နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, July 2, 2009

လှံဖြင့် အထိုးခံရသူကဲ့သို့ လည်းကောင်း…

ဝါသုဒတ္တသုတ်

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်
ဝါသုဒတ္တနတ်သားသည်
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏

လှံဖြင့် အထိုးခံရသူကဲ့သို့ လည်းကောင်း…
ဦးခေါင်း၌ မီးလောင်ခံရသူကဲ့သို့ လည်းကောင်း…
ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု 'ရာဂ'ကို ပယ်ရန်
သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏'' ဟု လျှောက်၏။

လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း…
ဦးခေါင်း၌ မီးလောင်းခံရသူ ကဲ့သို့ လည်းကောင်း…
ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌
အမြင်မှားမှု 'သက္ကာယဒိဋ္ဌိ'ကို ပယ်ရန်
သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏ ဟု မိန့်တော်မူ၏။92


၆ - ဝါသုဒတ္တသုတ်၊ အနာထပိဏ္ဍိက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



No comments: