ကာမဂုဏ် အမဲရိုး-
အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ ယူ၏။ အထပ်ထပ် အခါခါလှီးယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်ခြစ်၍ ယူ၏။ အထပ်ထပ် အခါခါခြစ်၍ ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။
အမဲသားစားရနိုးဖြင့် စောင့်မျှော်နေသော ခွေးတစ်ကောင်သည် ထို အမဲဖျက်သူအနီး၌ ရှိနေ၏။
အမဲဖျက်သူသည် အသားမရှိသော အမဲရိုးကို စောင့်စားငံ့လင့်လျက်ရှိသည့် ခွေးအား ပစ်ပေးလိုက်လေသည်။ ထိုခွေးသည် သွေးနံ့ကို မက်မောစွာဖြင့် အမဲရိုးကို လျှာဖြင့် လျက်လေ၏။
ထိုခွေးသည် ဆာလောင်မွတ်သိပ်ခြင်း မပျောက်သည်သာတည်း။ စားချင်သော အလိုဆန္ဒ မပြည့်နိုင်သည်သာတည်း။
အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော ကာမဂုဏ်တို့သည် အမဲရိုးနှင့် တူကုန်၏။
သတ္တ၀ါတို့သည် ထိုကာမဂုဏ်တို့ဖြင့် အားရ တင်းတိမ်ခြင်း မရှိနိုင်။ အလိုဆန္ဒ ပြည့်စုံပြီဟူ၍ မရှိနိုင်။ ဆားရေသောက်သူသည် သောက်လေ ငတ်လေ၊ ငတ်မပြေနိုင် သကဲ့သို့တည်း။
No comments:
Post a Comment