နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 3, 2008

အရိယ သာဝတ္ထိ ဂါထာတော်-

အရိယ သာဝတ္ထိ ဂါထာတော်-

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

စာတစ်ကြောင်း အက္ခရာ ၈-လုံးစီပါရှိ၍ သုံးကြောင်းပေါင်း ၂၄-လုံးရှိသည်

ရွတ်ဖတ်ပူဇော်ခြင်းကြောင့်---

၁။ အများက ၀ိုင်းဝန်းဂုဏ်ပြု ချီးကျူးပူဇော်ခြင်း။
၂။ ဉာဏ်ပညာ ထက်မြက် လျင်မြန်ခြင်း။
၃။ လူအများသည် မိမိအလိုသို့ လိုက်ပါလာခြင်း။
၎။ စည်းစိမ်ချမ်းသာ တိုးတက်ခြင်း။
၅။ ရုပ်ရည် တစ်နေ့ထက်တစ်နေ့ လှပလာခြင်း။
၆။ လူအများ နှစ်သက်သဘောကြခြင်း။
၇။ မိတ်သင်္ဂဟ ပေါများခြင်း။
၈။ ဂုဏ်သတင်း ကျော်ကြား၍ နာမည်သတင်း မွှေးခြင်း။
၉။ အပါယ်လေးပါးကင်းခြင်း။

အဓိဋ္ဌာန်ပြီးစွဲစွဲမြဲမြဲရွတ်လျှင် အဆိုပါ အကျိုးထူးများကို လက်တွေ့ခံစားရပေမည်။

သာဝတ္ထိ= သဗ္ဗ+အတ္ထိ= အရာရာပြည့်စုံခြင်း။
ထို့ကြောင့် သာဝတ္ထိဂါထာဟု ခေါ်သည်။

No comments: