နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, April 6, 2008

ဝေးကွာခြင်း၊ သုဝိဒူရသုတ်-

ဝေးကွာခြင်း-

ကောင်းကင်နှင့် မြေကြီးသည် ဝေးကွာ၏။
သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းသည် ဝေး၏။
နေထွက်ရာအရပ်နှင့် နေ၀င်ရာအရပ်သည်လည်း ဝေး၏။
သူတော်ကောင်းတို့နှင့် သူယုတ်မာတို့သည်ကား အလွန့်အလွန် ဝေး၏။
သူတော်ကောင်းတို့နှင့် ပေါင်းဖေါ်ခြင်းသည် မပျက်စီးသော သဘောရှိ၏။
သူယုတ်မာတို့နှင့် ပေါင်းဖေါ်ခြင်းသည် လျင်စွာပျက်စီး၏။
ထို့ကြောင့် သူတော်ကောင်းတို့၏တရားသည် သူယုတ်မာတို့မှ ဝေးသတည်း။

စတုက္ကနိပါတ်၊ သုဝိဒူရသုတ်။

No comments: