်းတို့ကို မှီဝဲရာ၏။

အကြင်အရပ်၌ (ခြင်္သေ့, သစ်ကျား, သစ်ငုတ်စသော) ကြောက်မက်ဖွယ် ဘေးရန်တို့သည် လည်းကောင်း၊ မြွေတို့သည် လည်းကောင်း ရှိကုန်၏။ အလွန်မှောင်မိုက်သော ညဥ့်၌ လျှပ်စစ်ပြက်၏၊ မိုးထစ်ချုန်း၏၊ ထိုအရပ်၌ ရဟန်းသည် ကြက်သီးမွေးညင်း ထခြင်း ကင်းသည် ဖြစ်၍ နေ၏။

ဤစကားကို အကျွန်ုပ်သည် တစ်ဆင့်ကြားဖြင့် စိတ်ကူး၍ ပြောသည်မဟုတ်၊ သေခြင်းသဘောကို စွန့်ပြီးဖြစ်သော ရဟန္တာ တစ်ထောင့်ငါးရာကျော်, အပါယ် သို့လားမည် မဟုတ်သော သောတာပန် သေက္ခပုဂ္ဂိုလ် တစ်ရာ့တစ်ဆယ် အားလုံးတို့သည် တစ်ခုသော တရားဒေသနာပွဲ၌ပင် ရှိနေသည်ကို စင်စစ် အကျွန်ုပ်ကိုယ်တိုင် မြင်ရပါ၏။

ဤမှတစ်ပါးသော ဤသတ္တဝါအပေါင်းကား ဝိဝဋ္ဋနိဿိတ ကုသိုလ်ကောင်းမှုအဖို့ ရှိ၏ ဟု အကျွန်ုပ်၏ စိတ်ဖြင့် ရေတွက်ခြင်းငှါ မတတ်နိုင်ပါ၊ အကြောင်းသော်ကား မုသာဝါဒမှ ကြောက်သောကြောင့်ပါတည်း ဟု လျှောက်၏။
184

၃ - အန္ဓကဝိန္ဒသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဝိဝဋ္ဋ= ဝဋ်ကင်းသည်
နိဿိတ=မှီအပ်သည်



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: